Connect with us

Media

လက်နက်ကိုင်တပ်ဖွဲ့များနှင့် အရပ်ဘက်ကဏ္ဍများကြား ကြီးမားသော စည်းလုံးညီညွတ်မှုရှိကြရန် သမ္မတ ရှီ တိုက်တွန်း

ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ အလုံးစုံဦးဆောင်မှုကို ထိန်းသိမ်းရန်၊ ပြုပြင်ပြောင်းလဲမှု ဆန်းသစ်တီထွင်မှု အဆင့်မြှင့်တင်ရန်နှင့် ဆက်စပ်မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ တိုးတက်မှုရှိစေရန် လိုအပ်ကြောင်းကို အလေးထားပြောကြားလျက် တပ်မတော်နှင့် အစိုးရကြား၊ တပ်မတော်နှင့် အရပ်သားများကြား ကြီးမားသော စည်းလုံးညီညွတ်မှုရှိကြရန် တိုက်တွန်းခဲ့သည်။
CPC ဗဟိုကော်မတီ အထွေအထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီက ဧပြီ ၂၃ ရက်တွင် ပေကျင်းမြို့၌ ကျင်းပသော တပ်မတော်နှင့် အရပ်ဘက်ကဏ္ဍများကြား အပြန်အလှန်ပံ့ပိုးမှု မြှင့်တင်ရာတွင် စံပြမြို့များနှင့် ခရိုင်များအား ဂုဏ်ပြုခြင်းဆိုင်ရာ နိုင်ငံအဆင့်ကွန်ဖရင့်၌ ပြောကြားခဲ့သော လတ်တလော ညွှန်ကြားချက်အတွင်း အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ (Xinhua)

……………………….
(English Version)
Xi urges greater unity between armed forces, civilian sectors
BEIJING, April 23 (Xinhua) — Chinese President Xi Jinping has called for greater unity between the military and the government and between the military and civilians, emphasizing the need to uphold the overall leadership of the Communist Party of China (CPC), advance reform and innovation, and improve relevant policies and mechanisms.
Xi, also general secretary of the CPC Central Committee and chairman of the Central Military Commission, made the remarks in a recent instruction, which was conveyed at a national conference honoring model cities and counties in promoting mutual support between the military and civilian sectors held here on Wednesday.