Asia
တောင်ကိုရီးယားနိုင်ငံတွင် တည်ဆောက်ဆဲ တံတားပြိုကျမှုကြောင့် လူ ၃ ဦး သေဆုံး

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ၊ Chungcheongnam ပြည်နယ်၊ Cheonan မြို့ရှိ ဆိုးလ်- ဆဲကျုံး အဝေးပြေးလမ်းမ တည်ဆောက်ရေးနေရာတွင် ဖေဖော်ဝါရီ ၂၅ ရက်က တည်ဆောက်ဆဲ တံတားပြိုကျမှုဖြစ်ပွားခဲ့သည်။
အဆိုပါအခင်းဖြစ်ပွားမှုကြောင့် လူ ၃ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့ကြောင်း တောင်ကိုရီးယား Yonhap News Agency သတင်းအရ သိရသည်။ အဆိုပါနေ့ နံနက် ၉ နာရီ ၄၉ မိနစ်ခန့်တွင် ဤဆောက်လုပ်နေသော တံတားယက်မ၊ တံတားတိုင် အထက်ရှိ တံတားကြမ်းခင်း ပြိုကျခဲ့ကြောင်း၊ ရဲတပ်ဖွဲ့နှင့် မီးသတ်ဌာနက နံနက် ၁၀ နာရီ ၉ မိနစ်ခန့်တွင် “လမ်းဆောက်လုပ်နေစဉ် တံတားကြမ်းခင်းပြိုကျခဲ့သော” အကြောင်းကြားချက်ကို ရရှိခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ တည်ဆောက်ဆဲ တံတားသည် တောင်ယာမြေနှင့် မြေပြန့်ကြား ဆက်စပ်နေရာဖြစ်ရာ တံတားကြမ်းခင်းပြိုကျချိန်တွင် ကျယ်လောင်သော အသံကြားခဲ့ရပြီး တံတားသည် ဖုန်မှုန့်များဖြင့် ချက်ချင်း ဖုံးလွှမ်းသွားသည်။
သို့သော် မတော်တဆမှု ဖြစ်ပွားချိန်တွင် အနီးပတ်ဝန်းကျင်၌ လမ်းသွားလမ်းလာသူများကို မတွေ့ခဲ့ကြောင်း အခင်းဖြစ်ရာနေရာမှ မျက်မြင်သက်သေများက တောင်ကိုရီးယား YTN ရုပ်သံလိုင်းနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ ယာယီသမ္မတ Choi Sang-mok က တောင်ကိုရီးယားအုပ်ချုပ်ရေးနှင့် လုံခြုံရေးဝန်ကြီးဌာန၊ တောင်ကိုရီးယားနိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝန်ကြီးဌာနစသည့် ဝန်ကြီးဌာနများကို ရနိုင်သမျှလူအင်အားနှင့် ပစ္စည်းကိရိယာများ အသုံးပြု၍ လူများကို ဦးစားပေးကယ်ဆယ်ကာ ပျောက်ဆုံးနေသူများကို အစွမ်းကုန်ရှာဖွေရန် အရေးပေါ် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………….
(Chinese Version)
韩国在建桥梁发生坍塌已致3人死亡
新华社首尔2月25日电(记者陆睿 姬新龙)位于韩国忠清南道天安市的首尔世宗高速公路施工现场25日发生在建桥梁坍塌事故。据韩联社报道,事故已造成3人死亡、5人受伤。
据报道,当天上午9时49分许这座在建桥梁桥墩上方的桥板发生坍塌,警方和消防部门10时9分许接到“道路施工中的桥板坍塌”的报告。
现场目击者接受韩国YTN电视台采访时说,在建桥梁处于山地和平地的连接地带,桥板坍塌时听到巨大声响,桥梁瞬间被扬起的灰尘吞没,不过事故发生时周围没有看到行人。
韩国代总统崔相穆已向行政安全部、国土交通部、消防厅、警察厅等部门下达紧急指示,动员所有可用人力及设备,优先抢救人员,尽全力搜索失踪者。(完)
图说:这是2月25日在韩国忠清南道天安市拍摄的在建桥梁坍塌事故现场。新华社发