Connect with us

Videos

အိန္ဒိယနိုင်ငံရှိ ပြည်နယ် နှစ်ခုတွင် အင်အားပြင်းမုန်တိုင်းကြောင့် လူ ပေါင်း ၁ဝဝ ကျော် သေဆုံး

နယူးဒေလီ ၊ မေ ၄ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက လာမည့် ၄၈ နာရီအတွင်း အူထရာပရာဒက်ရှ်(Uttar Pradesh) နှင့် ရာဂျစတန်(Rajasthan) ပြည်နယ်များတွင် နောက်ထပ် အင်အားပြင်းမုန်းတိုင်ဒဏ် ခံစားရနိုင်ကြောင်း အသိပေးထားပြီး လက်ရှိအချိန်ထိ ယင်းပြည်နယ်နှစ်ခုတွင် မုန်တိုင်းကြောင့် လူပေါင်း ၁၁၂ ဦးထက်မနည်း အသက်သေဆုံးခဲ့ရပြီ ဖြစ်ကြောင်း မေလ ၃ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါပြည်နယ် နှစ်ခုတွင် မိုးသည်းထန်စွာရွာသွန်းပြီး မုန်တိုင်းပြင်းထန်စွာ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒဏ်ရာရသူပေါင်း ၂ဝဝ ကျော်အထိ ရှိခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ အိန္ဒိယနိုင်ငံပိုင် (AIR) အသံလွှင့်ဌာနက အူထရာပရာဒက်ရှ်ပြည်နယ်၌ အင်အားပြင်းမုန်တိုင်းဒဏ်ကြောင့်သေဆုံးသူ ၇၄ ဦးအထိ မြင့်တက်ခဲ့ကြောင်း နှင့် ရာဂျစတန်ပြည်နယ်တွင် သေဆုံးသူ ၃၈ ဦးရှိကြောင်း သတင်းဖော်ပြခဲ့သည်။ မေလ ၂ ရက် ညပိုင်းက တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် အပင်ကြီးများအမြစ်မှ ကျွတ်ထွက်ခြင်း နှင့် လျှပ်စစ်မီးတိုင်များ လဲပြိုခြင်း ၊ လျှပ်စစ်မီးပြတ်တောက်ခြင်း နှင့် လူနေအိမ်များ ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ရသည်။

သေဆုံးသူအများစုမှာ နေအိမ်များပြိုကျပြီး ပိမိခြင်း ၊ သစ်ပင်များလဲကျပြီး ပိမိခြင်း တို့ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း နှင့် မိုးကြိုးထိမှန်၍ သေဆုံးရသူများလည်း ရှိကြောင်း တာဝန်ရှိသူများက ဆိုသည်။ အူထရာပရာဒက်ရှ်ပြည်နယ်အတွင်းသေဆုံးသူ ထက်ဝက်ကျော်သည် လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်နေကြသော ခရိုင်များမှ ဖြစ်ကြောင်း ၊ ရာဂျစတန်ပြည်နယ်ရှိ Bharatpur ခရိုင်က မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရကြောင်း သိရသည်။ ဆိုးရွားပြင်းထန်သော မုန်တိုင်းဒဏ်ကို ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အရာရှိများက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.