Connect with us

Myanmar

မြန်မာနိုင်ငံအနှံ့၌ တစ်ပတ်အတွင်း တရားမဝင်သစ် ၄၁ တန်ကျော် ဖမ်းဆီးရမိ

တရားမဝင်သစ်များ ဖမ်းဆီးရရှိမှုအား တွေ့ရစဉ်(ဓာတ်ပုံ-သစ်တောဦးစီးဌာန)

ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အာဏာပိုင်များသည် တစ်ပတ်အတွင်း နိုင်ငံအနှံ့ တရားမဝင်သစ် ၄၁ တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံပိုင် မြန်မာ့အလာင်းသတင်းစာက ယနေ့(မတ် ၁၂ ရက်)က ထုတ်ပြန်သော သတင်းအရ သိရသည်။
မတ် ၃ ရက်မှ ၉ ရက်အတွင်း အာဏာပိုင်များက ကျွန်းသစ် ၁၀ တန်ကျော်၊ သစ်မာ ၁၀ တန်ကျော်နှင့် အခြားသစ်အမျိုးအစား ၂၁ တန်ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း သ်ရသည်။
အဆိုပါ သစ်များဖမ်းဆီးရာတွင် တရားခံ ၁၀ ဦးကို အရေးယူခဲ့ပြီး ယာဉ်သုံးစီးနှင့် စက်ယန္တရားများကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
သစ်တောဦးစီးဌာနသည် တရားမ၀င်သစ်ခိုးထုတ်မှုနှင့် သစ်တောထွက်ပစ္စည်းတရားမဝင်ကုန်သွယ်မှုများကို တားဆီးနိုင်ရန် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရူသတင်းပို့စနစ်ဖြင့် နှိမ်နင်းလျက်ရှိကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
Myanmar seizes over 41 tons of illegal timbers in a week

YANGON, March 12 (Xinhua) — Myanmar authorities have seized over 41 tons of illegal timbers across the country in a week, the state-run daily Myanma Alinn reported on Wednesday.
Between March 3 and 9, the authorities confiscated over 10 tons of teak, more than 10 tons of hardwood and over 21 tons of other types of timbers, the report said.
During the operation, 10 offenders were charged, and three vehicles and machines were also seized, it added.
The country’s Forest Department has been cracking down on illegal logging and illegal trade of forest products through various measures, including a community monitoring and reporting system, the report said. Enditem