Connect with us

Videos

ဆွံ့အနားမကြားသူများက ဝန်ဆောင်မှုပေးသည့် Silent Bakery

ကွေ့ကျိုး၊ မေ ၇ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်းကွေ့ကျိုးပြည်နယ်တွင် ဆွံ့အနားမကြားသူများက ဝန်ဆောင်မှုပေးသည့် Silent Bakeryဆိုသည့် ပေါင်မုန့်ဆိုင်တစ်ဆိုင်ရှိသည်။ ဝန်ထမ်းအများစုမှာ ဆွံ့အနားမကြားသူများဖြစ်သောကြောင့် စာရေးသားခြင်း၊ လက်အမူအယာပြခြင်းတို့ဖြင့် ဝယ်သူများနှင့် ရောင်းဝယ်ပြောဆိုကြသည်။ ဆွံ့အနားမကြားသူများအတွက်အလုပ်အကိုင်အခွင့်အလမ်းတစ်ခုဖန်တီးပေးသည့်အနေဖြင့်ထိုသို့ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း Silent Bakery ၏ co founder ဖြစ်သူ Zeng Nan က ဆိုသည်။ Silent Bakery ကို ၂ဝ၁၈ ခုနှစ် မတ်လ ၂၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဆွံ့အ နားမကြားဝန်ထမ်းပေါင်း ၁၈ ဦးအထိရှိပြီဟုသိရသည်။

ထိုသို့ လုပ်ငန်းခွင်တစ်ခုဖန်တီးပေးခြင်းအားဖြင့် မသန်သော်လည်းစွမ်းသည့် ဆွံ့အနားမကြားသူများအတွက် ပုံမှန်လူများနှင့်တန်းတူလုပ်ငန်းခွင်ဝင်ရောက်နိုင် သောကြောင့် စိတ်ခွန်အားများစွာရရှိစေပြီး မိမိကိုယ်ကို တန်ဖိုးထား ချစ်မြတ်နိုးတတ်လာစေသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.