Politics, Law & Military
သြင်္ကန်ပွဲတော်ကာလအတွင်း အကူအညီလိုအပ်ပါက ရဲတပ်ဖွဲ့သို့အကူအညီတောင်းခံနိုင်
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)
သြင်္ကန်ပွဲတော်ကာလတွင် အေးချမ်းပျော်ရွင်စွာရေးကစားနိုင်ရေးအတွက် ပြည်သူများမှ အကူအညီ တောင်းခံလာပါက ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ချက်ခြင်းကူညီဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့သို့ အကူအညီတောင်းခံလိုပါက ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး 199 Call Center ရှိ ဖုန်းအမှတ်
199, 012323199 များသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ထို့ပြင် ၁၃၇၉ ခုနှစ် မဟာသြင်္ကန်အကြိုနေ့တွင် အများပြည်သူ အေးချမ်းစွာရေကစားနိုင်ရေး အတွက် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ လုံခြုံရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများကို အချိန်ပြည့်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
၁၃.၄.၂၀၁၈ ရက်နေ့ သြင်္ကန်အကြိုနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊မြို့နယ်များအတွင်းရှိ ရေကစား မဏ္ဍပ်များတွင်ရဲတပ်ဖွဲ့ဝင်များကမှုခင်းများမဖြစ်ပွားစေရေးကိုသက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လုံခြုံရေးအချိန်ပြည့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၊ ခရိုင်(၄)ခရိုင်တွင် စုစုပေါင်းရေကစား မဏ္ဍပ်(၁၄၈)ခုပြီး ၎င်းမဏ္ဍပ်တို့တွင် မူးယစ်ရမ်းကားမှုများ၊ ရေကစားသူအချင်းချင်း ခိုက်ရန်ဖြစ်ပွား မှုများမရှိစေရေး ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းဆောင်ရွက်လျက်ရှိကာ ယာဉ်အန္တရာယ်
ကင်းရှင်း စေရေးကို လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ဆောင်ရွက်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)