Connect with us

China

၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းပြပွဲ ချုံချင့်၌ကျင်းပ

၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းပြပွဲတွင် လာရောက်လေ့လာသူများအား မတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ မတ် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းအသင်း (CAME) မှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းပြပွဲကို မတ် ၁၃ ရက်မှ ၁၆ ရက်အထိ ချုံချင့် နိုင်ငံတကာ ကုန်စည်ပြခန်းစင်တာ၌ ကျင်းပသွားမည်ဖြစ်သည်။

ယခုအကြိမ်ပြပွဲတွင် ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်မှု၊ ဓာတ်ရောင်ခြည်ဖြင့် ကုသမှု၊ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှု၊ ခွဲစိတ်ကုသရေးဆိုင်ရာ စက်ပစ္စည်းများ၊ ဆေးရုံ IoT ကွန်ရက် တည်ဆောက်မှု၊ အဓိက စက်ပစ္စည်းအစိတ်အပိုင်းများ၊ ဉာဏ်ရည်တုနှင့် ဆေးဘက်သုံးစက်ရုပ်၊ ဆန်းသစ်တီထွင်သည့် ဂေဟလုပ်ငန်းဥယျာဉ်ဇုန်၊ ထူးချွန်ကောင်းမွန်သည့် တရုတ်နိုင်ငံ ပြည်တွင်းထုတ် ကုသရေးစက်ပစ္စည်းများ စသဖြင့် ပရော်ဖက်ရှင်နယ်ပြခန်းဇုန် ၃၄ ခု ထားရှိကာ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကဏ္ဍမှ ကုန်ပစ္စည်းအသစ်၊ နည်းပညာအသစ်၊ လက်တွေ့အသုံးချမှုအသစ်နှင့် ကုသရေးနည်းလမ်းအသစ်များကို တစ်စုတစ်စည်းတည်း ပြသထားသဖြင့် ဆေးကုသရေး စက်ပစ္စည်းနယ်ပယ်တွင် ရှေ့ပြေးတိုးတက်မှုအခြေအနေကို ဘက်စုံ တင်ဆက်ဖော်ပြထားသည်။ (Xinhua)

၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းပြပွဲတွင် ခွဲစိတ်ကုသမှုစက်ရုပ်က သရုပ်ပြနေသည်ကို မတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————–
(Chinese Version)
2025中国医学装备展览会在渝举行
新华社照片,重庆,2025年3月14日
3月13日至16日,由中国医学装备协会主办的2025中国医学装备展览会在重庆国际博览中心举行。本次展览会设置医学影像、放射治疗、医学检验、外科装备、医院物联网建设、关键核心部件、人工智能及医用机器人、创新生态产业园区、优秀国产医疗设备等34个专业展区,集中展示万余件医疗装备领域的新产品、新技术、新应用及新方法,全方位展现医疗装备领域前沿动态。
图说1:3月14日,观众在2025中国医学装备展览会参观。新华社记者 王全超 摄
图说2:这是3月14日在2025中国医学装备展览会拍摄的手术机器人演示现场。新华社记者 王全超 摄