International Organizations
၂၀၂၅ ခုနှစ် မေ ၈ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— မက္ကဆီကိုနိုင်ငံရှိ အက်ဇ်တက်ကာ အားကစားကွင်းအား လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပြန်လည်ဖွင့်လှစ်မည်
မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးရှိ အထင်ကရ အက်ဇ်တက်ကာ အားကစားကွင်းအား ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ လာမည့်နှစ် မတ်လ၌ ပြန်လည်ဖွင့်လှစ်သွားမည်ဟု တာဝန်ရှိသူများက မေ ၇ ရက်၌ ပြောကြားခဲ့သည်။
၁၉၇၀ ပြည့်နှစ်နှင့် ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတို့၏ ဗိုလ်လုပွဲများ ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါ အားကစားကွင်းအား လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အဖွင့်ပွဲစဉ်နှင့် အခြားပွဲစဉ်လေးပွဲအား လက်ခံကျင်းပသွားမည်ဖြစ်သည်။
……….
— ပီအက်စ်ဂျီက အာဆင်နယ်ကို အနိုင်ယူ၍ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်
မေ ၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ပီအက်စ်ဂျီက အာဆင်နယ်ကို အိမ်ကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဂိုးဖြင့် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီဖြစ်ကာ ဗိုလ်လုပွဲ၌ အင်တာမီလန်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အာဆင်နယ်အနေဖြင့် အကြိတ်အနယ် အနေအထားကို ပြန်လည်ဖန်တီးပြီး ပွဲရလဒ်ကို ပြောင်းပြန်လှန်ပစ်နိုင်မည့် အခွင့်အရေးများ ရရှိခဲ့သော်လည်း ပီအက်စ်ဂျီအသင်းဂိုးသမား ဂီယန်လူဂီ ဒွန်နာရမ်မာ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည့်အတွက် အရာမထင်ခဲ့ပေ။
အာဆင်နယ်အနေဖြင့် ရှေ့တက်၍ ဖိအားပေးတိုက်စစ်ဆင်နေချိန်တွင် အိမ်ရှင်အသင်းအနေဖြင့် တန်ပြန်တိုက်စစ်ဆင်ရန် အခွင့်အရေးများ ရရှိလာခဲ့ရာ ပွဲကစားချိန် ၂၇ မိနစ်တွင် Khvicha Kvaratskhelia ၏ ကန်ချက် တိုင်ထိထွက်လာစဉ် ဖေဘီယန်ရုဇ်က ပိတ်သွင်း၍ အဖွင့်ဂိုးသွင်းယူခဲ့သည်။
ပီအက်စ်ဂျီ၏ အလွတ်တည်ကန်ဘောအား ပါတေး၏ ခေါင်းတိုက်ဖျက်ထုတ်မှု လျှံထွက်လာစဉ် ရုဇ်က ရင်ဘတ်ဖြင့်ထိန်း၍ မြေမကျဘော အပြင်းကန်သွင်းရာတွင် ဝီလီယမ် ဆာလီဘာနှင့်ထိ၍ ဂိုးဝင်သွားခဲ့သည်။
ပွဲကစားချိန် ၇၂ မိနစ်တွင် ဂိုးဧရိယာအတွင်း အာဆင်နယ်ကစားသမားများ ရှင်းမထုတ်နိင်သည့် ဘောလုံးကို အက်ခရက်ဖ် ဟာကီမီက အနိမ့်ကန်သွင်း၍ ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သည်။
ထို့နောက် လေးမိနစ်အကြာတွင် လီယန်ဒရို ထရော့ဆက်ဒ်၏ ဖြတ်တင်ဘောပေးပို့မှုအား ဆာကာက ပိတ်သွင်း၍ အာဆင်နယ်အတွက် ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သော်လည်း ပီအက်စ်ဂျီက အနိုင်ရလဒ်ကိုအကောင်းဆုံးထိန်းထားနိုင်ခဲ့သည်။
…..
