Asia
လျှပ်စစ်ဓာတ်အား ဖြတ်တောက်ပြီးနောက် ထိုင်းနိုင်ငံက ထိုင်း-မြန်မာနယ်စပ် စီမံထိန်းချုပ်မှုနှင့် ဆက်သွယ်ရေး လိမ်လည်မှု တိုက်ဖျက်ရေးအား မြှင့်တင်
![](https://xinhuamyanmar.com/wp-content/uploads/2025/02/7e01.jpg)
ဘန်ကောက်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာနိုင်ငံဘက်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသည့် နေရာ ၅ ခုအား လျှပ်စစ်ဓာတ်အား ဖြတ်တောက်ပြီးနောက် ထိုင်းနိုင်ငံက နယ်စပ်ဒေသ စီမံထိန်းချုပ်မှုကို တင်းကျပ်ထားကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။
Phumtham Wechayachai က ယင်းနေ့တွင် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၌ အစည်းအဝေး ကြီးမှူးကျင်းပခဲ့ပြီး နယ်စပ်ဒေသ မူးယစ်ဆေးဝါးနှင့် ပြစ်မှုကျူးလွန်မှု တိုက်ဖျက်ရေးလှုပ်ရှားမှုများကို တစ်ဆင့်တိုး ဖြန့်ကြက်စီမံခဲ့သည်။ Phumtham Wechayachai က လက်ရှိတွင် ထိုင်းနိုင်ငံ အမျိုးသားရုပ်သံလွှင့်ရေးနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC)၊ ဒေသန္တရလျှပ်စစ်ဓာတ်အားပေးဌာနတို့ အပါအဝင် အစိုးရအဖွဲ့အစည်းများက နီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ သက်ဆိုင်ရာအစီအမံများကို ဘက်စုံဖော်ဆောင်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် အစီအစဉ်တစ်ရပ်လုံးဖော်ဆောင်မှုသည် စီစဉ်ထားမှုနှင့် ကိုက်ညီရေးအား အာမခံနိုင်ရန်အတွက် ထိုင်းနိုင်ငံ စစ်တပ်နှင့် နယ်ခြားစောင့်ရဲများကလည်း နယ်စပ်ဒေသ စီမံထိန်းချုပ်မှုကို တင်းကျပ်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၅ ရက်တွင် ထိုင်း-မြန်မာနယ်စပ် သက်ဆိုင်ရာဒေသများအား လျှပ်စစ်ဓာတ်အား ဖြတ်တောက်ပြီးနောက် စောင့်ကြည့်မှုများအရ မြန်မာနိုင်ငံ ဆက်သွယ်ရေးလိမ်လည်မှု လှုပ်ရှားမှုများစုစည်းရာ ဒေသတစ်ခု၏ လျှပ်စစ်ဓာတ်အား အသုံးပြုမှုပမာဏသည် တစ်ဝက်လျော့ကျသွားပြီဖြစ်ကာ အဆိုပါအစီအမံသည် အကျိုးသက်ရောက်မှုရှိသည်ကို ဖော်ပြနေကြောင်း Phumtham Wechayachai က ဆိုသည်။ အင်တာနက်ချိတ်ဆက်မှုအား ဖြတ်တောက်ခြင်းနှင့် စပ်လျဉ်း၍ Phumtham Wechayachai က NBTC နှင့် ဆွေးနွေးပြီးဖြစ်ကာ ယခုလအတွင်း ပြဿနာရှိသော အင်တာနက်ချိတ်ဆက်မှု အားလုံးကို လုံးဝဖြတ်တောက်သွားမည်ဖြစ်ကြောင်း၊ ဒေသအသီးသီးအခြေအနေအရ မဖြစ်မနေလိုအပ်သည့် အင်တာနက် ချိတ်ဆက်မှုအချို့ကို လိုင်းဆွဲအားအဆင့်လျှော့ချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တာ့ခ်ခရိုင်သည် ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်းတွင်ရှိပြီး အနောက်ဘက်၌ မြန်မာနိုင်ငံနှင့် ကပ်လျက်တည်ရှိသည်။ နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးလိမ်လည်မှုအား တိုက်ဖျက်ရန် ထိုင်းနိုင်ငံက ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်း ၉ နာရီမှစ၍ ထိုင်းနှင့် မြန်မာနယ်စပ်ရှိ မြန်မာနိုင်ငံဘက်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသည့် နေရာ ၅ ခုကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်လိုက်ကြောင်း သိရသည်။ (Xinhua)
…………………
(Chinese Version)
继断电后 泰国加强泰缅边境管控打击电诈
新华社曼谷2月6日电(记者高博 林昊)泰国副总理兼国防部长普坦·威差耶猜6日说,在泰缅边境五个对缅供电点电力切断后,泰国正加强边境地区管控。
普坦当天在达府移民局主持会议,进一步部署打击边境毒品及犯罪活动的行动。普坦表示,目前,包括国家广播电视和电信委员会、地方电力局等在内的政府机构正密切合作,全面推进相关措施。同时,泰军方与边境警察正加强边境管控,以确保整体进展符合既定计划。
普坦说,在5日对泰缅边境相关地区断电后,根据监测,缅甸一个电诈活动聚集地区的用电量已减少一半,这说明措施已产生影响。关于切断互联网连接,普坦表示,已与国家广播电视和电信委员会进行了商讨,将在本月内彻底切断所有问题网络连接,并将根据各地区情况对部分必要网络连接进行降级处理。
达府位于泰国西北部,西邻缅甸。自5日上午9时起,泰国正式切断泰国与缅甸边境的五个对缅供电点供电,以打击跨境电信诈骗。(完)
图说:这是2月4日晚从泰国达府湄索拍摄的泰国与缅甸边境地区。新华社发