International Organizations
၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ချန်ပီယံလိဂ်တွင် ဘာစီလိုနာက ဒေ့ါမွန်အား ဂိုးပြတ်အနိုင်ယူခဲ့ပြီး တိုက်စစ်ကစားသမားသုံးဦးလုံး ဂိုးသွင်းယူနိုင်ခဲ့
ဧပြီ ၉ ရက် ညပိုင်းက ဘာစီလိုနာအသင်းနှင့် ဒေ့ါမွန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ဘာစီလိုနာက အိမ်ကွင်း၌ ၄-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရန် သေချာသလောက်နီးပါး ရှိနေပြီဖြစ်သည်။
ဟန်ဆီဖလစ်ခ်၏အသင်းမှာ ပထမပိုင်းအပြီး ပွဲကစားချိန်အချို့မှလွဲ၍ ပွဲချိန်အများစုကို စိုးမိုးထားခဲ့ပြီး တိုက်စစ်ကစားသမား သုံးဦးဖြစ်သော ရောဘတ် လီဝန်ဒေါစကီး၊ လာမင်းယမားလ်နှင့် ရာဖင်ညာတို့ ခြေစွမ်းပြခဲ့ပြီး ပက်ဒရီကလည်း ကွင်းလယ်ကို အကောင်းဆုံးထိန်းချုပ်ထားခဲ့ကာ ပြိုင်ဘက်ကို အပြတ်အသတ် အနိုင်ယူခဲ့ခြင်းဖြစ်သည်။
ပွဲကစားချိန် ၂၅ မိနစ်တွင် ရာဖင်ညာက ပါအူး ကူဘာစီ၏ ဖန်တီးပေးမှုမှတစ်ဆင့် အနီးကပ်ပိတ်သွင်း၍ ဘာစီလိုနာအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ဒုတိယပိုင်းပြန်စပြီး သုံးမိနစ်အကြာတွင် ရောဘတ်လီဝန်ဒေါစကီးက အနီးကပ်ခေါင်းတိုက်၍ ဘာစီလိုနာအတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သည်။
ထို့နောက် လီဝန်ဒေါစကီးကပင် အနိမ့်ကန်ချက်ဖြင့် တတိယဂိုးသွင်းယူခဲ့သလို ပွဲကစားချိန် ၇၆ မိနစ်တွင် ရာဖင်ညာ၏ ထောင့်ဖြတ်ဘောပေးပို့မှုမှတစ်ဆင့် ယမားလ်က အသာအယာပိတ်သွင်းခဲ့သဖြင့် ဘာစီလိုနာက ၄ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
…..
နည်းစနစ်ပိုင်း ဆုံးဖြတ်ချက်များကြောင့် ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီ ဝေဖန်ခံနေရ၊ မူလာ၏ အနာဂတ်နှင့်ပတ်သက်၍ ကလပ်အသင်း ဘုတ်အဖွဲ့ဝင်များကြား သဘောထားကွဲလွဲနေ
ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းမှာ အင်တာမီလန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွင် ၁-၂ ဂိုးဖြင့် စိတ်ပျက်ဖွယ်ရာ ရှုံးနိမ့်ခဲ့ပြီးနောက် မရေရာသော အခြေအနေတွင် ရှိနေသည်။
ဒါယော့ အူပါမီကာနို၊ ဂျမားလ် မူစီယာလာ၊ ဟိရိုခိ အိတို၊ ဂိုးသမား မန်နျူရယ် နူအာ အပါအဝင် ဒဏ်ရာရကစားသမား များပြားနေခြင်းကလည်း အသင်း၏အခြေအနေကို ပိုမိုရှုပ်ထွေးစေခဲ့သည်။ ထို့ပြင် အသင်း၏ ဂန္ထဝင်ကစားသမားဖြစ်သူ အသက် ၃၅ နှစ်အရွယ် သောမတ်စ်မူလာ၏ အနာဂတ် မရေမရာရှိနေခြင်းကလည်း ပရိသတ်များ၏ စိုးရိမ်မှုများကို တိုးလာစေခဲ့ပြီး ယင်းမှာ နေ့စဉ် ဆွေးနွေးစရာ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။
ဘုတ်အဖွဲ့ဝင် မက်စ် အီဘားလ်နှင့် ကြီးကြပ်ရေး ဘုတ်အဖွဲ့ဝင် ယူလီ ဟိုးနက်တို့အကြား ကလပ်အသင်း အတွင်းပိုင်း၌ အားပြိုင်မှုက မူလာအား စာချုပ်သက်တမ်း မတိုးတော့သည့် အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကို ထွက်ပေါ်စေခဲ့သည်။
ဘိုင်ယန်အသင်း၌ ၂၅ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး အသင်းအတွက် ပွဲပေါင်း ၇၄၄ ပွဲကျော် ပါဝင်ကစားပေးခဲ့သည့် လူကြိုက်များသော တိုက်စစ်ကစားသမားဖြစ်သည့် မူလာမှာ အသင်း၌ နောက်တစ်ရာသီ ဆက်လက်ကစားလိုသည်ဟု ဖွင့်ဟပြောဆိုထားသည်။ သို့ဖြစ်ရာ အသင်း၏ဆုံးဖြတ်ချက်ကြောင့် ပရိသတ်များနှင့် အသင်းဖော်များ၏ ပြင်းပြင်းထန်ထန် တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့ပြီး အသင်း၏ အတွင်းစည်း၌ သဘောထားကွဲလွဲမှုများကိုလည်း လှစ်ဟပြလျက်ရှိသည်။
ထို့အတူ အသက် ၃၈ နှစ်အရွယ် နည်းပြဖြစ်သူ ကွန်ပနီမှာလည်း ၎င်း၏ နည်းစနစ်ပိုင်း ဆုံးဖြတ်ချက်များအတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရသည်။
…..
