Connect with us

Videos

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိ မြန်နှုန်းမြင့် အရှည်ဆုံးရထားလမ်းပိုင်းကို ဖွင့်လှစ်မည်

ဟာဘင်၊ မေ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သည် ဆိုက်ဘေးရီးယားနိုင်ငံ နှင့် ကပ်လျက် အရှေ့မြောက်ပိုင်း ဧရိယာ၌ ၎င်း၏ အရှည်ဆုံး မြန်နှုန်းမြင့် ရထားလမ်းအား ဖွင့်လှစ်သွားရန် မျှော်လင့်ထားကြောင်း သိရသည်။ ၃၄၃ကီလိုမီတာအရှည်ရှိသော ရထားလမ်းသည် ဟေးလုံကျန်းပြည်နယ် မြို့တော် ဟာဘင်မြို့ နှင့် ကျားမုစစ်မြို့ တို့ကို ဆက်သွယ်ပေးထားပြီး မေလ ၁ ရက်နေ့မှ စ၍ စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်းသိရသည်။

ယင်းရထားလမ်းသည် ခရီးသည် နှင့် ကုန်ပစ္စည်း များကို တစ်နာရီလျှင် ၂၀၀ ကီလိုမီတာ အရှိန်နှုန်းဖြင့် ပို့ဆောင်ပေးနိုင်ရန် ပုံစံရေးဆွဲထားပြီး ဟာဘင်မြို့ နှင့် ကျားမုစစ်မြို့အကြား ခရီးကြာချိန်ကို ၃၆၀ မိနစ်မှ ၁၁၀ မိနစ်အထိ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခရီးသည် နှင့် ကုန်ပစ္စည်းတင် စမ်းသပ်ရထားများအား ရထားလမ်းစနစ်များ နှင့် စွမ်းအင်ထောက်ပံ့မှု၊ မြေပြင်အနေအထား နှင့် ရထားများအပါအဝင် စီမံကိန်းများ သည် လိုအပ်ချက်များ နှင့် ကိုက်ညီခြင်းရှိမရှိ စမ်းသပ်စစ်ဆေးရန် အသုံးပြုခဲ့ကြောင်း သိရသည်။ ယင်းရထားလမ်း ၌ ကနဦးပြေးဆွဲမှုကို အပြည့်အဝမောင်းနှင်မှု တစ်လ မပြုလုပ်ခင် ဇူလိုင်လ၌ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံ ၏ ကာလ လတ် နှင့် ကာလ ရှည် ရထားလမ်းကွန်ရက်အစီအစဉ် တွင်ပါဝင်သော အဓိက စီမံကိန်းများအနက် တစ်ခု အဖြစ် မြန်နှုန်းမြင့်ရထားလမ်းများ တည်ဆောက်ခြင်းကို ၂၀၁၄ခုနှစ် ဇူလိုင်လ တွင် စတင်တည်ဆောက်ခဲ့ကြောင်း သိရသည်။ ယင်း ရထားလမ်းသည် အအေးဒဏ်ပြင်းထန်သော ဧရိယာတွင် လုံးလုံးလျားလျား တည်ရှိနေပြီး ရထားတည်ဆောက်သူများ နှင့် အနာဂတ်ရထား မောင်းနှင်သူများအတွက် စိန်ခေါ်မှုဖြစ်စေကြောင်း သိရသည်။ ဒေသတွင်း အပူချိန်သည် ဆောင်းရာသီတွင် အနုတ် ၃၅ဒီဂရီ အထိ ကျဆင်းနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.