Connect with us

China

ဝမ်ရိနှင့် တရုတ်နိုင်ငံဆိုင်ရာ အာဖရိကနိုင်ငံများမှ သံတမန်များ အဖွဲ့လိုက်တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တရုတ်နိုင်ငံဆိုင်ရာ အာဖရိကနိုင်ငံများ၏ သံတမန်များနှင့် မေ ၂၆ ရက်က ပေကျင်းတွင် အဖွဲ့လိုက် တွေ့ဆုံ၍ “အာဖရိကနေ့” ကို အတူတကွ ဂုဏ်ပြုခဲ့ကြရာ တရုတ်နိုင်ငံဆိုင်ရာ အာဖရိကနိုင်ငံပေါင်း ၅၀ ကျော်မှ သံအမတ်ကြီး သို့မဟုတ် သံရုံးယာယီတာဝန်ခံ၊ တရုတ်နိုင်ငံဆိုင်ရာ အာဖရိကသမဂ္ဂ ကိုယ်စားလှယ်များ တက်ရောက်စဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၇ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တရုတ်နိုင်ငံဆိုင်ရာ အာဖရိကနိုင်ငံများ၏ သံတမန်များနှင့် မေ ၂၆ ရက်က ပေကျင်းတွင် အဖွဲ့လိုက် တွေ့ဆုံ၍ “အာဖရိကနေ့” ကို အတူတကွ ဂုဏ်ပြုခဲ့ကြရာ တရုတ်နိုင်ငံဆိုင်ရာ အာဖရိကနိုင်ငံပေါင်း ၅၀ ကျော်မှ သံအမတ်ကြီး သို့မဟုတ် သံရုံးယာယီတာဝန်ခံ၊ တရုတ်နိုင်ငံဆိုင်ရာ အာဖရိကသမဂ္ဂ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဝမ်ရိက ခေတ်သစ်သို့ရောက်ရှိလာသည့်အချိန်မှစ၍ သမ္မတ ရှီကျင့်ဖိန်သည် အာဖရိကတိုက်သို့ ၅ ကြိမ် ခရီးစဉ်သွားရောက်ခဲ့ပြီး စစ်မှန်သည့် ချစ်ကြည်ရင်းနှီးမှု၊ စေတနာအရင်းခံမှု ရှိသော တရုတ်နိုင်ငံ၏ အာဖရိကမူဝါဒအတွေးအခေါ်၊ မှန်ကန်သည့် ကိုယ်ကျင့်တရားနှင့် အကျိုးစီးပွားအမြင်၊ တရုတ်-အာဖရိက ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သော စိတ်ဓာတ်ကို အဆိုပြုခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့် အာဖရိကနိုင်ငံအားလုံး၏ နှစ်ဖက်ဆက်ဆံရေးကို မဟာဗျူဟာဆက်ဆံရေးအဆင့်သို့ မြှင့်တင်ခဲ့သလို တရုတ်-အာဖရိက ဆက်ဆံရေး၏ ယေဘုယျအနေအထားသည်လည်း ခေတ်သစ် အချိန်အခါမရွေး တရုတ်-အာဖရိက အေးအတူပူအမျှ အသိုက်အဝန်းအထိ မြှင့်တင်ခဲ့ရာ တရုတ်-အာဖရိကဆက်ဆံရေး သမိုင်း၏ အကောင်းဆုံးကာလသို့ ဝင်ရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ် စက်တင်ဘာလက သမ္မတ ရှီကျင့်ဖိန် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ပေကျင်းထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရာတွင် တရုတ်-အာဖရိက အတူလက်တွဲ၍ ခေတ်မီအသွင်ပြောင်းရေး ခံယူချက် ၆ ရပ်နှင့် “မိတ်ဖက်လှုပ်ရှားမှုကြီး ၁၀ ရပ်” ကို အဆိုပြုခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မကြာမီကျင်းပမည့် ဖိုရမ်ရလဒ်များဖော်ဆောင်ရေး ညှိနှိုင်းသူ ဝန်ကြီးအဆင့် အစည်းအဝေးကို အခါအခွင့်အဖြစ်ထားရှိကာ နှစ်ဖက်ခေါင်းဆောင်များ၏ သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ရေး၏ စံနမူနာဖြစ် ဖော်ဆောင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက် (GDI) ဖော်ဆောင်ရေး၏ နမူနာပုံစံ တည်ဆောက်သွားရန်၊ တရုတ်-အာဖရိက အတူတကွဖြစ်သော ခေတ်မီအသွင်ပြောင်းရေးကို အရှိန်မြှင့်တွန်းအားပေးရန် ဆန္ဒရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

