Connect with us

China

မြန်မာနိုင်ငံ မြဝတီဒေသမှ ဆက်သွယ်ရေးလိမ်လည်မှုတွင် ပါဝင်ပတ်သက်သည့် သံသယရှိသူ တရုတ်နိုင်ငံသား စုစုပေါင်း ၂၈၇၆ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် နန်ကျင်းမြို့ လုခိုအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စင်းလုံးငှားလေယာဉ် ဆိုက်ရောက်လာမှုနှင့်အတူ မြန်မာနိုင်ငံ မြဝတီဒေသ ဆက်သွယ်ရေးလိမ်လည်မှုတွင် ပါဝင်ပတ်သက်သည့် သံသယရှိသူ တရုတ်နိုင်ငံသား ၂၀၀ ဦးပါဝင်သောအဖွဲ့အား တရုတ်ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာသည်ကို ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)
လတ်တလောရက်ပိုင်းအတွင်း တရုတ်နိုင်ငံ အရပ်ဘက်လေကြောင်းလိုင်းမှ စင်းလုံးငှားလေယာဉ်များသည် တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် နန်ကျင်းမြို့နှင့် ရှန်ဟိုင်းမြို့ ဖူတုန်းဒေသ အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ ဆိုက်ရောက်လာသည်နှင့်အတူ မြန်မာနိုင်ငံ မြဝတီဒေသမှ ဆက်သွယ်ရေးလိမ်လည်မှုတွင် ပါဝင်ပတ်သက်သည့် သံသယရှိသူ တရုတ်နိုင်ငံသား နောက်ထပ် ၂,၂၅၅ ဦးကို တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနအဖွဲ့အစည်းက ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း မတ် ၁၄ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ သိရှိရသည်။ မြန်မာနိုင်ငံ မြဝတီဒေသ ဆက်သွယ်ရေးလိမ်လည်မှုတွင် ပါဝင်ပတ်သက်သည့် သံသယရှိသူများအား သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းကို ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ တရုတ်-မြန်မာ-ထိုင်းနိုင်ငံတို့က ပူးတွဲဖော်ဆောင်လာချိန်မှစ၍ ဆက်သွယ်ရေးလိမ်လည်မှုတွင် ပါဝင်ပတ်သက်သည့် သံသယရှိသူ တရုတ်နိုင်ငံသား စုစုပေါင်း ၂၈၇၆ ဦးအား တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် နန်ကျင်းမြို့ လုခိုအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စင်းလုံးငှားလေယာဉ် ဆိုက်ရောက်လာမှုနှင့်အတူ မြန်မာနိုင်ငံ မြဝတီဒေသ ဆက်သွယ်ရေးလိမ်လည်မှုတွင် ပါဝင်ပတ်သက်သည့် သံသယရှိသူ တရုတ်နိုင်ငံသား ၂၀၀ ဦးပါဝင်သောအဖွဲ့အား တရုတ်ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာသည်ကို ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………
(Chinese Version)
新华社快讯:累计2876名缅甸妙瓦底地区的中国籍涉诈犯罪嫌疑人经泰国被押解回国
新华社快讯:记者3月14日从公安部获悉,随着近日多架中国民航包机分别降落在江苏南京和上海浦东国际机场,又有2255名缅甸妙瓦底地区的中国籍涉诈犯罪嫌疑人被我公安机关经泰国押解回国。自2月20日中缅泰联合开展缅甸妙瓦底地区涉诈犯罪嫌疑人遣返押解工作以来,共有2876名中国籍涉诈犯罪嫌疑人被押解回国。
图说:2月20日,随着中国民航包机降落在江苏南京禄口国际机场,缅甸妙瓦底地区的200名中国籍涉诈犯罪嫌疑人,经泰国被我公安机关押解回国。新华社记者 殷刚 摄