North America
အမေရိကန် ဒုတိယသမ္မတ JD Vance က မတ် ၂၈ ရက်တွင် ဂရင်းလန်းကျွန်းသို့ သွားရောက်မည်ဟုဆို

ဝါရှင်တန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)
အမေရိကန် ဒုတိယသမ္မတ JD Vance က ၎င်းသည် မတ် ၂၈ ရက်တွင် ၎င်း၏ဇနီးဖြစ်သူ Usha Vance နှင့်အတူ ဂရင်းလန်းကျွန်းအား သွားရောက်မည်ဟု မတ် ၂၅ ရက် ညနေပိုင်းတွင် လူမှုမီဒီယာ၌ ဗီဒီယိုမိန့်ခွန်း ထုတ်ပြန်ပြောကြားခဲ့သည်။
JD Vance က ၎င်းသည် ဂရင်းလန်းကျွန်းပေါ်တွင် အခြေစိုက်ထားသော အမေရိကန်စစ်တပ်ဝန်ထမ်းများအား သွားရောက်တွေ့ဆုံ၍ ဂရင်းလန်းကျွန်း လုံခြုံရေးအခြေအနေအား ကြည့်ရှုစစ်ဆေးသွားမည်ဖြစ်သည်ဟု ဆိုသည်။
Usha Vance သည် မတ် ၂၇ ရက်တွင် စတင်ထွက်ခွာ၍ ကိုယ်စားလှယ်အဖွဲ့ ဦးဆောင်ကာ ဂရင်းလန်းကျွန်းသို့ ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း Usha Vance ရုံးခန်းက မတ် ၂၃ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။ အမေရိကန်သမ္မတ အမျိုးသား လုံခြုံရေး အကြံပေး Michael Waltz နှင့် စွမ်းအင်ဝန်ကြီး Chris Wright တို့လည်း ခရီးစဉ်တွင် အတူတကွ လိုက်ပါသွားမည်ဖြစ်ကြောင်း အမေရိကန်မီဒီယာများက သတင်းဖော်ပြကြသည်။
ယခုအကြိမ်ခရီးစဉ်သည် ဒိန်းမတ်နိုင်ငံအစိုးရနှင့် ဂရင်းလန်းကျွန်း ခေါင်းဆောင်များ၏ ဝေဖန်ခြင်းနှင့် ကန့်ကွက်ခြင်းခံခဲ့ရသည်။ ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ် Mette Frederiksen က မတ် ၂၅ ရက်တွင် ဒိန်းမတ်ရေဒီယို (DR) ၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ အမေရိကန် ဒုတိယသမ္မတဇနီးနှင့် အရာရှိများစွာ မကြာမီ ဂရင်းလန်းကျွန်းသို့ လာရောက်မည့် ခရီးစဉ်သည် “လက်ခံ၍မရသော ဖိအားပေးမှု တစ်မျိုး” ဖြစ်ကြောင်း၊ ဒိန်းမတ်အစိုးရအနေဖြင့် ပြတ်ပြတ်သားသား ကန့်ကွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Usha Vance တို့ကို မည်သည့်တွေ့ဆုံမှုမျှ လုပ်ဆောင်ရန် ဖိတ်ကြားထားခြင်းမရှိကြောင်း ဂရင်းလန်းကျွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရ ဝန်ကြီးချုပ် Múte Bourup Egede က မတ် ၂၃ ရက် ညပိုင်းတွင် မီဒီယာများအား အတိအလင်းပြောကြားခဲ့သည်။ အမေရိကန်၏ အဆိုပါစီစဉ်မှုသည် ဖိအားပေးမှုနှင့် ရန်စမှုဖြစ်ပြီး “အလွန်အမင်း တိုက်ခိုက်လိုမှု” ရှိကြောင်း Múte Bourup Egede က ဒေါသကြီးစွာ ဝေဖန်ခဲ့သည်။
ဂရင်းလန်းကျွန်းသည် မြောက်အမေရိကတိုက် အရှေ့မြောက်ပိုင်းတွင် တည်ရှိပြီး ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်သည်။ အဆိုပါကျွန်းသည် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်ပြီး အလွန်မြင့်မားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိကာ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ကိစ္စရပ်များကို ဒိန်းမတ်အစိုးရက တာဝန်ယူစီမံခန့်ခွဲသည်။
အမေရိကန်သည် လက်ရှိတွင် ဂရင်းလန်းကျွန်း၌ အဓိက စစ်တပ်အခြေစိုက်စခန်း တစ်ခုရှိသည်။ ယမန်နှစ် အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲပြီးနောက် အမေရိကန် သမ္မတ ထရမ့်သည် ဂရင်းလန်းကျွန်း ထိန်းချုပ်ခွင့်အား ရယူလိုသည့် ပြင်းပြသောဆန္ဒကို အကြိမ်များစွာ ထုတ်ဖော်ပြောကြားခဲ့သည့်အပြင် “စစ်ရေး သို့မဟုတ် စီးပွားရေးအရ အကျပ်ကိုင်မှု” နည်းလမ်းဖြင့် အဆိုပါကျွန်း၏ ထိန်းချုပ်ခွင့်အား ရယူမည့် ဖြစ်နိုင်ခြေကိုလည်း ဖယ်ရှားထား၍မရကြောင်းလည်း ပြောကြားခဲ့သည်။ (Xinhua)

ဒိန်းမတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဂရင်းလန်းကျွန်း မြို့တော် Nuuk ရှုခင်းကို ၂၀၂၅ ခုနှစ် မတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒိန်းမတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဂရင်းလန်းကျွန်း Nuuk ဆိပ်ကမ်းတွင် ရပ်နားထားသော ကုန်တင်သင်္ဘောတစ်စင်းအား ၂၀၂၅ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————-
(Chinese Version)
美国副总统万斯称28日将访问格陵兰岛
新华社华盛顿3月25日电 美国副总统万斯25日下午在社交媒体上发布视频讲话说,他28日将和夫人乌莎·万斯一起访问格陵兰岛。
万斯说,他将去看望驻扎在格陵兰岛的美军人员并视察格陵兰岛的安全状况。
乌莎·万斯办公室23日宣布,她将于27日出发,率团访问格陵兰岛。据美国媒体报道,美国总统国家安全事务助理华尔兹和能源部长赖特将陪同访问。
这一访问计划遭到丹麦政府及格陵兰岛领导人的批评和抵制。丹麦首相弗雷泽里克森25日接受丹麦广播公司采访时说,美国副总统夫人及多名官员即将对格陵兰岛进行的访问“是一种不可接受的施压”,丹麦政府将坚决抵制。格陵兰岛自治政府总理埃格德23日晚对媒体明确表示,乌莎·万斯等人并未受邀参加任何会面。埃格德怒批美方这一安排是施压和挑衅,“极具攻击性”。
格陵兰岛位于北美洲东北部,是世界第一大岛。该岛是丹麦的自治领地,有高度自治权,国防和外交事务由丹麦政府掌管。美国目前在格陵兰岛有一座主要军事基地。去年美国总统选举后,美国总统特朗普屡次表达夺取格陵兰岛控制权的强烈意愿,还称不会排除通过“军事或经济胁迫”手段夺取该岛控制权的可能性。(完)
图说1、2:这是3月19日拍摄的丹麦自治领地格陵兰岛首府努克景色。新华社记者 赵丁喆 摄
图说3:3月20日,货轮停靠在丹麦自治领地格陵兰岛努克港。新华社记者 彭子洋 摄