Connect with us

China

အမေရိကန်က တင်သွင်းသည့် ကားအားလုံးကို စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမှုအပေါ် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တုံ့ပြန်

ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ)
အမေရိကန်ဘက်က ၂၃၂ စုံစမ်းစစ်ဆေးချက်ဟူ၍ အခြေခံကာ သက်ဆိုင်ရာ စည်းကြပ်ခွန် အစီအမံများ လုပ်ဆောင်ခြင်းအား တရုတ်နိုင်ငံအနေဖြင့် ခိုင်မာစွာကန့်ကွက်ကြောင်း၊ ၂၃၂ စည်းကြပ်ခွန်အစီအမံသည် နိုင်ငံစုံကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ရာကျကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အငြင်းပွားမှုဖြေရှင်းရေးယန္တရားက ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟယ်ရာ့တုန်းက ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။

ယခုအကြိမ် အမေရိကန်က လွန်ခဲ့သည့် ၆ နှစ်က မော်တော်ယာဉ်ဆိုင်ရာ ၂၃၂ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို အခြေခံ၍ စည်းကြပ်ခွန်အစီအမံများ လုပ်ဆောင်ခြင်းသည် အမျိုးသားလုံခြုံရေးဟူသော အမည်ခံဖြင့် ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွားကာကွယ်မှုအား ထပ်မံလုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ကုန်သွယ်ရေးမိတ်ဖက် အများအပြားကလည်း ယင်းအပေါ် ပြင်းပြင်းထန်ထန် မကျေနပ်ခြင်းကို ဖော်ပြကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်က ဧပြီ ၂ ရက်မှစ၍ တင်သွင်းသည့် ကားအားလုံးအပေါ် ၂၅ ရာခိုင်နှုန်း စည်းကြပ်ခွန် ကောက်ခံမည်ဖြစ်ကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မည်ကဲ့သို့မှတ်ချက်ပေးလိုသနည်း၊ အဆိုပါလုပ်ရပ်သည် သက်ဆိုင်ရာလုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှုကို မည်ကဲ့သို့ အကဲဖြတ်လိုသနည်းဟု သတင်းထောက်က တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထိုနေ့တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းခဲ့ရာ ဟယ်ရာ့တုန်းက အထက်ပါအတိုင်း တုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဟယ်ရာ့တုန်းက တစ်ကမ္ဘာလုံးကားလုပ်ငန်းသည် နိုင်ငံဖြတ်ကျော် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ကို များစွာအားကိုးရကြောင်း၊ အမေရိကန်၏ အစီအမံသည် အမေရိကန်နှင့် အခြားဒေသများ၏ ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ကို တမင်ရည်ရွယ် ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်း၊ ယင်းသည် အမျိုးသားလုံခြုံရေး ဟူသည်အတွက် အကျိုးမပြုသလို အမေရိကန်၏ ပြည်တွင်းလုပ်ငန်းများကိုလည်း အထောက်အကူပြုရာလည်း မကျကြောင်း၊ အမေရိကန် အစီအမံ၏ တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် အနိုင်ကျင့်ဗိုလ်ကျမှုဝါဒဟူသော အခြေခံကိုသာ သိသာပေါ်လွင်စေကြောင်း ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များက မျက်နှာစုံညီတွေ့ဆုံ ဆွေးနွေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်း၍ ဟယ်ရာ့တုန်းက တရုတ်-အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာဌာနများသည် အမြဲချိတ်ဆက်မှုရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍ အရေးကြီးအကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးဖလှယ်ရန်၊ တန်းတူညီမျှတွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် အပြန်အလှန်ဂရုပြုကြသော အကြောင်းအရာများအား ဖြေရှင်းရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————-
(Chinese Version)
商务部回应美国对所有进口汽车征收25%关税
新华社北京4月3日电(记者谢希瑶、王雨萧)商务部新闻发言人何亚东3日表示,中方坚决反对美方基于所谓232调查采取有关关税措施。232关税措施早已被世贸组织争端解决机制裁定违反多边贸易规则。而此次美方基于六年前所谓汽车232调查报告采取关税措施,再次以国家安全之名行贸易保护之实,很多贸易伙伴都对此表示强烈不满。
在商务部当天举行的例行新闻发布会上,有记者问,美国于4月2日起对所有进口汽车征收25%的关税。请问商务部对此有何回应?如何评估此举对相关行业的影响?何亚东作出上述回应。
何亚东说,全球汽车产业高度依赖跨国产供链,美方措施人为割裂美国与其他地区的产供链关系,既无助于所谓的国家安全,也帮助不了美国内产业,只会凸显美方措施的单边主义、保护主义和霸凌主义底色。
谈及中美经贸团队是否有举行面对面会谈的计划,何亚东表示,中美两国经贸部门一直保持沟通。中方愿与美方就两国经贸领域重要问题进行交流,通过平等对话磋商解决各自关切。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.