Africa & Middle East
ပါလက်စတိုင်းများကို ဂါဇာနှင့် အနောက်ဘက်ကမ်းဒေသတို့မှ ရွှေ့ပြောင်းရန် ကြိုးပမ်းမှုကို အာရပ်နိုင်ငံများ ပယ်ချ
ပါလက်စတိုင်း ဒေသခံများကို ဂါဇာကမ်းမြောင်ဒေသနှင့် သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသတို့မှ နေရာရွှေ့ပြောင်းရန် ကြိုးပမ်းမှုမှန်သမျှကို ပယ်ချကြောင်း အီဂျစ်၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့နှင့် အာရပ်အဖွဲ့ချုပ်တို့က ဖေဖော်ဝါရီ ၁ ရက်၌ ပူးတွဲကြေညာချက် အလေးပေးထုတ်ပြန်ခဲ့သည်။
အီဂျစ်၊ ဂျော်ဒန်၊ ဆော်ဒီ၊ ကာတာနှင့် ယူအေအီးတို့မှ ထိပ်တန်းသံတမန်များအပြင် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့နှင့် အာရပ်အဖွဲ့ချုပ်တို့မှ အဆင့်မြင့်တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည့် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ကျင်းပသော အစည်းအဝေးအပြီးတွင် ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသတွင် နှစ်နိုင်ငံဖြေရှင်းနည်းကို အခြေခံသည့် တရားမျှတ၍ ကျယ်ကျယ်ပြန့်ပြန့်ရှိသော ငြိမ်းချမ်းရေး ဖြစ်ထွန်းစေရန်အလို့ငှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အစည်းအဝေး တက်ရောက်သူများက ကတိကဝတ်ပြုခဲ့သည်ဟုလည်း ယင်းကြေညာချက်၌ ဖော်ပြထားသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0RS
———————————
(English Version)
Arab countries reject attempt to displace Palestinians from Gaza, West Bank
Egypt, Jordan, Saudi Arabia, Qatar, the United Arab Emirates (UAE), the Palestinian Authority (PA), and the Arab League (AL) stressed in a joint statement on Saturday the rejection of any attempt to displace Palestinians from the Gaza Strip and the occupied West Bank.
The statement was issued after a meeting in Egypt’s capital Cairo attended by top diplomats from Egypt, Jordan, Saudi Arabia, Qatar, and the UAE, as well as high-ranking officials from the PA and AL.
Participants of the meeting expressed their commitment to working with U.S. President Donald Trump’s administration “to achieve a just and comprehensive peace in the Middle East based on the two-state solution,” according to the statement. xhtxs.cn/0RS
English Caption
People rally against the displacement of Palestinians on the Egyptian side of the Rafah crossing on Jan. 31, 2025. (Xinhua/Str)