Media
မြန်မာနိုင်ငံတွင် နွေဦးပွဲတော် အထိမ်းအမှတ်ဈေးပွဲတော်များတွင် တရုတ်ယဉ်ကျေးမှုကို လေ့လာခံစားနိုင်
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နှစ်သစ်ကူးကာလ နီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်တန်းနှင့် ဈေးဝယ်စင်တာကြီးများတွင် အရောင်အသွေးတောက်ပလှသော အနီရောင် အဆင်တန်ဆာများဖြင့် အလှဆင်ယင်ထားသည်။ ယခုနှစ်တွင်မူ တရုတ်နှစ်သစ်ကူး ဈေးပွဲတော်ကို ခြင်္သေ့နှင့် နဂါးအကများ၊ ဖျော်ဖြေရေးအစီအစဉ် အများအပြား၊ ကလေးကစားကွင်းများ၊ အလှဓာတ်ပုံရိုက်ကူးရန်နေရာများ၊ ဈေးဆိုင်ခန်း အမြောက်အမြားတို့ဖြင့် ဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။ နှစ်သစ်ကူးကာလ နွေဦးပွဲတော် အထိမ်းအမှတ်ဈေးပွဲတော်များကို အဓိကဈေးဝယ်သူများပြား၍ အချက်အချာကျသော ဈေးဝယ်စင်တာကြီးများတွင် ကျင်းပလျက်ရှိရာ ဈေးဝယ်ရန်နှင့် တရုတ်ယဉ်ကျေးမှုကို တွေ့ကြုံခံစားရန် စိတ်အားထက်သန်လှသည့် အလွှာအသီးသီးမှ လာရောက်လည်ပတ်သူများကို ဆွဲဆောင်လျက်ရှိသည်။ (Xinhua)