Connect with us

International Organizations

၂၀၂၅ ခုနှစ် ဧပြီ ၂၅ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— လာလီဂါတွင် အက်သလက်တီကိုနှင့် ဘက်တစ်တို့ နိုင်ပွဲရခဲ့ပြီး ဗယ်လာဒိုးလစ် တန်းဆင်းရတော့မည်
ဧပြီ ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် အက်သလက်တီကို မက်ဒရစ်က ရာယို ဗယ်လက်ကာနိုကို အိမ်ကွင်း၌ ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား တတိယနေရာ၌ ဆက်လက်ရပ်တည်နေသည်။
ဒီယေဂို ဆီမြွန်နီ၏ အက်သလက်တီကို မက်ဒရစ်အနေဖြင့် ပြိုင်ဘက်ဂိုးပေါက်ရှေ့တွင် ပိုမိုထိထိရောက်ရောက် ကစားနိုင်ခဲ့သဖြင့် မြို့ခံပြိုင်ဘက်ကို ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ခြင်းဖြစ်ကာ အလက်ဇန်းဒါး ဆောလော့၊ ကော်နာ ဂယ်လက်ဂါနှင့် ဟူလီယန် အယ်လ်ဗာရက်ဇ်တို့က အနိုင်ဂိုးများကို အသီးသီးသွင်းယူခဲ့သည်။ ဗယ်လက်ကာနိုအသင်းမှာ အက်သလက်တီကိုနည်းတူ အခွင့်အရေးအများအပြား ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းသဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ယခုနိုင်ပွဲကြောင့် အက်သလက်တီကိုအနေဖြင့် လာမည့်ရာသီတွင် ဥရောပဝင်ခွင့် တစ်နေရာအတွက် သေချာသွားခဲ့ပြီဖြစ်သည်။
အခြားပွဲစဉ်တစ်ပွဲတွင် ရီးရဲလ်ဘက်တစ်က အမှတ်ပေးဇယားအောက်ဆုံးမှ ရီးရဲလ်ဗယ်လာဒိုးလစ်အား အိမ်ကွင်း၌ ၅-၁ ဂိုးဖြင့် သက်သောင့်သက်သာ အနိုင်ရရှိခဲ့ရာ ဗီလာရီးရဲလ်ကို ကျော်တက်ပြီး အဆင့်-၅ နေရာသို့ ရောက်ရှိလာခဲ့သည်။ ဗယ်လာဒိုးလစ်မှာမူ ယခုပွဲတွင် ရှုံးနိမ့်ခဲ့သဖြင့် ဒုတိယတန်းသို့ တန်းပြန်ဆင်းရရန် ကျိန်းသေသွားပြီဖြစ်သည်။
…..
— လက်စတာအသင်းတွင် ၁၃ နှစ်ကြာ ကစားခဲ့သည့် တိုက်စစ်မှူးဗာဒီ အသင်းမှထွက်ခွာတော့မည်
လက်စတာစီးတီးအသင်းတွင် ၁၃ နှစ်ကြာ ကစားခဲ့သည့် အသင်း၏ ဂန္ထဝင်ကစားသမားဖြစ်သလို အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟောင်းလည်းဖြစ်သည့် ဂျေမီ ‌ဗာဒီမှာ ယခုနွေရာသီ၌ အသင်းမှထွက်ခွာတော့မည်ဖြစ်သည်။
မထင်မရှား အသင်းငယ်တစ်သင်းဖြစ်သည့် ဖလိဝုဒ်တောင်းမှ လက်စတာအသင်းထံ ၂၀၁၂ ခုနှစ်တွင် ပြောင်းရွှေ့လာပြီးနောက် အသက် ၃၈ နှစ်အရွယ် ဗာဒီမှာ ပွဲပေါင်း ၄၉၆ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၁၉၈ ဂိုး သွင်းယူခဲ့သည်။ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီ၌ အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက် အံ့အားသင့်ဖွယ်အကောင်းဆုံး စွမ်းဆောင်မှုအဖြစ် လက်စတာအသင်း ပရီးမီးယားလိဂ်ဆုဖလား ဆွတ်ခူးခဲ့စဉ်က ပွဲစဉ် ၃၈ ပွဲတွင် ၂၄ ဂိုးအထိ သွင်းယူကာ အဓိကနေရာမှ ခြေစွမ်းပြခဲ့သည့် ဗာဒီ၏ စွမ်းဆောင်ရည်မှာ အမြဲတစေ အမှတ်ရစရာဖြစ်နေမည်ဖြစ်သည်။
၂၀၁၉-၂၀၂၀ ဘောလုံးရာသီကလည်း အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်သည့် ဗာဒီမှာ သွင်းဂိုး ၂၃ ဂိုး သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည့် အသက်အကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဗာဒီအနေဖြင့် အင်္ဂလန်အသင်းအတွက်လည်း ၂၆ ပွဲ ပါဝင်ကစားပေးခဲ့ကာ ၇ ဂိုး သွင်းယူခဲ့သည်။
…..
— ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ကာမာဗင်ဂါ ဒဏ်ရာကြောင့် ကာလရှည် အနားယူရမည်
ရီးရဲလ်မက်ဒရစ်အသင်း၏ ပြင်သစ်လက်‌ရွေးစင် ကွင်းလယ်ကစားသမား အက်ဒွါဒို ကာမာဗင်ဂါမှာ ဧပြီ ၂၃ ရက်က ဂီတာဖေးအသင်းအား ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် အဝေးကွင်းပွဲစဉ်တွင် ပေါင်ခြံဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သဖြင့် လာမည့်ရာသီအထိ အနားယူရတော့မည်ဖြစ်သည်။
အဆိုပါပွဲစဉ် ဒုတိယပိုင်းစတင်ချိန်တွင် ကြွက်သားဒဏ်ရာ ရရှိခဲ့သည့် ဩစတြီးယားကစားသမား ဒေးဗစ် အလာဘာ၏နေရာတွင် လူစားဝင်လာခဲ့သည့် ကာမာဗင်ဂါမှာ ပွဲချိန် ၈၇ မိနစ် အရောက်တွင် ဆက်လက်ကစားနိုင်ခြင်း မရှိတော့ဘဲ ကွင်းထဲမှ ထွက်ခွာခဲ့ရသည်။ ထိုအချိန်တွင် ရီးရဲလ်အနေဖြင့် လူစားလဲမှုအားလုံး ပြုလုပ်ထားပြီးဖြစ်သည်။
အလာဘာနှင့် ကာမာဗင်ဂါတို့ နှစ်ဦးစလုံးမှာ ဧပြီ ၂၆ ရက်တွင် ဘာစီလိုနာနှင့် ယှဉ်ပြိုင်ကစားရမည့် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝရန် ရုန်းကန်ရလိမ့်မည်ဟု အဆိုပါပွဲအပြီးတွင် ရီးရဲလ်နည်းပြ ကာလို အန်ဆယ်လော့တီက ပြောကြားခဲ့သည်။ သို့သော် ဧပြီ ၂၄ ရက် နံနက်ပိုင်းတွင် ဆေးစစ်ချက်ထွက်လာပြီးနောက် ကာမာဗင်ဂါ၏ ဒဏ်ရာမှာ ကနဦး ယူဆထားသည်ထက် များစွာပိုမိုဆိုးရွားနေကြောင်း သိရသည်။
…..