— ဩစတြေးလျ ဘောလုံးအဖွဲ့ချုပ်၏ အမှုဆောင်ချုပ် ရာထူးမှနုတ်ထွက်
ဩစတြေးလျ ဘောလုံးအဖွဲ့ချုပ် (Football Australia) အကြီးအကဲဖြစ်သူ ဂျိမ်းစ် ဂျွန်ဆင်မှာ ငါးနှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အမှုဆောင်ချုပ်အဖြစ်မှ နုတ်ထွက်သွားကြောင်း ဩစတြေးလျ ဘောလုံးအဖွဲ့ချုပ်က မေ ၈ ရက်၌ ကြေညာခဲ့သည်။
ဘောလုံးအဖွဲ့ချုပ်အား ဦးဆောင်ခွင့်ရခြင်းမှာ အထူးအခွင့်အရေးပင်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်စဉ် ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
“ဩစတြေးလျ ဘောလုံးလောကကို အကြီးအကျယ် အလေးအနက်ထားသူ တစ်ယောက်အနေနဲ့ ဒီလိုဆုံးဖြတ်ဖို့ မလွယ်ကူခဲ့ပေမဲ့ ရာထူးကနေ နုတ်ထွက်ချိန်တန်ပြီလို့ ကျွန်တော့်အနေနဲ့ ယုံကြည်လက်ခံလိုက်ပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။
…..
— အသက်အရွယ်ကို အန်တု၍ ကစားသမားဘဝ အကောင်းဆုံးအချိန်ကို ပိုင်ဆိုင်ထားသော ဝါရင့် တရုတ်အမျိုးသမီး ရေခဲပြင်ဟော်ကီကစားသမား
အသက် ၃၆ နှစ်အရွယ်၌ အားကစားသမားအများစုမှာ အကျပိုင်းသို့ ရောက်ရှိလာပြီဖြစ်သော်လည်း ထိုအယူအဆမှာ တရုတ်အမျိုးသမီး ရေခဲပြင်ဟော်ကီအသင်း ကပ္ပတိန်ဖြစ်သူ ယွီပိုင်ဝေအတွက်သက်ရောက်မှုမရှိပေ။
“ကျွန်မရဲ့ကြံ့ခိုင်မှုအပေါ် တစ်ယောက်ယောက်က သံသယရှိတယ်ဆိုရင် ကျွန်မ ရေခဲပြင်ဟော်ကီ ကစားတဲ့အချိန်မှာ လာကြည့်လိုက်ပါ” ဟု ၎င်းက ဆိုသည်။
ဧပြီလတွင် တရုတ်နိုင်ငံ တောင်ပိုင်း ဆန်းကျန့်မြို့၌ ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် IIHF Women’s World Championship ပြိုင်ပွဲ Division I အုပ်စု-A ပွဲစဉ်များတွင် အဆိုပါ ဝါရင့်ကစားသမားမှာ တရုတ်အသင်း၏ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။ (Xinhua)
………………..
(English Version)
Mexico’s Azteca Stadium to reopen ahead of World Cup
Mexico City’s iconic Azteca Stadium will be reopened next March ahead of the 2026 FIFA World Cup, officials said on Wednesday.
The venue, which staged the 1970 and 1986 World Cup finals, will host the opener and four other matches in the next edition of football’s showpiece tournament.
…..
PSG eliminates Arsenal to book Champions League final spot
Paris Saint-Germain will play Inter Milan in the UEFA Champions League final after a 2-1 win at home to Arsenal on Wednesday saw them emerge victorious 3-1 on aggregate.
Arsenal had chances to get back into contention and even overturn the tie, only to be frustrated time after time by PSG goalkeeper Gianluigi Donnarumma.
Arsenal pressed forward and gave the home side options on the break, with Khvicha Kvaratskhelia hitting the post before Fabian Ruiz opened the scoring in the 27th minute.
The midfielder latched onto Partey’s headed clearance from a free kick to control on his chest and lashed home a powerful volley that deflected off William Saliba.
Achraf Hakimi finished low into the side of the net in the 72nd minute as Arsenal failed to clear a ball in the area.
Saka pulled a goal back for Arsenal four minutes later as he bundled home a cross from Leandro Trossard, but PSG held firm to see out the win.
…..
Australian football chief executive resigns
The head of football’s governing body in Australia has resigned. Football Australia (FA) on Thursday announced that James Johnson has resigned as chief executive officer after more than five years in the role.
In a statement, Johnson said that it has been a “privilege” to lead the governing body.
“As someone who is immensely passionate about Australian football, this decision has not come easy, but I believe the time is right to step down,” he said.
…..
Chinese ice hockey veteran Yu defies age to reach career peak
At 36, most athletes are winding down their careers. But Yu Baiwei, captain of China’s women’s ice hockey team, is unfazed by this notion.
“If anyone doubts my fitness, just watch me when I hit the ice,” she said.
At the 2025 IIHF Women’s World Championship Division I Group A, held in the southern Chinese city of Shenzhen in April, the veteran was named China’s best player.