Connect with us

Social

ဦးပိန်တံတားပေါ် ဈေးရောင်းချနေသော ဆိုင်၆၁ဆိုင် ဖယ်ရှား

ဈေးရောင်းချနေသော ဆိုင်များအား ဖယ်ရှားနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် အတွင်းရှိ ဦးပိန်တံတားပေါ်တွင် ဈေးရောင်းချနေသော ဆိုင် ၆၁ဆိုင် ကို မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ မတ် ၂၆ ရက်နေ့တွင် စတင် ဖယ်ရှားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဦးပိန်တံတားပေါ်တွင် စည်းကမ်းမဲ့ဖွင့်လှစ်ထားသည့် ဈေ းဆိုင်များအားဖယ်ရှားရှင်းလင်းရခြင်းသည် ရှေးဟောင်း အမွေအနှစ်ကို ကာကွယ်ခြင်းနှင့် တံတားပေါ်သို့ လာရောက်လေ့လာ အပန်းဖြေသည့် ပြည်တွင်း၊ ပြည်ပခရီးသွား များ အဆင်ပြေစွာ သွားလာနိုင်စေရန်ရည်ရွယ်၍ ရှင်းလင်းခြင်းဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားသည့် စာရင်းများအရတောင်သမန်အင်း ပတ်ဝန်းကျင်နှင့် ဦးပိန်တံတားပေါ်တွင် ဖွင့်လှစ်ထားသည့်ဆိုင်ခန်းများကို စိစစ်ကောက်ယူခဲ့ရာ တံတားပေါ်၌ ၆၁ ဆိုင်၊ တောင်မင်းကြီး ဘုရားဝန်းကျင်၌ ဆိုင်ခန်း ၈၀၊ တောင်သမန်အင်းဝန်းကျင်တွင် ၁၃ ဆိုင် ရှိကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117