Connect with us

China

ဝမ်ရိနှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar တို့ တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၁ ရက်တွင် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့၌ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar နှင့်တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ဂျိုဟန်နာဘတ်စ်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၁ ရက်တွင် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့၌ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် မိုဒီတို့သည် ယမန်နှစ်က ကာဇန်၌ အောင်မြင်စွာတွေ့ဆုံဆွေးနွေးပြီးနောက် နှစ်ဖက်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှု၏ ဦးတည်ချက်ကြီးကို အတည်ပြုခဲ့သည်ဟု ပြောကြားခဲ့သည်။ တရုတ်-အိန္ဒိယသည် ရှေးဟောင်းယဉ်ကျေးမှု နိုင်ငံကြီးနှင့် အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံအနေဖြင့် အပြန်အလှန်နားလည်မှု၊ အပြန်အလှန် ထောက်ခံအားပေးမှု၊ အပြန်အလှန်အောင်မြင်ဖြစ်ထွန်းမှုတို့ကို အားထားဆောင်ရွက်သင့်သည်ဟု သဘောတူညီခဲ့ကြကြောင်း၊ နှစ်နိုင်ငံ အလွှာအသီးသီး ကူးလူးဆက်ဆံမှုသည်လည်း စနစ်တကျ ပြန်လည်ဖော်ဆောင်လျက်ရှိပြီး နယ်စပ်ရေးရာ အထူးကိုယ်စားလှယ်ကလည်း အသေးစိတ် သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းရေးအတွက် သဘောတူညီချက်များ ရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်-အိန္ဒိယ နှစ်နိုင်ငံအနေဖြင့် အပြန်အလှန်ယုံကြည်မှု ပြန်လည်ဖော်ဆောင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်ခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ ဘုံမျှော်လင့်ချက်နှင့် ကိုက်ညီကြောင်း၊ နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်ကို အခြေခံလိုက်နာကာ နှစ်ဖက်ဆက်ဆံရေး မှန်ကန်သော လမ်းကြောင်းပေါ်တွင် အမြဲတစေ လျှောက်လှမ်းရန် အာမခံရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အိန္ဒိယနှင့်အတူ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများကို စီစဉ်ရေးဆွဲကာ နှစ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအားသစ်များ ဖြည့်တင်းသွားရန် ဆန္ဒရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

S. Jaishankar က ဝန်ကြီးချုပ် မိုဒီနှင့် သမ္မတ ရှီကျင့်ဖိန်တို့၏ ကာဇန်၌တွေ့ဆုံဆွေးနွေးမှုသည် အိန္ဒိယ-တရုတ် နှစ်နိုင်ငံက နှစ်ဖက်ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန်အတွက် အရေးပါသောလမ်းညွှန်မှုပေးခဲ့ကြောင်း၊ နှစ်ဖက်က ကဏ္ဍနယ်ပယ်စုံတွင် ကူးလူးဆက်ဆံမှုများ တစ်ဆင့်ချင်း ပြန်လည်ဖော်ဆောင်လျက်ရှိကာ သိသာထင်ရှားသောအကျိုးဖြစ်ထွန်းမှုများ ရရှိခဲ့ကြောင်း၊ အိန္ဒိယ-တရုတ်နှစ်နိုင်ငံအနေဖြင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ခြင်းသည် နှစ်ဖက်အကျိုးစီးပွားနှင့်ကိုက်ညီကြောင်း၊ ခက်ခက်ခဲခဲ ရရှိထားသော နှစ်ဖက်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှု ရလဒ်ကို အိန္ဒိယဘက်က အလွန်တန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု ယန္တရားများ အရှိန်မြှင့် ပြန်လည်ဖော်ဆောင်ကာ လူမှုယဉ်ကျေးမှု ဖလှယ်မှုတိုးမြှင့်၍ လူပုဂ္ဂိုလ်သွားလာဆက်ဆံမှုကို အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အတူတကွ ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း၊ လက်ရှိကမ္ဘာကြီးသည် အလွန်အမင်း ပြိုကွဲမှုအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် G20 ၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ BRICS ယန္တရား အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံတကာ ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းသည် အလွန်အရေးကြီးကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ချိတ်ဆက်ညှိနှိုင်းမှုကို မြှင့်တင်သွားရန် ဆန္ဒရှိကြောင်း ၎င်းကပြောကြားခဲ့သည်။ (Xinhua)

……………………..
(Chinese Version)
王毅会见印度外长苏杰生
新华社约翰内斯堡2月21日电 当地时间2月21日,中共中央政治局委员、外交部长王毅在约翰内斯堡会见印度外长苏杰生。
王毅说,去年,习近平主席同莫迪总理在喀山成功会晤,确定了双边关系改善发展的大方向。双方一致同意,中印作为两大文明古国和两个相邻大国,应相互信任、相互支持、相互成就。两国各层级交往有序恢复,边界问题特别代表就妥善处理具体分歧达成共识。中印恢复互信、实现合作共赢符合两国人民共同期待。双方要以两国领导人共识为根本遵循,确保双边关系始终走在正确的轨道上。中方愿同印方一道,规划好两国建交75周年纪念活动,为双边关系发展注入新动力。
苏杰生表示,莫迪总理同习近平主席喀山会晤为印中重建双边关系提供了重要指引。双方各领域交往逐步恢复,取得显著成效。印中建立互信符合双方利益,印方珍视来之不易的双边关系改善成果,愿同中方加快恢复合作机制,增进人文交流,便利人员往来,共同维护边境地区和平安宁。当今世界面临分裂极化风险,印中同为二十国集团、上合组织、金砖机制成员,加强国际协作尤其重要,印方愿同中方就此加强沟通协调。(完)
图说:当地时间2月21日,中共中央政治局委员、外交部长王毅在约翰内斯堡会见印度外长苏杰生。 新华社记者 张誉东 摄