Videos
အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှု မူဝါဒက တရုတ်နှင့် အမေရိကန် စီးပွားရေးလုပ်ငန်းများကြား ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုကို အကြီးအကျယ် ထိခိုက်စေဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြော
အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှု မူဝါဒက တရုတ်နှင့် အမေရိကန် စီးပွားရေးလုပ်ငန်းများကြား ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုကို အကြီးအကျယ် ထိခိုက်စေဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြော
“အမေရိကန်သာ ပဓာန ရင်းနှီးမြှုပ်နှံမှု မူဝါဒ” မူကြမ်းအား ထုတ်ပြန်ခဲ့သည့် အမေရိကန်၏ လုပ်ရပ်မှာ တရုတ်နှင့် အမေရိကန် စီးပွားရေးလုပ်ငန်းများကြား ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ပုံမှန်ပူးပေါင်းဆောင်ရွက်မှုကို အကြီးအကျယ် ထိခိုက်စေသည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဖေဖော်ဝါရီ ၂၂ ရက်၌ ပြောကြားခဲ့သည်။
အမျိုးသားလုံခြုံရေး အယူအဆဟု ခြုံငုံပြောဆိုထားသော အဆိုပါလုပ်ဆောင်ချက်မှာ ခွဲခြားဆက်ဆံသော၊ ဈေးကွက်စီးပွားရေးနှင့် လျော်ညီမှုမရှိသော လုပ်ထုံးလုပ်နည်းစစ်စစ်ဖြစ်ကြောင်း ၎င်းပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ (Xinhua)
#China #US #InvestmentPolicy #တရုတ်နိုင်ငံ #အမေရိကန်နိုင်ငံ #ရင်းနှီးမြှုပ်နှံမှုမူဝါဒ
…………………………………………………………
(English Version)
U.S. investment policy seriously affects economic, trade cooperation between Chinese, U.S. enterprises: ministry
The U.S. move to release the “America First Investment Policy” memorandum seriously affects normal economic and trade cooperation between Chinese and U.S. enterprises, a spokesperson for the Chinese Ministry of Commerce said Saturday.
The move, which generalizes the national security concept, is discriminatory and a “typical non-market practice,” the spokesperson said.