— ပြည်တွင်းပရိသတ်များ၏ အချစ်တော် အယ်လ်ကာရက်ဇ် ပေါင်ခြံဒဏ်ရာကြောင့် မက်ဒရစ်အိုးပင်းပြိုင်ပွဲမှ နုတ်ထွက်
စပိန်တင်းနစ်အကျော်အမော် ကားလို့စ် အယ်လ်ကာရက်ဇ်က ၎င်းအနေဖြင့် ပေါင်ခြံဒဏ်ရာကြောင့် ယခုနှစ် မက်ဒရစ်အိုးပင်းပြိုင်ပွဲအား လွဲချော်မည်ဖြစ်ကြောင်း ဧပြီ ၂၄ ရက်က အတည်ပြုပြောကြားခဲ့သည်။
ကမ္ဘာ့အဆင့်-၃ တင်းနစ်ကစားသမား အယ်လ်ကာရက်ဇ်မှာ ဧပြီ ၁၃ ရက်က ဘာစီလိုနာအိုးပင်း ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့စဉ်က ၎င်းဒဏ်ရာကို ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် မက်ဒရစ်အိုးပင်းတွင် ပါဝင်ယှဉ်ပြိုင်ရန် စိတ်အားတက်ကြွလျက်ရှိသော်လည်း မတတ်သာဘဲ နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်ဟု အယ်လ်ကာရက်ဇ်က ဖွင့်ဟပြောဆိုခဲ့သည်။
မေ ၇ ရက်တွင် စတင်မည့် ရောမ မာစတာစ်ပြိုင်ပွဲတွင် ပြန်လည်ပါဝင်နိုင်ရန် ရည်မှန်းထားပြီး ဒဏ်ရာမှ ပြန်လည်သက်သာလာစေရန် လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ပြောပြခဲ့သည်။ (Xinhua)


………………..
(English Version)
Atletico, Betis win, Valladolid relegated from La Liga
Atletico Madrid remains third in La Liga after a 3-0 win at home to Rayo Vallecano on Thursday night.
Atletico’s greater effectiveness in front of goal allowed Diego Simeone’s side to claim the Madrid derby, with Alexander Sorloth, Conor Gallagher and Julian Alvarez netting against a team that had as many chances as Atletico, but lacked a clinical edge. The result also means Atletico has at least assured a place in next season’s Europa League.
Real Betis moved above Villarreal into fifth with a comfortable 5-1 win at home to bottom side Real Valladolid, whose return to the second tier was confirmed by the defeat.
…..
Striker Vardy to leave Leicester after 13 years
Leicester City legend and former England international striker Jamie Vardy is to leave the club this summer after 13 years.
After signing from non-league Fleetwood Town in 2012, the 38-year-old has scored 198 goals in 496 appearances for Leicester, but will always be remembered for his role in the club’s Premier League title win in 2015-16, scoring 24 goals in 38 games as the club pulled off arguably the biggest upset in English football history.
At the age of 33, in 2019-20 he scored 23 goals to become the oldest player to win the Premier League Golden Boot. Vardy also netted seven goals in 26 appearances for the England national team.
…..
Camavinga set for lengthy injury lay-off
Real Madrid’s France international midfielder Eduardo Camavinga will be out until next season after suffering a serious groin injury in Wednesday’s 1-0 win away to Getafe.
Camavinga replaced David Alaba at the start of the second half after the Austrian suffered a muscle injury, but in the 87th minute he was unable to continue and had to leave the pitch, even though Madrid had used all of its substitutes.
Speaking after the game, Real Madrid coach Carlo Ancelotti commented that both Alaba and Camavinga would struggle to be fit for Saturday’s Copa del Rey final against FC Barcelona. However, tests carried out on Thursday morning showed Camavinga’s injury to be much worse than previously thought.
…..
Local favorite Alcaraz out of Madrid Open with groin injury
Spain’s tennis star Carlos Alcaraz confirmed on Thursday that he will miss this year’s Madrid Open with a groin injury.
The world No. 3 was injured during his defeat in the Barcelona Open final last Sunday. Although Alcaraz had been upbeat about competing in Madrid, he revealed he had been forced to pull out.
Alcaraz explained that he would work on his recovery with a view to return at the Rome Masters, which starts on May 7.