Connect with us

North America

အမေရိကန်-ယူကရိန်း သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီချက်ရရှိ၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ဇယ်လန်းစကီး အမေရိကန်သို့ သွားရောက်၍ လက်မှတ်ရေးထိုးမည်ဟု အမေရိကန်မီဒီယာများ ဖော်ပြ

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် သမ္မတ ထရမ့်အား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်က ယူကရိန်းထံမှ သတ္တုအရင်းအမြစ် ရယူသည့် သဘောတူညီချက်တစ်ရပ်နှင့်စပ်လျဉ်း၍ အမေရိကန်-ယူကရိန်း နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ကြောင်း၊ ယူကရိန်း သမ္မတ ဇယ်လန်းစကီးအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်သို့ သွားရောက်၍ အမေရိကန် သမ္မတ ထရမ့်နှင့် ယင်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း အမေရိကန်မီဒီယာများက အမည်မဖော်လိုသူ ယူကရိန်းနှင့် အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ဖေဖော်ဝါရီ ၂၅ ရက်၌ ဖော်ပြခဲ့သည်။

“ဒါက ပမာဏအလွန်ကြီးမားတဲ့ အရောင်းအဝယ် တစ်ခုပါ” ဟု ထရမ့်က ယင်းနေ့ အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ သဘောတူညီချက်လက်မှတ်ရေးထိုးရန် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဇယ်လန်းစကီး အမေရိကန်သို့ လာရန် စီစဉ်ထားသည့် သတင်းကို ၎င်းအနေဖြင့် သိရှိပြီးဖြစ်ကြောင်း၊ “တကယ်လို့ သူ (ဇယ်လန်းစကီး) က သဘောတူတယ်ဆိုရင်၊ ကျွန်တော်တို့က သေချာပေါက် ပြဿနာမရှိဘူးလေ” ဟု ၎င်းက ဆိုသည်။

နောက်ဆုံး သဘောတူညီချက်တွင် ယူကရိန်းက အမေရိကန်၏ ရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှုထဲသို့ ကန်ဒေါ်လာ ၅၀၀ ဘီလီယံ ထည့်ဝင်ခြင်း မပါဝင်တော့သလို အနာဂတ် အမေရိကန်က ယူကရိန်းသို့ ပေးအပ်သည့် အကူအညီများကို ယူကရိန်းက နှစ်ဆ ပြန်ဆပ်ရန် တောင်းဆိုချက်လည်း မပါဝင်တော့ကြောင်း၊ ဤတောင်းဆိုချက်ကြောင့် ယူကရိန်းက အမေရိကန်ပေါ်မှာ ရေရှည် ကြွေးမြီတင်စေသည်ဟု ဇယ်လန်းစကီးက ယူဆကြောင်း အမေရိကန်မီဒီယာများက ဖော်ပြထားသည်။

နောက်ဆုံး သဘောတူညီချက်အရ အမေရိကန်နှင့် ယူကရိန်းသည် ရန်ပုံငွေတစ်ရပ်ကို အတူတကွ တည်ထောင်မည် ဖြစ်ပြီး ယူကရိန်းဘက်က ၎င်းနိုင်ငံ၏ ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တု စသည့် အရင်းအမြစ်များ၏ အနာဂတ်အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းကို အဆိုပါရန်ပုံငွေ၌ ထည့်ဝင်မည် ဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် အဆိုပါရန်ပုံငွေမှ ရရှိသော စီးပွားရေးအကျိုးအမြတ် အများဆုံးကို ပိုင်ဆိုင်မည် ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းဝင်ငွေကို ယူကရိန်းအပေါ် ထပ်မံရင်းနှီးမြှုပ်နှံမှုတွင် အသုံးပြုမည် ဖြစ်ကြောင်း သတင်းများအရ သိရသည်။

ပြင်ဆင်ပြီးသည့် သဘောတူညီချက်က ယူကရိန်းနှင့် အမေရိကန် နှစ်ဖက် လွန်ဆွဲပြီးနောက် “အပြုသဘော” ရလဒ် ရရှိလာမှုအား ပေါ်လွင်စေသည်ဟု ယူကရိန်းက ယူဆကြောင်း သတင်းတွင် ဖော်ပြထားသည်။