— AFC ယူ-၁၇ အာရှဖလား ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်၌ တရုတ်အသင်းက ထိုင်းအသင်းကို အနိုင်ရရှိ
ဆော်ဒီအာရေဗျနိုင်ငံ တာအစ်ဖ်မြို့တွင် ဧပြီ ၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ AFC ယူ-၁၇ အာရှဖလား ဘောလုံးပြိုင်ပွဲ အုပ်စု-A နောက်ဆုံးပွဲစဉ်တွင် တရုတ် ယူ-၁၇ အသင်းက ထိုင်း ယူ-၁၇ အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ တရုတ် ယူ-၁၇ အသင်းအနေဖြင့် အဆိုပါပြိုင်ပွဲတွင် တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးရလဒ်ဖြင့် အဆုံးသတ်ခဲ့သည်။
တရုတ်အသင်းနှင့် ထိုင်းအသင်းတို့မှာ ပြီးခဲ့သည့် အုပ်စုပွဲစဉ် နှစ်ပွဲလုံးတွင် ရှုံးနိမ့်ထားသဖြင့် ယခုပွဲစဉ်မတိုင်မီကပင် ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးဖြစ်သည်။
…..
— ISSF World Cup ပြိုင်ပွဲ ကျားမနှစ်ယောက်တွဲ ၁၀ မီတာ လေသေနတ်ပစ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံက ရွှေတံဆိပ်ဆွတ်ခူး
အာဂျင်တီးနားနိုင်ငံ ဗျူရိုအေးရိစ်မြို့တွင် ဧပြီ ၉ ရက်က ယှဉ်ပြိုင်ခဲ့သည့် ISSF World Cup ပြိုင်ပွဲတွင် တရုတ်သေနတ်ပစ်အားကစားမယ် Wang Zifei နှင့် သေနတ်ပစ်အားကစားသမား Song Buhan တို့က ၁၀ မီတာ လေသေနတ်ပစ်ပြိုင်ပွဲ ကျားမနှစ်ယောက်တွဲပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့ရာ Wang Zifei အနေဖြင့် ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးမှာ ဗိုလ်လုပွဲ၌ တည်တည်ငြိမ်ငြိမ်ရှိကာ ယုံကြည်မှုအပြည့်ဖြင့် ယှဉ်ပြိုင်နိုင်ခဲ့ပြီး အိန္ဒိယအသင်းမှ Arya Borse နှင့် Rudrankksh Patil တို့ကို ၁၇-၉ မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ (Xinhua)
…………………….
(English Version)
Front three on fire as Barcelona trounces Dortmund in Champions League
FC Barcelona hit top gear on Wednesday night and all but ensured its place in the Champions League semifinal with a 4-0 win at home to Borussia Dortmund in their quarterfinal first-leg tie.
Apart from a short period at the end of the first half, Hansi Flick’s side dominated proceedings with the attacking trio of Robert Lewandowski, Lamine Yamal and Raphinha, with Pedri pulling the strings in midfield, tearing their rivals apart.
Raphinha turned his side’s positive start into a goal in the 25th minute, sliding in to score from very close range after Pau Cubarsi had turned Inigo Martinez’s header goalwards. Robert Lewandowski doubled Barca’s lead three minutes after the break, heading in from close range.
A third goal was coming and Lewandowski scored it with a low finish. Yamal made it 4-0 in the 76th minute after Raphinha feed him a diagonal pass for the youngster to score with arrogant ease.
…..
Kompany under fire, Muller triggers temporary excitement
Bayern Munich remains in limbo following a disappointing 2-1 defeat in the first leg of their UEFA Champions League quarterfinal against Inter Milan.
A wave of injuries – Dayot Upamecano, Jamal Musiala, Hiroki Ito, and goalkeeper Manuel Neuer – are all sidelined-has further complicated matters. Adding to the tension is the uncertainty surrounding 35-year-old club legend Thomas Muller, whose future at the club has become a daily talking point.
An internal power struggle between board member Max Eberl and supervisory board member Uli Hoeneb led to the controversial decision not to offer Muller a contract extension.
The popular forward, who has spent 25 years at the club and played more than 744 matches in Bayern colors, had expressed a desire to stay for another season. The move has sparked strong reactions from both fans and teammates, exposing rifts within the club.
Kompany, 38, has faced sharp criticism for his tactical decisions.
…..
China defeats Thailand in final AFC U17 Asian Cup group match
China’s U17 football team defeated Thailand 2-0 in its final Group A match of the 2025 AFC U17 Asian Cup on Wednesday in Taif, Saudi Arabia, concluding its campaign with one win and two losses.
Both China and Thailand had been eliminated from the tournament before the match began after having lost their previous two group matches.
…..
China takes gold in 10m air rifle mixed team at ISSF World Cup
China’s Wang Zifei clinched her second gold medal at the ISSF World Cup in Buenos Aires on Wednesday, teaming up with Song Buhan to win the 10m air rifle mixed team event.
The pair delivered a composed and confident performance in the gold medal event, defeating India’s Arya Borse and Rudrankksh Patil 17-9.