Connect with us

Videos

မြောက်ကိုရီးယား ခေါင်းဆောင် နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

ပြုံယမ်း ၊ မေ ၄ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံ အလုပ်သမားပါတီ ကော်မတီ ဥက္ကဋ္ဌ ၊ နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌ နှင့် နိုင်ငံတော် ထိပ်တန်း ခေါင်းဆောင် ကင်ဂျုံအန်း က မေလ ၃ ရက်နေ့တွင် ပါတီ ဗဟိုဌာနချုပ်သို့ အလည်အပတ် ခရီးစဉ် အဖြစ်ရောက်ရှိနေသည့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ အား တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ရိယောင်ဟို(Ri Yong Ho) ၏ ဖိတ်ကြားချက် အရ တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် နှင့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ သည် မေလ ၂ ရက်နေ့ မှ ၃ ရက်နေ့ အထိ မြောက်ကိုရီးယား နိုင်ငံ သို့သွားရောက်လည်ပတ်ခဲ့ခြင်း ဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး နှင့်လည်း တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.