China
အီရန်တွင် ပြင်းထန်သောပေါက်ကွဲမှု ဖြစ်ပွားခြင်းနှင့်စပ်လျဉ်း၍ ရှီကျင့်ဖိန်က အီရန်နိုင်ငံ သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်အား နှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့

ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အီရန်နိုင်ငံတွင် ပြင်းထန်သောပေါက်ကွဲမှု ဖြစ်ပွားခြင်းနှင့်စပ်လျဉ်း၍ ဧပြီ ၂၉ ရက်တွင် အီရန်နိုင်ငံ သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်အား နှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
ရှီကျင့်ဖိန်က အဆွေတော် အီရန်နိုင်ငံ တောင်ပိုင်း Bandar Abbas မြို့ Shahid Rajaee ဆိပ်ကမ်း၌ ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ပွား၍ လူအများအပြား သေဆုံးဒဏ်ရာရသည်ကို ဝမ်းနည်းစွာ ကြားသိရကြောင်း၊ မိမိအနေဖြင့် တရုတ်နိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံပြည်သူများကိုယ်စား သေဆုံးသူများအပေါ် အလေးအနက် ဝမ်းနည်းမိကြောင်း၊ ဒဏ်ရာရရှိသူများနှင့် သေဆုံးသူ၏ မိသားစုဝင်များကို စိတ်ရင်းစေတနာမှန်ဖြင့် နှစ်သိမ့်အားပေးပါကြောင်း ရေးသားဖော်ပြခဲ့သည်။ (Xinhua)
——————–
(Chinese Version)
习近平就伊朗发生严重爆炸事件向伊朗总统佩泽希齐扬
新华社北京4月29日电 4月29日,国家主席习近平就伊朗发生严重爆炸事件向伊朗总统佩泽希齐扬致慰问电。
习近平表示,痛悉贵国南部阿巴斯港市拉贾伊港发生严重爆炸,造成重大人员伤亡。我谨代表中国政府和中国人民,向遇难者表示深切哀悼,向伤者和遇难者家属致以诚挚慰问。(完)