Connect with us

Asia

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထား သယ်ယူပို့ဆောင်ပေးသည့် ခရီးသည် ခရီးသွားအကြိမ်ရေ စုစုပေါင်း ၉ သန်းရှိလာ

အင်ဒိုနီးရှားနိုင်ငံ Padalarang တွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထား Padalarang ဘူတာမှ ထွက်ခွာသွားသည်ကို ၂၀၂၅ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားသည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် စတင်ပြေးဆွဲသည့်အချိန်မှစ၍ ၂၀၂၅ ခုနှစ် ဧပြီ ၂၇ ရက်အထိ ခရီးသည် ခရီးသွားအကြိမ်ရေ စုစုပေါင်း ၉ သန်း ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကာ EMU ကျည်ဆန်ရထား ၂၆,၁၆၈ စင်း ပြေးဆွဲခဲ့ပြီး ဘေးကင်းလုံခြုံစွာ ပြေးဆွဲသည့်ခရီးစဉ် အကွာအဝေးသည် ကီလိုမီတာပေါင်း ၄.၁၁ သန်းကျော်ရှိကြောင်း သတင်းထောက်က ဧပြီ ၂၈ ရက်တွင် အင်ဒိုနီးရှား-တရုတ် မြန်နှုန်းမြင့်ရထား ကုမ္ပဏီလီမိတက် (KCIC) ထံမှ သိရှိရသည်။

ဂျကာတာနှင့် ဘန်ဒေါင်းအား ချိတ်ဆက်ထားသည့် အရေးပါသည့် လမ်းပန်းဆက်သွယ်ရေး နည်းလမ်းအနေဖြင့် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားသည် ဘေးကင်းလုံခြုံသော၊ အစိမ်းရောင်ဖြစ်သော၊ ထိရောက်မှုမြင့်သော၊ သက်သောင့်သက်သာရှိသော သွားလာမှုခံစားချက်ကြောင့် အင်ဒိုနီးရှားပြည်သူများ၏ ကြိုက်နှစ်သက်ခြင်းခံရသည်။ လက်ရှိတွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားသည် နေ့စဉ် ရထားအစင်းရေ ၆၂ စင်း ပြေးဆွဲလျက်ရှိပြီး တစ်နေ့ချင်း ပို့ဆောင်သော ခရီးသည် ခရီးသွားအကြိမ်ရေသည် အများဆုံး ၂၄,၃၅၀ ရှိကြောင်း သိရသည်။

ဧပြီလဆန်းပိုင်းတွင် ပြီးဆုံးခဲ့သည့် ၂၀၂၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ရာမ်ဇန်ဥပုသ် ပိတ်ရက်ကာလအတွင်း ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထား၏ ခရီးသွားဧည့်သည်ပမာဏသည် အဆက်မပြတ်တိုးတက်လာပြီး စုစုပေါင်း ခရီးသည် ခရီးသွားအကြိမ်ရေ ၃၄၁,၁၀၀ ပို့ဆောင်ပေးခဲ့ကာ တစ်နေ့ပျမ်းမျှ ပို့ဆောင်ပေးသည့် ခရီးသည် ခရီးသွားပမာဏကို အကြိမ်ရေ ၁၆,၅၀၀ မှ ၂၃,၅၀၀ ကြားတွင် ထိန်းထားကြောင်း သိရသည်။

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းကို တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံက ပူးပေါင်းတည်ဆောက်ခြင်းဖြစ်ပြီး စုစုပေါင်းအရှည် ၁၄၂.၃ ကီလိုမီတာရှိသည်။ အမြင့်ဆုံး ပြေးဆွဲမှုအမြန်နှုန်းမှာ တစ်နာရီလျှင် ၃၅၀ ကီလိုမီတာဖြစ်သဖြင့် ဂျကာတာမှ ဘန်ဒေါင်းအထိ ခရီးသွားသည့်ကြာချိန်ကို မူလက ၃ နာရီကျော်မှ ၄၆ မိနစ်အထိ လျှော့ချပေးကာ အင်ဒိုနီးရှားပြည်သူများအတွက် ထိရောက်မှုမြင့်မားသော၊ လွယ်ကူသော ခရီးသွားလာမှုနည်းလမ်းကို ပံ့ပိုးပေးခဲ့သည်။ (Xinhua)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထား Halim ဘူတာ၌ ခရီးသွားများက ရထားပလက်ဖောင်းသို့ သွားရောက်ရန် တန်းစီနေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————–
(Chinese Version)
雅万高铁累计发送旅客900万人次
新华社雅加达4月28日电(记者陶方伟)记者28日从印尼中国高速铁路有限公司获悉,自2023年10月17日开通运营至本月27日,雅万高铁已累计发送旅客900万人次,累计开行动车组列车26168列,安全运行里程超411万公里。
作为连接雅加达与万隆的重要交通方式,雅万高铁凭借安全、绿色、高效、舒适的出行体验,受到印尼民众广泛欢迎。目前,雅万高铁每日开行列车62列,单日旅客发送量最高达2.435万人次。
在4月上旬结束的2025年印尼开斋节假期期间,雅万高铁客流量持续攀升,共发送旅客34.11万人次,日均发送旅客量保持在1.65万人次至2.35万人次之间。
雅万高铁由中印尼两国合作建设,全长142.3公里,最高运行时速350公里,将雅加达至万隆的旅行时间由3个多小时缩短至46分钟,为印尼民众提供了高效便捷的出行选择。(完)
图说1:3月29日,在印度尼西亚帕达拉朗,一列雅万高铁高速动车组列车驶出帕达拉朗站。新华社发(塞提安贾尔摄)
图说2:2月17日,在印度尼西亚雅加达,乘客在雅万高铁哈利姆站排队前往站台。新华社记者 徐钦 摄