Connect with us

North America

အမေရိကန်က ၎င်း၏ “ပြည်ပ အကူအညီများ” ကို အပြင်းအထန် ဖြတ်တောက်၊ စာချုပ် ၉၂ ရာခိုင်နှုန်း ဖျက်သိမ်းခံရ

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အမျိုးသားရင်ပြင်၌ လှည့်လည်ကြည့်ရှုနေသော ခရီးသွားဧည့်သည်များကို ၂၀၂၄ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ၏ “ပြည်ပ အကူအညီ” စာချုပ် ၉၀ ရာခိုင်နှုန်းကျော် ကို ဖျက်သိမ်းမည်ဟု အမေရိကန် ပြည်ပရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်တွင် ဆိုခဲ့သည်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီက နှစ်ရှည် “ပြည်ပ အကူအညီ” စာချုပ်ပေါင်း ၆,၂၀၀ ကျော်ကို အကဲဖြတ်ခဲ့ရာ စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၅၈.၂ ဘီလီယံရှိကြောင်း၊ အမေရိကန် ပြည်ပရေးဝန်ကြီး Marco Rubio က ပြန်လည်ဆန်းစစ်ခဲ့ရာ “အမေရိကန် ဦးစားပေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ ၅၄ ဘီလီယံရှိသော စာချုပ်ပေါင်း ၅,၈၀၀ နီးပါးကို ဖျက်သိမ်းရန် အတည်ပြုခဲ့ကြောင်း၊ လျှော့ချမှု ပမာဏသည် ၉၂ ရာခိုင်နှုန်းအထိ ရှိကြောင်း” အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာချွန်လွှာတစ်စောင်၏ အကြောင်းအရာကို ကိုးကား၍ အမေရိကန် မီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။

ယခုအကြိမ် ပြန်လည်ဆန်းစစ်မှုတွင် ပြည်ပ အကူအညီ လှူဒါန်းမှု ၉,၁၀၀ ကျော်၊ စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၁၅.၉ ဘီလီယံကိုလည်း အကဲဖြတ်ခဲ့ကြောင်း၊ နောက်ဆုံးတွင် လှူဒါန်းမှု ၄,၁၀၀ ကျော်၊ စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၄.၄ ဘီလီယံနီးပါးကို ဖျက်သိမ်းရန် အတည်ပြုခဲ့ရာ လျှော့ချမှု ပမာဏသည် ၂၈ ရာခိုင်နှုန်း ရှိကြောင်း စာချွန်လွှာတွင် ထပ်မံရေးသားဖော်ပြခဲ့သည်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီသည် ပြည်ထောင်စုအစိုးရ၏ ပြည်ပနိုင်ငံများအား ပေးအပ်သော စစ်ရေးဆိုင်ရာ မဟုတ်သည့် အကူအညီအများစုကို သီးသန့်တာဝန်ယူရသော အေဂျင်စီဖြစ်သလို အမေရိကန် အစိုးရအသစ်၏ အဓိကထား ပြုပြင်ပြောင်းလဲရေးရည်မှန်းချက်လည်း ဖြစ်သည်။ အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ ၎င်းရုံးချုပ် ရုံးခန်းကိုလည်း ပိတ်သိမ်းခဲ့ပြီးဖြစ်သည်။

အကူအညီစီမံကိန်းများသည် သက်ရောက်မှုရှိ/ မရှိ၊ လက်ရှိ အစိုးရ၏ ပြည်ပ မူဝါဒများနှင့် တစ်သားတည်း ရှိ/ မရှိ အကဲဖြတ်ရန်အတွက် ဇန်နဝါရီ ၂၀ ရက်တွင် အမေရိကန် သမ္မတ ထရမ့်က အမေရိကန်၏ ပြည်ပအကူအညီအားလုံးကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားရန် တောင်းဆိုသည့် အမိန့်ကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဇန်နဝါရီ ၂၄ ရက်တွင် ထရမ့်က အမေရိကန်ပြည်ပဝန်ကြီးဌာန၏ လက်ရှိတွင် ရှိနေသော ပြည်ပ အကူအညီ စီမံကိန်းများ၏ အများစုကို ချက်ချင်း ယာယီဆိုင်းငံ့ထားရန် အမိန့်ချခဲ့ပြီး ယင်းတွင် ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီစီမံကိန်းအများအပြား ပါဝင်ကြောင်း သိရသည်။ (Xinhua)

……………………………………
(Chinese Version)
美国猛砍“对外援助” 92%合同被取消
新华社华盛顿2月26日电 美国国务院26日称,将取消美国国际开发署超九成“对外援助”合同。
美国媒体援引美国国务院一份备忘录的内容报道称,美国国际开发署评估了6200项多年期“对外援助”合同,总价值582亿美元。经美国国务卿鲁比奥审查,“作为美国优先议程的一部分,近5800项总价值540亿美元的合同确定被取消——削减幅度达92%”。
备忘录还写道,此次审查还评估了超9100笔总价值159亿美元的对外援助赠款,最终确定取消超4100笔总价值近44亿美元的赠款,削减幅度为28%。
美国国际开发署是联邦政府负责大部分对外非军事援助的专职机构,也是新一届美国政府重点整改目标,其位于美国首都华盛顿的总部办公室已被关闭。
1月20日,美国总统特朗普签署行政令要求美国所有对外援助暂停90天,以评估项目是否有效、是否与本届政府对外政策保持一致。1月24日,特朗普政府下令立即暂停美国务院现有绝大多数对外援助项目,其中包括多个发展援助项目。(完)
图说:2024年4月25日,游客在美国首都华盛顿的国家广场游览。新华社记者刘杰摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.