North America
မက်ခရွန်ပြီးနောက် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်ကလည်း ယူကရိန်းအကူအညီ ရန်ပုံငွေနှင့် ပတ်သက်၍ ထရမ့်ကို လူသိရှင်ကြား ချေပပြောဆို

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က အမေရိကန်သို့ ရောက်ရှိနေသော ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကီယာစတားမာနှင့် ဖေဖော်ဝါရီ ၂၇ ရက်တွင် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်ဖက်သည် ဗြိတိန် စသည့် ဥရောပနိုင်ငံများအနေဖြင့် ယူကရိန်း အကူအညီ ရန်ပုံငွေကို ပြန်လည်သိမ်းယူနိုင်ခြင်း ရှိ/ မရှိအပေါ် သဘောထားကွဲလွဲမှုများ ဖြစ်ပွားခဲ့ပြီး ကီယာစတားမာက ထရမ့်ကို လူသိရှင်ကြား ချေပပြောဆိုခဲ့ရာ ဗြိတိန်၏ ယူကရိန်းအပေါ် ကူညီထောက်ပံ့မှု အများစုသည် “လက်ဆောင်” ဖြစ်၍ ပြန်လည်သိမ်းယူမည်မဟုတ်ဟု ပြောကြားခဲ့သည်။
နှစ်ဖက် တံခါးပိတ်အစည်းအဝေး မစတင်မီ မီဒီယာများနှင့် တွေ့ဆုံစဉ်တွင် ထရမ့်က လတ်တလောရက်များ၏ အမေရိကန်- ရုရှား စေ့စပ်ညှိနှိုင်းမှု၊ အမေရိကန်- ယူကရိန်း သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီမှုစသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ၎င်းနှင့် ယူကရိန်းသမ္မတ ဇယ်လန်းစကီးတို့ကြား စကားများခဲ့မှုကို နှစ်ဖက်အနေဖြင့် တစ်ဦးကိုတစ်ဦး “အနည်းငယ် စိတ်ဆိုး” ခဲ့ကြကြောင်း၊ အဘယ်ကြောင့်ဆိုသော် အမေရိကန်ကလည်း ဥရောပနိုင်ငံများကဲ့သို့ ယူကရိန်း အကူအညီများမှ တစ်စုံတစ်ရာ ရယူလိုသောကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထရမ့်က “သူတို့ (ဥရောပနိုင်ငံတွေ) က (ယူကရိန်းကို) ငွေပေးပြီး သူတို့ငွေကို ပြန်ရနိုင်ပေမဲ့ ကျွန်တော်တို့ကတော့ ပြန်မရနိုင်ဘူးဆိုတာ သိလား” ဟု ညည်းညူပြောဆိုခဲ့သည်။
ထရမ့်၏ စကားကို ဆက်၍ ကီယာစတားမာက “ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ (ယူကရိန်းအကူအညီ ရန်ပုံငွေ) တွေကို အကုန်ပြန်မယူပါဘူး။ ဆိုလိုတာက (ယူကရိန်းအကူအညီ ရန်ပုံငွေ) အများစုက လက်ဆောင်ပေးလိုက်တာဖြစ်တယ်။ တချို့ကတော့ ချေးငွေဖြစ်ပေမဲ့ အမှန်တကယ်အရ အဓိကကတော့ လက်ဆောင်ပါပဲ” ဟု ပြောကြားခဲ့သည်။
ဤမြင်ကွင်းသည် ပြင်သစ် သမ္မတ မက်ခရွန် ဖေဖော်ဝါရီ ၂၄ ရက်က အိမ်ဖြူတော်သို့ အလည်အပတ်ရောက်ရှိစဉ် ဖြစ်ပွားခဲ့သည်နှင့် တစ်ပုံစံတည်းပင်ဖြစ်သည်။ ထိုစဉ်တွင် ထရမ့်သည် မက်ခရွန်နှင့် အိမ်ဖြူတော် ဘဲဥပုံရုံးခန်း (Oval Office) တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ယူကရိန်းအကူအညီနှင့် ပတ်သက်၍ ပြောကြားရာတွင် “ဥရောပက ယူကရိန်းကို ငွေချေးပေးတာ နောက်ကျရင် သူတို့က