Connect with us

Economy

အမေရိကန်၏ တရုတ်ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ယူခြင်းကို ပြတ်ပြတ်သားသားကန့်ကွက်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့ပိုင်းစံတော်ချိန် ဖေဖော်ဝါရီ ၁ ရက် ည ၈ နာရီခန့်တွင် အိမ်ဖြူတော်က အချက်အလက်စာရင်းများ ထုတ်ပြန်ခဲ့ပြီး Fentanyl စသည့်ကိစ္စရပ်များကို အကြောင်းပြု၍ တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ဆောင်သော ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ယူကြောင်း ကြေညာခဲ့ရာ ယင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် ပြင်းပြင်းထန်ထန် ကျေနပ်မှုမရှိကြောင်းနှင့် ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၂ ရက်က ပြောကြားခဲ့သည်။

အမေရိကန်၏ တစ်ဖက်သက် စည်းကြပ်ခွန်တိုးမြှင့်ကောက်ယူသည့်လုပ်ရပ်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စည်းမျဉ်းစည်းကမ်းကို အပြင်းအထန် ချိုးဖောက်ကာ ကိုယ်တိုင်ပြဿနာ ဖြေရှင်းရာတွင် အကျိုးမရှိသည့်အပြင် တရုတ်- အမေရိကန် ပုံမှန် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပျက်စီးစေကြောင်း၊ အမေရိကန်၏ ဤမှားယွင်းသော လုပ်ရပ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံတွင် တရားစွဲဆိုမှုပြုပြီး သက်ဆိုင်ရာ တန်ပြန်တုံ့ပြန်မှု အစီအမံများကို လုပ်ဆောင်ကာ ကိုယ်ပိုင် အခွင့်အရေးနှင့် အကျိုးစီးပွားကို အခိုင်အမာ ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် အခွန်စည်းကြပ်ခြင်းနည်းလမ်းသုံး၍ အခြားနိုင်ငံများအား ခြိမ်းခြောက်နေခြင်းထက် ၎င်းတို့၏ Fentanyl စသည့် ပြဿနာများကို ဓမ္မဓိဋ္ဌာန်ကျကျနှင့် ဆင်ခြင်တုံတရားရှိရှိဖြင့် ရှုမြင်ကိုင်တွယ်ရန် တရုတ်နိုင်ငံအနေဖြင့် မျှော်လင့်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် မှားယွင်းသောလုပ်ရပ်များကို ပြင်ဆင်၍ တရုတ်နိုင်ငံနှင့် ရည်ရွယ်ချက်တူလျှောက်လှမ်းပြီး တန်းတူညီမျှမှု၊ အပြန်အလှန် အကျိုးပြုမှု၊ အပြန်အလှန်လေးစားမှုကို အခြေခံ၍ ပြဿနာကို တိုက်ရိုက်ရင်ဆိုင်ကာ ပွင့်လင်းစွာဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ရန်နှင့် သဘောထားကွဲလွဲမှုများကို ထိန်းချုပ်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
#US #Imposing_Tariff #China #Fentanyl #စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံ #တရုတ်_အမေရိကန် #စီးပွားရေးနှင့်ကူးသန်းရောင်း #တရုတ်ကုန်ပစ္စည်းများ
…………………………………………………
(Chinese Version)
商务部:坚决反对美对中国产品加征10%关税
新华社北京2月2日电 商务部新闻发言人2日表示,美国东部时间2月1日晚8时许,美白宫发布事实清单,宣布以芬太尼等问题为由对中国输美产品加征10%关税。中方对此强烈不满,坚决反对。
这名发言人说,美方单边加征关税的做法严重违反世贸组织规则,不仅无益于解决自身问题,也对中美正常经贸合作造成破坏。对于美方的错误做法,中方将向世贸组织提起诉讼,并将采取相应反制措施坚定维护自身权益。
这名发言人表示,中方希望美方客观、理性看待和处理自身芬太尼等问题,而不是动辄以关税手段威胁他国。中方敦促美方纠正错误做法,与中方相向而行,在平等互利、相互尊重基础上,直面问题,坦诚对话,加强合作,管控分歧。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.