နိုင်ငံတကာအခြေအနေ ပို၍ ရှုပ်ထွေးပြောင်းလဲလေ၊ တရုတ်-အာဖရိကသည် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို ပို၍ မြှင့်တင်ရမည်လေ ဖြစ်ကြောင်း၊ အင်အားသုံးနိုင်ငံရေးကို အတူတကွ ဆန့်ကျင်ပြီး နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို အတူတကွ အဆိုပြုရမည် ဖြစ်သလို ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာစနစ်ကို အတူတကွ ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ်သောအသွင်၊ အဆင်ပြေလွယ်ကူသောအသွင်သို့ အတူတကွ မြှင့်တင်ရမည် ဖြစ်ကြောင်း၊ မိမိတို့သည် အာဖရိကနိုင်ငံများ၏ တရားမျှတသော ရပ်တည်ချက်ကို အစဉ်သဖြင့် ခိုင်မာစွာ အားပေးထောက်ခံသွားမည် ဖြစ်သလို နိုင်ငံတကာစင်မြင့်ထက်တွင် အာဖရိကအနေဖြင့် ပို၍ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်မှုကို အခိုင်အမာ ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

အာဖရိက သံတမန်များကလည်း အာဖရိကန်နိုင်ငံများအနေဖြင့် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီးများနှင့် “မိတ်ဖက်လှုပ်ရှားမှုကြီး ၁၀ ရပ်” စသည်တို့အတွက် လွန်စွာ အားတက်မိပါကြောင်း၊ အာဖရိက-တရုတ် ပူးပေါင်းဆောင်ရွက်မှုအပေါ် ယုံကြည်ချက် အပြည့်ရှိကြောင်း၊ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာလိုက်နာစောင့်ထိန်းမည် ဖြစ်သလို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် မူဝါဒကို အတူတကွ ကာကွယ်ထိန်းသိမ်းပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ဘုံအကျိုးစီးပွားကို ကာကွယ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တရုတ်နိုင်ငံဆိုင်ရာ အာဖရိကနိုင်ငံများ၏ သံတမန်များနှင့် မေ ၂၆ ရက်က ပေကျင်းတွင် အဖွဲ့လိုက် တွေ့ဆုံ၍ “အာဖရိကနေ့” ကို အတူတကွ ဂုဏ်ပြုခဲ့ကြရာ တရုတ်နိုင်ငံဆိုင်ရာ အာဖရိကနိုင်ငံပေါင်း ၅၀ ကျော်မှ သံအမတ်ကြီး သို့မဟုတ် သံရုံးယာယီတာဝန်ခံ၊ တရုတ်နိုင်ငံဆိုင်ရာ အာဖရိကသမဂ္ဂ ကိုယ်စားလှယ်များ တက်ရောက်စဉ် (ဆင်ဟွာ)

———————
(Chinese Version)
王毅集体会见非洲国家驻华使节
新华社北京5月26日电 中共中央政治局委员、外交部长王毅26日在京集体会见非洲国家驻华使节并共同庆祝“非洲日”,非洲50多国驻华大使或临时代办、非盟驻华代表等出席。
王毅表示,进入新时代以来,习近平主席5次访问非洲,提出真实亲诚对非政策理念、正确义利观和中非友好合作精神,将中国同所有非洲国家的双边关系都提升到战略关系层面,中非关系整体定位也提升至新时代全天候中非命运共同体,中非关系进入了历史最好时期。
王毅说,去年9月,习近平主席在中非合作论坛北京峰会提出中非携手推进现代化六大主张和“十大伙伴行动”。中方愿以即将召开论坛成果落实协调人部长级会议为契机,落实好双方领导人共识,树立高质量共建“一带一路”的标杆,打造落实全球发展倡议的样板,加快推进中非共同的现代化。
王毅表示,国际形势越是变乱交织,中非越要加强团结合作,共同反对强权政治,共同倡导多边主义,共同维护以联合国为核心的国际体系,共同促进贸易和投资自由化便利化。我们将一如既往坚定支持非洲国家的正义立场,坚定支持非洲在国际舞台上发挥更大作用。
非洲使节们表示,非洲国家为习近平主席提出的系列全球倡议和“十大伙伴行动”等深感振奋,对非中合作充满信心,将坚定恪守一个中国原则,共同维护联合国宪章宗旨和原则,捍卫全球南方国家共同利益。(完)
1. 5月26日,中共中央政治局委员、外交部长王毅在北京集体会见非洲国家驻华使节并共同庆祝“非洲日”,非洲50多国驻华大使或临时代办、非盟驻华代表等出席。 新华社记者 岳月伟 摄