Connect with us

Environment, Disasters & Accidents

အမြန်လမ်း၌ သစ်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် တိုက်မိပြီး ၂ဦးသေဆုံး၊၁၁ဦး ဒဏ်ရာရရှိ

သစ်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် တိုက်မိမှုဖြစ်ပွားနေစဉ်(ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၂၃/၆)နှင့် (၁၂၃/၇) ကြားတွင် သစ်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့ တိုက်မိပြီး၂ဦးသေဆုံး၊ ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

ယနေ့ နံနက် ၁နာရီ ၃၅မိနစ်တွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ မောင်းနှင်နေသော FUSO(၁၂)ဘီး ယာဉ်၏ နောက်ပိုင်းအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။အဆိုပါ ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်ပေါ်ပါ လူ ၂၈ ဦးအနက် သံဃာ(၁)ပါးနှင့် ကျား(၁)ဦး သေဆုံးခဲ့ပြီး၊ ကျား(၇)ဦး၊ မ(၄)ဦး စုစုပေါင်း ၁၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဖြူးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.