Business
မြန်မာနိုင်ငံက ၉ လတာကာလအတွင်း ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၂၁ သန်း ဝင်ငွေရရှိ
ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် လက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမ ၉ လတာကာလအတွင်း ရေထွက်ကုန်ပစ္စည်း ၄၂၀,၃၀၈ တန် တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၂၁ သန်း ရရှိခဲ့ကြောင်း မြန်မာအသံနှင့် ရုပ်မြင်သံကြားက ဇန်နဝါရီ ၁၅ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ပမာဏမှာ ယခင်ဘဏ္ဍာနှစ် အလားတူကာလက ရေထွက်ကုန်ပစ္စည်း တန်ချိန် ၃၄၅,၀၀၀ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၁၈ သန်း ဝင်ငွေရရှိမှုနှင့် နှိုင်းယှဉ်ပါက မြင့်တက်လာကြောင်း ငါးလုပ်ငန်းဦးစီးဌာနအား ကိုးကား၍ သတင်း၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ တိရစ္ဆာန်နှင့် ရေထွက်ကုန်ပစ္စည်းများ၊ သတ္တုတွင်းထွက်၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို ပြည်ပကုန်သွယ်ဖက်များဖြစ်သည့် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ စသည့်နိုင်ငံများထံ အဓိကတင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
Myanmar earns 521 mln USD from fishery exports in 9 months
YANGON, Jan. 15 (Xinhua) — Myanmar earned 521 million U.S. dollars from exporting 420,308 tons of fishery products in the first nine months of the current 2024-25 fiscal year starting April last year, state-run Myanmar Radio and Television (MRTV) reported on Wednesday.
This marks an increase compared to the same period last fiscal year, when the country earned 518 million dollars from exporting over 345,000 tons, the report said, citing the Department of Fisheries.
Myanmar’s fishery products were exported to more than 30 countries.
The country mainly exports agricultural, animal and fishery products, minerals, forestry products and manufactured goods to its foreign trade partners including China, Thailand, Bangladesh and India.
Photo 1: Workers sort fish at a fish wholesale market in Yangon, Myanmar, Sept. 1, 2022. (Photo by Myo Kyaw Soe/Xinhua)
Photo 2: Workers sort prawns to sell at a fish wholesale market in Yangon, Myanmar, Sept. 1, 2022. (Photo by Myo Kyaw Soe/Xinhua)