လက်ရှိ သဘောတူညီချက်တွင် အမေရိကန်က ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်ပေးသော အကြောင်းအရာများ မပါဝင်သေးကြောင်း၊ ယင်းအကြောင်းအရာကို ထရမ့်နှင့် ဇယ်လန်းစကီး တွေ့ဆုံချိန်မှသာ ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းတွင် ရေးသားထားသည်။ ထို့အပြင် အမေရိကန်-ယူကရိန်း နှစ်နိုင်ငံ သမ္မတ သဘောတူညီချက် လက်မှတ်မရေးထိုးမီ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးနှင့် ယူကရိန်းနိုင်ငံ ဆွေးနွေးရေးကိုယ်စားလှယ်တို့က သဘောတူညီချက်တွင် ဦးစွာ လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သိရသည်။

မကြာမီရက်ပိုင်းများက အမေရိကန်နှင့် ယူကရိန်းကြား သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီချက် ကွဲလွဲမှုများ ထင်ရှားခဲ့သည်။ အမေရိကန်က ရုရှား-ယူကရိန်း ပဋိပက္ခကာလအတွင်း ယူကရိန်းအပေါ် ကူညီမှုများကို လျော်ကြေးငွေပြန်ရရန် ထရမ့်က ယင်းသဘောတူညီချက်ကို အသုံးချ၍ ယူကရိန်းကို ၎င်းနိုင်ငံ၏ သတ္တုတူးဖော်ခွင့်ပေးရန် ဖိအားပေးလိုသည်။ ဇယ်လန်းစကီးအနေဖြင့် အမေရိကန်ဘက်က “တောင်းသည့် ဈေး” မြင့်မားလွန်းသည်ဟု ယူဆရာ ယူကရိန်းအပေါ် လုံခြုံရေးအာမခံချက်လည်း မပါဝင်ခြင်းကြောင့် ထိုမတိုင်မီ အမေရိကန်အဆိုပြုသည့် သဘောတူညီချက်ကို ငြင်းပယ်ခဲ့သည်။ (Xinhua)

……………………….
(Chinese Version)
美媒称美乌达成矿产协议 泽连斯基28日赴美签署
新华社华盛顿2月25日电(记者邓仙来)美国媒体25日引述匿名乌克兰和美国官员消息报道说,美乌双方已就一项美向乌索要矿产资源的协议达成一致,乌总统泽连斯基28日赴美同美国总统特朗普签署该协议。
特朗普当天在白宫对在场记者说,“这是一笔数额非常巨大的交易”。他已得知泽连斯基计划28日赴美签署协议的消息,“如果他(泽连斯基)愿意,我当然没问题”。
美媒报道称,最新协议不再包括乌克兰向美国所有的基金注资5000亿美元的内容,同时也不再要求乌方以两倍数额偿还未来任何美对乌援助,泽连斯基认为此要求相当于让乌克兰对美国长期负债。
据报道,按照最新协议,美乌将共同设立一项基金,乌方会将本国石油、天然气、矿产等资源未来收益的50%注入该基金。美国将最大程度地拥有该基金产生的经济利益,将部分收入用于对乌克兰的再投资。
报道称,乌方认为,修改后的协议体现了乌方在与美方拉锯后收获了“积极”结果。
报道称,当前的协议未涉及美国为乌克兰提供安全保障的内容,特朗普与泽连斯基将在会面时再讨论该议题。此外,在美乌两国总统签署协议前,美国财长和乌方谈判代表将先在协议上签字。
近日,美乌围绕矿产协议分歧突出。特朗普想利用该协议逼迫乌克兰交出本国矿产开采权,以补偿美国在俄乌冲突期间的对乌援助,泽连斯基则认为美方“要价”过高,还不包括对乌克兰的安全保障,因此拒绝美方此前提出的协议版本。(完)
1. 1月30日,美国总统特朗普在首都华盛顿的白宫出席新闻发布会。新华社记者胡友松摄