အဲဒီငွေတွေပြန်ယူမှာ” ဟု ပြော၍မဆုံးခင် မက်ခရွန်က ထရမ့်၏ လက်မောင်းကို ဆွဲလိုက်ပြီး ၎င်း၏စကားကို ကြားဖြတ်ကာ “မဟုတ်ပါဘူး၊ အမှန်တကယ်က ရှင်းရှင်းပြောရရင် ကျွန်တော်တို့ပေးဆပ်တာပါ။ ကျွန်တော်တို့ဘက်က (ယူကရိန်း အကူအညီ) စုစုပေါင်းတန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်းကို ထုတ်ပေးဖြစ်တယ်၊ အမေရိကန်နဲ့ တူတူပါပဲ။ အဲဒီထဲမှာ ချေးငွေ၊ အာမခံနဲ့ (အခမဲ့) လျာထားငွေတွေပါပါတယ်” ဟု မက်ခရွန်က ပြောကြားခဲ့သည်။
ထရမ့်သည် ဥရောပနိုင်ငံများနှင့် နှိုင်းယှဉ်၍ ဘိုင်ဒန်အစိုးရ၏ ရုရှား- ယူကရိန်း ပဋိပက္ခကာလအတွင်း ယူကရိန်းအား အကူအညီပေးမှုပုံစံက အမေရိကန်နိုင်ငံအပေါ် “မျှတမှု မရှိကြောင်း” အချိန်အတန်ကြာ ညည်းညူခဲ့သည်။ ထို့ကြောင့် ထရမ့်သည် အမေရိကန်- ယူကရိန်း သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီချက်ကို အသုံးချ၍ ယူကရိန်းအား ၎င်းနိုင်ငံ၏ သတ္တုတူးဖော်ခွင့်ကို လွှဲပြောင်းပေးရန် အတင်းတွန်းအားပေးပြီး ယင်းမှာ ထိုမှတစ်ဆင့် အမေရိကန် နစ်နာကြေး ရရှိရန်ဖြစ်သည်။ ကြိမ်ဖန်များစွာ လွန်ဆွဲပြီးမှ အမေရိကန်၊ ယူကရိန်း နှစ်ဖက် လက်ရှိ သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ရာ ဇယ်လန်းစကီးသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်သို့ သွားရောက်၍ ထရမ့်နှင့် သဘောတူစာချုပ်ချုပ်ဆိုမည်ဖြစ်သည်။ (Xinhua)

အမေရိကန်မြို့တော် ဝါရှင်တန်တွင် ကျင်းပသော ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် အမေရိကန် သမ္မတ ထရမ့် (ဝဲ) နှင့် ဗြိတိန် ဝန်ကြီးချုပ် ကီယာစတားမာကို ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………..
(Chinese Version)
继马克龙后,英国首相在援乌资金问题上也公开反驳特朗普
新华社华盛顿2月27日电(记者邓仙来)美国总统特朗普27日在白宫与到访的英国首相斯塔默举行会谈。双方围绕英国等欧洲国家能否收回援助乌克兰资金的问题发生分歧,斯塔默公开反驳特朗普,称英国对乌援助的一大部分是“馈赠”,不会收回。
在双方闭门会谈开始前会见记者时,特朗普针对近日在美俄谈判和美乌矿产协议等问题上他与乌总统泽连斯基发生的口角说,两人彼此“生了一点小气”,因为美国也想像欧洲国家那样从对乌援助中得到点什么。特朗普抱怨说,“你知道,他们(欧洲国家)能通过给(乌克兰)钱收回他们的钱,我们的钱却收不回来”。
斯塔默接过特朗普的话说:“我们也不会全部收回我们的(援乌资金)。我的意思是,(对乌援助的)一大部分是馈赠,是送出去的。有一些是贷款,但事实上主要是馈赠。”
这一场景与法国总统马克龙24日到访白宫时发生的一幕如出一辙。彼时,特朗普与马克龙在白宫椭圆形办公室见记者时提及对乌援助:“欧洲是把钱借给乌克兰,最终他们能收回这笔钱。”话音未落,马克龙伸出一只手拽了拽特朗普手臂,打断他的讲话。“不,事实上,坦率地说,我们付出了。我们支付了(援乌)总额的60%。就像美国一样,包括贷款、担保和(无偿)拨款。”
一段时间以来,特朗普不断抱怨与欧洲国家相比,拜登政府在俄乌冲突期间对乌援助的模式对美国“不公平”。为此,特朗普想利用美乌矿产协议逼迫乌克兰交出本国矿产开采权,从而让美国得到补偿。经过多轮拉锯,美乌双方目前已就矿产协议达成一致,泽连斯基将于28日赴美与特朗普签署协议。(完)
图说:2月27日,美国总统特朗普(右)与英国首相斯塔默在华盛顿白宫出席联合记者会。新华社记者 胡友松 摄