Africa & Middle East
အစ္စရေးသိမ်းပိုက်ခံ ဂိုလန်ကုန်းမြင့်ဒေသအား ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရပြီးနောက် အစ္စရေးက ဆီးရီးယားတောင်ပိုင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ဒမတ်စကပ်စ်/ဂျေရုဆလမ်၊ ဇွန် ၄ ရက် (ဆင်ဟွာ)
ဆီးရီးယားနိုင်ငံ အနောက်ပိုင်း ဒါရာပြည်နယ်ရှိ ပစ်မှတ်များကို အစ္စရေးက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယားနိုင်ငံပိုင်မီဒီယာနှင့် စစ်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီး အစ္စရေးနိုင်ငံကမူ ဆီးရီးယားဘက်မှ အစ္စရေးသိမ်းပိုက်ခံ ဂိုလန်ကုန်းမြင့်ဒေသဆီသို့ ဒုံးကျည်များဖြင့် ပစ်ခတ်မှုကို လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျော်ဒန်နိုင်ငံနယ်စပ်နှင့် အစ္စရေးသိမ်းပိုက်ခံ ဂိုလန်ကုန်းမြင့်ဒေသအနီးရှိ ယာမွတ်ခ်မြစ်ဝှမ်းဒေသကို ပစ်မှတ်ထား၍ အစ္စရေးက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယားနိုင်ငံပိုင် SANA သတင်းဌာနက ဖော်ပြခဲ့ပြီး လူအသေအပျောက်နှင့် ထိခိုက်ပျက်စီးမှု အခြေအနေကိုမူ အသေးစိတ် ဖော်ပြခြင်းမရှိသေးပေ။
ဗြိတိန်အခြေစိုက် စစ်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်သည့် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (SOHR) ကမူ အစ္စရေးဘက်က ပစ်ခတ်လိုက်သည့် အမြောက်ဆန်သုံးခုထက်မနည်း ဒါရာပြည်နယ် အနောက်ပိုင်းရှိ စိုက်ပျိုးရေးနေရာများကို ထိမှန်ခဲ့ကြောင်း၊ တိုက်ခိုက်မှုများ ဖြစ်ပွားပြီး မကြာမီတွင် ထိုဒေသ၌ အစ္စရေး၏ ဒရုန်းများကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အစ္စရေးကာကွယ်ရေးတပ် (IDF) ကလည်း အပြန်အလှန်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု အတည်ပြုခဲ့သည်။ ဆီးရီးယားနိုင်ငံဘက်မှ ဂိုလန်ကုန်းမြင့်ဒေသ တောင်ပိုင်းရှိ အစ္စရေး အခြေချအိမ်ရာများဆီသို့ ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ရာမတ် မက်ရှီမင်နှင့် ဟက်စ်ပင် အခြေချနေရာများတွင် လေကြောင်းတိုက်ခိုက်မှု သတိပေးဥဩသံများ ထွက်ပေါ်ခဲ့သည်ဟု IDF ၏ ကြေညာချက်၌ ဖော်ပြထားသည်။ အဆိုပါ ဒုံးကျည်များသည် ဟင်းလင်းပြင်နေရာများဆီသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း သိရသည်။ ဇွန် ၃ ရက် တိုက်ခိုက်မှုမှာ အာဆတ်အစိုးရ ပြုတ်ကျသွားပြီးနောက်ပိုင်း ဆီးရီးယားဘက်က အစ္စရေးပစ်မှတ်များကို ပထမဆုံးအကြိမ် တိုက်ခိုက်မှုဖြစ်သည်ဟု အစ္စရေးမီဒီယာများက ဇွန် ၃ ရက်၌ ဖော်ပြခဲ့သည်။
“IDF အမြောက်တပ်က ဆီးရီးယားနိုင်ငံတောင်ပိုင်းက ပစ်ခတ်တိုက်ခိုက်မှု အစပြုခဲ့တဲ့နေရာတွေကို တုံ့ပြန်တိုက်ခိုက်ခဲ့တယ်” ဟု IDF က ဆိုသည်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ထိုဖြစ်စဉ်အပြီးတွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။ “အစ္စရေးနိုင်ငံဘက်ကို ပစ်ခတ်တိုက်ခိုက်မှုနဲ့ ခြိမ်းခြောက်မှုမှန်သမျှအတွက် ဆီးရီးယားခေါင်းဆောင်မှာ တိုက်ရိုက်တာဝန်ရှိပါတယ်။ မကြာခင်မှာ အပြည့်အဝတုံ့ပြန်မှုကို လုပ်ဆောင်မှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း အစ္စရေးက ဂိုလန်ကုန်းမြင့်ဒေသအား ဆီးရီးယားထံမှ သိမ်းယူခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဆက်လက်သိမ်းပိုက်ထားခဲ့ရာ ကမ္ဘာ့နိုင်ငံအများစုက ထိုလုပ်ရပ်အပေါ် အသိအမှတ်ပြုခြင်းမရှိပေ။ (Xinhua)

ဂိုလန်ကုန်းမြင့်ဒေသ အရှေ့ဘက်ခြမ်းရှိ ကြားခံနယ်နိမိတ် ခြံစည်းရိုးအနီး၌ အစ္စရေးတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………..
(English Version)
Israeli artillery hits southern Syria after rockets fired at Israeli-occupied Golan
DAMASCUS/JERUSALEM, June 3 (Xinhua) — Israeli artillery struck targets in Syria’s western Daraa province on Tuesday, Syrian state media and a war monitor reported, in what Israel said was a response to rockets fired from Syria into the Israeli-occupied Golan Heights.
Syria’s state-run news agency SANA said the Israeli shelling targeted the Yarmouk Basin, a region near the Jordanian border and the Israeli-annexed Golan Heights. It provided no immediate details on casualties or damage.
The Syrian Observatory for Human Rights (SOHR), a Britain-based war monitor, reported that at least three Israeli shells hit agricultural areas in western Daraa. Israeli drones were spotted over the area shortly after the strikes, it said.
The Israel Defense Forces (IDF) confirmed the exchange. In a statement, it said two rockets were launched from Syria toward Israeli settlements in the southern Golan Heights, triggering air raid sirens in Ramat Magshimim and Haspin. The rockets exploded in open areas without causing injuries. Israeli media said Tuesday’s projectiles were the first fired from Syria against Israeli targets since the fall of the Assad government.
“In response, IDF artillery struck the sources of the fire in southern Syria,” the statement said.
Defence Minister Israel Katz issued a warning following the incident: “We hold the Syrian leader directly responsible for any threat and firing at Israel, and the full response will come soon.”
Israel seized the Golan Heights from Syria during the 1967 Middle East war and later annexed it in a move not recognised by most of the international community.
English Caption
Israeli troops are seen near the buffer zone fence on the eastern side of the Golan Heights, on Dec. 10, 2024. (Xinhua/Chen Junqing)