Connect with us

Videos

ပြည်ထဲရေးဝန်ကြီးဌာန နှင့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန တို့ ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပ

နေပြည်တော် ၊ မေ ၉ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံသို့အလုပ်သဘော ချစ်ကြည်ရေး ခရီးစဉ်ရောက်ရှိလာသည့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ၊ နိုင်ငံတော် ကောင်စီဝင် ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး Mr.Zhao Kezhi ဦးဆောင်၍ ဒုတိယ ဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ အဆင့်မြင့် အရာရှိကြီးများ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် မေ ၈ ရက်တွင် နေပြည်တော်ရှိ ပြည်ထဲရေး ဝန်ကြီးဌာန၌ ပြည်ထဲရေး ဝန်ကြီးဌာန နှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန တို့အကြား တရား ဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ဝန်ကြီး အဆင့် အစည်းအဝေးအား ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုဝန်ကြီး အဆင့် အစည်းအဝေးတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေး ပူးပေါင်း ဆောင်ရွက်မှု ၊ မဲခေါင် ဒေသတွင်း နိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှု ၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေး စသည် တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုအစည်းအဝေး မှတ်တမ်းအား နှစ်နိုင်ငံ ဝန်ကြီးများက လက်မှတ် ရေးထိုးခဲ့ကြပြီး တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနသို့ကူညီထောက်ပံ့ပေးသည့် မူးယစ် ဆေးဝါး တားဆီး နှိမ်နှင်းရေး အထောက်အကူပြု ပစ္စည်းများ ၊ ရဲတပ်ဖွဲ့အသုံးအဆောင် ပစ္စည်းများ နှင့် မှုခင်း စုံစမ်း စစ်ဆေးရေး အထောက်အကူပြု ပစ္စည်းများ ၊ တရုတ်နိုင်ငံ ယူနန် ပြည်နယ်မှ တရားဥပဒေ စိုးမိုးရေးတွင် အသုံးပြုရန် မော်တော်ယာဉ်များ လှူဒါန်းခြင်း တို့အတွက် အထောက်အထား စာရွက်စာတမ်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.