Asia
ကမ္ဘောဒီးယားနှင့် တရုတ်က အထူးယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေမှုဖြင့် ခရီးသွားနှစ်စတင်

ဖနွမ်းပင်၊ မေ ၂၄ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့က “ဆွဲဆောင်မှုရှိသော ကျန်းဆူးပြည်နယ်၊ အရောင်အသွေးစုံလင်သော ကမ္ဘောဒီးယား” ဟူသော အမည်ပေးထားသော ပူးတွဲ အထူးယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေမှုဖြင့် ၂၀၂၅ ခုနှစ် ခရီးသွားနှစ်ကို မေ ၂၄ ရက် ညနေပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖနွမ်းပင်မြို့ရှိ အထင်ကရ Chaktomuk ကဇာတ်ရုံတွင် ကျင်းပသော “၂၀၂၅ ခုနှစ် ကမ္ဘောဒီးယား-တရုတ် ခရီးသွားနှစ်” စတင်ခြင်းအခမ်းအနား၌ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီး Vongsey Vissoth က ခရီးသွားနှစ်မှာ နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးကို တစ်ဆင့်တိုးနက်ရှိုင်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“၂၀၂၅ ခုနှစ် ခရီးသွားနှစ်က ခရီးသွားလုပ်ငန်းဆိုင်ရာ ဆက်ဆံရေး၊ ကွန်ရက်ချိတ်ဆက်မှုနဲ့ ပြည်သူအချင်းချင်း ဆက်ဆံရေးအတွက် အဓိကကျတဲ့ အထောက်အကူပြုမှုအသစ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒါဟာ ကမ္ဘောဒီးယား-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု အောင်မြင်စေဖို့ မရှိမဖြစ် အခြေခံအုတ်မြစ်တွေ ဖြစ်ပါတယ်” ဟု ၎င်းက ဧည့်ပရိသတ် ၈၀၀ ခန့်အား ပြောကြားခဲ့သည်။
“ဒါက နှစ်နိုင်ငံ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေ၊ ရိုးရာအစဉ်အလာတွေ၊ အနုပညာတွေ၊ ခရီးသွားလုပ်ငန်း အလားအလာတွေ၊ ဂုဏ်ယူဖွယ်ကောင်းပြီး အမျိုးမျိုးသော ယဉ်ကျေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍကို “အစိမ်းရောင်လွှမ်းသော ရွှေ” အဖြစ် ရှုမြင်ထားပြီး လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု အမွေအနှစ် ကာကွယ်စောင့်ရှောက်ရေး၊ စီးပွားရေးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကိုလည်း အထောက်အကူပြုလျက်ရှိကြောင်း Vissoth က ဆိုသည်။
“အံ့ဖွယ်နိုင်ငံတော်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံက တရုတ်ခရီးသွားဧည့်သည်တွေနဲ့ ကမ္ဘောဒီးယားကို လာရောက်ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ကြိုဆိုဖို့နဲ့ နွေးထွေးပျူငှာစွာ ဧည့်ဝတ်ကျေပွန်ဖို့ အသင့်ပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/3Qi

ကမ္ဘောဒီးယားနိုင်ငံ စီရမ်ရိ(ပ်)ပြည်နယ်တွင် ဝတ်ပြုဆုတောင်းသူများအခမ်းအနားအတွင်း အနုပညာရှင်များ ဖျော်ဖြေတင်ဆက်နေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
Cambodia, China launch tourism year with special cultural performance
PHNOM PENH, May 24 (Xinhua) — Cambodia and China officially launched tourism year 2025 on Friday evening, with a joint special cultural performance titled “Charming Jiangsu, Colorful Cambodia”.
Speaking at the launch of the “Cambodia-China Tourism Year 2025” held at the iconic Chaktomuk Theater in Phnom Penh, Cambodian Deputy Prime Minister and Cabinet Minister Vongsey Vissoth said the tourism year would further deepen tourism cooperation between the two countries.
“The tourism year 2025 will become a new key catalyst for tourism relations, connectivity, and people-to-people ties, which are indispensable foundations for achieving the building of a Cambodia-China community with a shared future,” he told an audience of about 800.
“It will enable the two countries to promote their cultures, customs, traditions, arts, tourism potentials and glorious and diverse civilizations broader,” he added.
Vissoth said Cambodia saw the tourism sector as “green gold” as it has contributed to socio-economic development, environmental and cultural heritage protection, economic growth and poverty reduction.
“Cambodia, the Kingdom of Wonder, is ready to welcome and provide warm hospitality to Chinese tourists and investors to Cambodia,” he said. xhtxs.cn/3Qi
Photo 1: Tourists visit the Angkor Wat in Siem Reap province, Cambodia, April 15, 2025. (Sao Khuth/Xinhua)
Photo 2: Actors perform during a prayer ceremony in Siem Reap province, Cambodia on April 14, 2025. (Sovannara/Xinhua)