Connect with us

Media

သောမတ်စ်မူလာ ပြည်ပတွင် သွားရောက်ကစားဖွယ်ရှိ

ဘိုင်ယန်မြူးနစ်အသင်း၏ ဂန္ထဝင် ကစားသမား သောမတ်စ်မူလာက ဟော့ဖန်ဟိမ်းအား ၄ ဂိုးပြတ် အနိုင်ရရှိခဲ့သည့် ပွဲစဉ်အပြီးတွင် စိန်ခေါ်မှုအသစ်များကို ရှာဖွေလိုကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။ အဆိုပါပွဲစဉ်မှာ ၎င်းအနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းဂျာစီ ဝတ်ဆင်၍ နောက်ဆုံးပါဝင်ကစားခဲ့သည့်ပွဲစဉ် ဖြစ်ဖွယ်ရှိသည်။
“ကျွန်တော် စိတ်ဖိစီးမှုမဖြစ်ပါဘူး။ ကျွန်တော် ဘောလုံးဆက်ကစားချင်ပါသေးတယ်” ဟု ဂျာမန်အမှတ်ပေး ချန်ပီယံဆုကို ၁၃ ကြိမ် ရရှိထားသည့် မူလာက ဖွင့်ဟခဲ့သည်။ “ကျွန်တော့်အတွက် အရေးပါပြီး အစစအရာရာ အဆင်ပြေနိုင်မယ့် အရာကို ရှာဖွေရပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၄ ဖီဖာကမ္ဘာ့ဖလားချန်ပီယံဖြစ်သူ မူလာမှာ ဘိုင်ယန်အသင်းဂျာစီကို ၁၇ နှစ်နီးပါး ဝတ်ဆင်ကာ ပွဲပေါင်း ၇၀၀ ကျော် ပါဝင်ကစားခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်၏ နာမည်ကျော် မာရီယန်ပလက်ဇ်ရင်ပြင်ကို အုပ်မိုးထားသော လသာဆောင်ပေါ်တွင် ပရိသတ်များနှင့်အတူ အောင်ပွဲခံနှုတ်ဆက်ပွဲ ပြုလုပ်ခဲ့သည်။
မူလာအနေဖြင့် လော့စ်အိန်ဂျလိစ်အက်ဖ်စီနှင့် ချိတ်ဆက်မှုများရှိနေသလို အခြား မေဂျာလိဂ်ကလပ်များကလည်း ၎င်းအားခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု မီဒီယာများက ဖော်ပြလျက်ရှိသည်။ မူလာမှာ အီတလီစီးရီးအေကလပ် ဖီအိုရင်တီးနားသို့လည်း ပြောင်းရွှေ့ဖွယ်ရှိကြောင်း ကောလာဟလထွက်ပေါ်လျက်ရှိသည်။ အသက် ၃၆ နှစ် ပြည့်တော့မည့် မူလာက ၎င်းအနေဖြင့် ဆုံးဖြတ်ချက်တိုင်းကို လေးလေးနက်နက် သုံးသပ်ရမည်ဟု ပြောကြားခဲ့သည်။ (Xinhua)

………………………….
(English Version)
Muller likely to head for new shores outside Munich
Bayern icon Thomas Muller expressed his desire to seek new challenges after what appeared to be his final league match in a Bayern shirt, a 4-0 win over Hoffenheim.
“I don’t feel stressed, but I feel the desire to play football,” the 13-time German champion revealed.
“I have to find out what is important to me and see that the entire package fits,” he said.
After more than 700 games and nearly 17 years in a Bayern jersey, the 2014 FIFA World Cup winner’s farewell continued with a public celebration on the balcony above Munich’s famous Marienplatz.
Media reports have linked him with Los Angeles FC, with several other MLS clubs also expressing interest. Italian side Fiorentina is also rumored as a possible destination.
Muller noted that, at nearly 36, he must evaluate each decision carefully.