Latin America
“မက္ကဆီကို ပင်လယ်ကွေ့” အမည်ပြောင်းခြင်းအတွက် Google ကို တရားစွဲဆိုလိုက်ကြောင်း မက္ကဆီကို သမ္မတ ကြေညာ

မက္ကဆီကိုစီးတီး၊ မေ ၁၀ ရက် (ဆင်ဟွာ)
အမေရိကန် Google ကုမ္ပဏီက အမေရိကန်အသုံးပြုသူများ၏ မြေပုံဝန်ဆောင်မှုတွင် “မက္ကဆီကို ပင်လယ်ကွေ့” အား “အမေရိကန် ပင်လယ်ကွေ့” ဟု အမည်ပြောင်းလိုက်ခြင်းအပေါ် မက္ကဆီကို အစိုးရက Google ကုမ္ပဏီအား တရားဥပဒေအရ တရားစွဲဆိုပြီး ဖြစ်ကြောင်း မက္ကဆီကို သမ္မတ Claudia Sheinbaum က မေ ၉ ရက်တွင် ပြောကြားခဲ့သည်။မက္ကဆီကိုဘက်က Google ၏ အမည်ပြောင်းသည့်လုပ်ရပ်အပေါ် တရားဝင် တရားစွဲဆိုပြီး ဖြစ်ကြောင်း Claudia Sheinbaum က မေ ၉ ရက်တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ သို့သော် စွဲချက်တင်သည့် တရားရုံးနှင့် အချိန်ကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
ထရမ့်က ယခုနှစ် ဇန်နဝါရီလတွင် “မက္ကဆီကို ပင်လယ်ကွေ့” ကို “အမေရိကန် ပင်လယ်ကွေ့” အဖြစ် အမည်ပြောင်းသည့် အမိန့်ကြေညာချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့သည်။ မေ ၈ ရက်တွင် အမေရိကန် အောက်လွှတ်တော်က ဥပဒေမူကြမ်းတစ်ရပ်ကို အတည်ပြု၍ ဖက်ဒရယ်ဌာနများကို မြေပုံနှင့် စာရွက်စာတမ်း အားလုံး၌ “မက္ကဆီကို ပင်လယ်ကွေ့” အား “အမေရိကန် ပင်လယ်ကွေ့” အဖြစ် အမည်ပြောင်းရန် တောင်းဆိုခဲ့သည်။
Claudia Sheinbaum က “အမေရိကန်အစိုးရမှာ ပင်လယ်ပြင်တစ်ခုလုံးကို အမည်ပေးပိုင်ခွင့်မရှိဘူး။ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေအရ မက္ကဆီကို ပင်လယ်ကွေ့ဟာ နိုင်ငံအများအပြား အတူမျှဝေခံစားကြတဲ့ ရေပြင်ဖြစ်တယ်၊ ဒီအမည်ကလည်း နိုင်ငံတကာဥပဒေမှာ အကျုံးဝင်မှု ရှိတယ်” ဟု ပြောကြားခဲ့သည်။
မက္ကဆီကို ပင်လယ်ကွေ့သည် အမေရိကန်နိုင်ငံ၏ တောင်ဘက်၊ မက္ကဆီကိုနိုင်ငံ၏ အရှေ့ဘက်တွင် တည်ရှိသည့် ရေပြင် ဖြစ်ရာ ယင်းအမည်ကို ၁၆ ရာစုမှစ၍ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ အမေရိကန်-မက္ကဆီကို စစ်ပွဲ (၁၈၄၆ ခုနှစ်မှ ၁၈၄၈ ခုနှစ်အထိ) မဖြစ်ပွားမီ ယနေ့ အမေရိကန်နိုင်ငံ၏ တက္ကဆက်၊ ကယ်လီဖိုးနီးယားနှင့် နယူးမက္ကဆီကို စသည့် ပြည်နယ်များမှာ ထိုစဉ်က မက္ကဆီကိုနိုင်ငံပိုင် ဖြစ်ခဲ့သည်။ အမေရိကန်-မက္ကဆီကိုစစ်ပွဲ ဖြစ်ပွားပြီးနောက် မက္ကဆီကို အထိနာခဲ့ရာ နယ်မြေပိုင်နက်အများအပြား ဆုံးရှုံးခဲ့သည်။ သမိုင်းပညာရှင်အချို့က အမေရိကန်-မက္ကဆီကိုစစ်ပွဲသည် “ဒီလိုမျိုးစစ်ပွဲသမိုင်းမှာ နယ်မြေပိုင်နက်လုယူမှု အကြီးမားဆုံး လုပ်ရပ်တစ်ကြိမ်ဖြစ်တယ်” ဟု ထောက်ပြ ပြောကြားခဲ့သည်။ (Xinhua)
#US #Mexico #GulfOfMexico #အမေရိကန် #မက္ကဆီကို #မက္ကဆီကိုပင်လယ်ကွေ့
———————————————
(Chinese Version)
墨西哥总统宣布就“墨西哥湾”更名一事起诉谷歌
新华社墨西哥城5月9日电(记者翟淑睿 吴昊)墨西哥总统克劳迪娅·辛鲍姆9日表示,墨西哥政府已对美国谷歌公司提起法律诉讼,指控谷歌在美国用户的地图服务中将“墨西哥湾”更名为“美国湾”。
辛鲍姆在9日的例行记者会上表示,墨方已就谷歌更名行为提出正式起诉。但她未透露具体提交的法院机构和时间点。
特朗普今年1月签署行政令将“墨西哥湾”更名为“美国湾”。5月8日,美国众议院通过一项法案,要求联邦机构将所有地图和文件中的“墨西哥湾”更名为“美国湾”。
辛鲍姆说:“美国政府无权为整片海域命名。根据国际规则,墨西哥湾是一个多国共享的水域,其名称具有国际法律效力。”
墨西哥湾是美国以南、墨西哥以东的一片水域,该名称自16世纪开始使用。1846年至1848年美墨战争发生前,如今美国的得克萨斯、加利福尼亚和新墨西哥等州当时属于墨西哥。美墨战争后,墨西哥元气大伤,丧失大片领土。一些史学家指出,美墨战争是“这类战争史中最大的一次土地掠夺行为”。(完)
1. 3月4日,在墨西哥首都墨西哥城国家宫,墨西哥总统辛鲍姆在新闻发布会上讲话。新华社发(弗朗西斯科·卡涅多摄)