Connect with us

Myanmar

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-ပြည်တွင်းမှထွက်ရှိသည့် ရော်ဘာကုန်ကြမ်းအသုံးပြု၍ ရော်ဘာအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးကို ဆောင်ရွက်သွားရမည် (၂၃/၁/၂၀၂၅-MRTV)
-နောင်တာလော ရေလယ်ကျွန်း သဲသောင်ပြင်ပေါ်တွင် ဆီထွက်သီးနှံ နေကြာခင်းများနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများအား ဆိုလာမြစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးထားလျက်ရှိ (၂၃/၁/၂၀၂၅-MRTV)
-၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း တနင်္သာရီတိုင်းဒေသကြီးတွင် မီးလောင်ကျွမ်းမှု အကြိမ်ရေ (၄)ကြိမ် ဖြစ်ပွားခဲ့ရာ လျှပ်စစ်မီး၊ ပေါ့ဆမီး၊ မီးဖိုမီးနှင့် တောမီးများ ဖြစ်ပွားခဲ့ (၂၃/၁/၂၀၂၅-MRTV)
-မန္တလေးမြို့ရှိ ရတနာပုံခေတ်လက်ရာရွှေနန်းတော်ကျောင်းကြီး ရှေးမူမပျက် ပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ (၂၃/၁/၂၀၂၅-MRTV)
-ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၁၄) ခုတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသည့် ပြည်တွင်းပြည်ပကုမ္ပဏီ (၁၇၄) ခုကို ချေးငွေကျပ် (၂၀၁၄ ဒသမ ၄၅၅) ဘီလီယံ ထုတ်ချေးပေးထားပြီး ၂၀၂၅ ခုနှစ် အတွင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့် MSME ကဏ္ဍတို့ကို ဦးစားပေးထုတ်ချေးပေးသွားမည် (၂၃/၁/၂၀၂၅-MRTV)
-မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မြန်မာ-တရုတ် နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေးထူထောင်မှု (၇၅)နှစ်ပြည့်ခြင်းကို ဂုဏ်ပြုသောအားဖြင့် မဟာမုနိဘုရားကြီးတွင် Solar လျှပ်စစ်မီး တပ်ဆင်လှူဒါန်းခြင်း အခမ်းအနားတက်ရောက် (၂၃/၁/၂၀၂၅-MRTV)
-ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် (၂၃/၁/၂၀၂၅-MOI)
-ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကွင်းဆင်းဆောင်ရွက် (၂၃/၁/၂၀၂၅-MOI)
-တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရသူများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် (၂၃/၁/၂၀၂၅-MOI)
-နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် (၂၃/၁/၂၀၂၅-MOI)
-မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပြင်ဦးလွင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု (၂၃/၁/၂၀၂၅-MOI)