China
BYD ၏ စတုတ္ထအစင်းမြောက် ကားပို့ဆောင်ရေးသင်္ဘောအား လွှဲပြောင်းပေးအပ်

ကွမ်ကျိုး၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ စွမ်းအင်သစ်ကားထုတ်လုပ်ရေး ထိပ်တန်းကုမ္ပဏီ BYD ၏ စတုတ္ထအစင်းမြောက် ကားပို့ဆောင်ရေးသင်္ဘော “BYD SHENZHEN” ကို ဧပြီ ၂၂ ရက်တွင် တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ရီကျန်းမြို့၌ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါသင်္ဘောသည် BYD ၏ စတုတ္ထအစင်းမြောက် ကားသီးသန့်ပို့ဆောင်ရေးသင်္ဘောဖြစ်ပြီး China Merchants Group လက်အောက်ရှိ ကျင်းလိန်သင်္ဘောကျင်းမှ တည်ဆောက်ခြင်းဖြစ်သည်။ ၎င်းသည် စုစုပေါင်း အရှည် ၂၁၉.၉ မီတာ၊ အကျယ် ၃၇.၇ မီတာနှင့် စုစုပေါင်း ကုန်းပတ် ၁၆ လွှာရှိပြီး စံချိန်မီ ကားသယ်ဆောင်ရန်နေရာ ၉,၂၀၀ ရှိသဖြင့် လက်ရှိလည်ပတ်ပြေးဆွဲနေပြီဖြစ်သည့် ကမ္ဘာပေါ်တွင် သယ်ဆောင်နိုင်သော ပမာဏအကြီးဆုံး ကားပို့ဆောင်ရေးသင်္ဘော ဖြစ်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ရီကျန်းမြို့ ကျင်းလိန်သင်္ဘောကျင်း ဆိပ်ကမ်း၌ ရပ်နားထားသော ကားပို့ဆောင်ရေးသင်္ဘော “BYD SHENZHEN” ကို ၂၀၂၅ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စမ်းသပ်ပြေးဆွဲပြီး ပြန်လည်ရောက်ရှိလာသော ကားပို့ဆောင်ရေးသင်္ဘော “BYD SHENZHEN” ကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
比亚迪第四艘汽车运输船交付
新华社照片,广州,2025年4月22日
4月22日,中国新能源汽车龙头企业比亚迪第四艘汽车运输船“深圳号”(BYD SHENZHEN)在江苏仪征正式交付。该船是比亚迪的第四艘专业汽车运输船,由招商局旗下金陵船厂制造,总长219.9米,型宽37.7米,共16层甲板,拥有9200个标准装载车位,是目前已投入运营的全球装载量最大的汽车运输船。
图说1:4月22日,汽车运输船“深圳号”在江苏仪征金陵船厂正式交付(无人机照片)。 新华社发
图说2:这是4月22日拍摄的停靠在江苏仪征金陵船厂码头的汽车运输船“深圳号”(图左,无人机照片)。新华社发
图说3:3月31日,汽车运输船“深圳号”完成试航归来(无人机照片)。新华社发