International Organizations
၂၀၂၅ ခုနှစ် ဇွန် ၄ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— နည်းပြအန်ဆယ်လော့တီ၏ အကျိုးပြုနိုင်မှုအပေါ် ဘရာဇီးနောက်ခံလူ မာကွင်ဟိုစ် ချီးကျူး
ဘရာဇီးလက်ရွေးစင်အသင်းအပေါ် နည်းပြသစ် ကာလိုအန်ဆယ်လော့တီ၏ ကနဦး အကျိုးပြုနိုင်မှုအပေါ် နောက်ခံလူ မာကွင်ဟိုစ်က ချီးကျူးခဲ့ပြီး အန်ဆယ်လော့တီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ အရေးကြီး ခြေစစ်ပွဲများအတွက် ပြင်ဆင်နေသည့် ဘရာဇီးအသင်းအတွက် စိတ်ဓာတ်ခွန်အားများ ဖြည့်တင်းပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်၌ တရားဝင် စတင်ကိုင်တွယ်ခဲ့သည့် အန်ဆယ်လော့တီအနေဖြင့် ဂွါယာကီမြို့တွင် ဇွန် ၅ ရက်၌ အီကွေဒေါအသင်းနှင့် ရင်ဆိုင်ရမည့် ပွဲစဉ်တွင် ဘရာဇီးအသင်းအား ပွဲဦးထွက်ကိုင်တွယ်သွားမည်ဖြစ်သည်။ ထို့နောက် ငါးရက်အကြာတွင် ဘရာဇီးအသင်းမှာ ဆော်ပေါ်လို၌ ပါရာဂွေးအသင်းအား ဧည့်ခံကစားရမည်ဖြစ်သည်။
ကမ္ဘာ့ဖလားချန်ပီယံဆု ငါးကြိမ်ရရှိထားသည့် ဘရာဇီးအသင်းအနေဖြင့် အဆိုပါ ပွဲစဉ်နှစ်ပွဲလုံးတွင် အနိုင်ရရှိပါက အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်ရန် သေချာသလောက်နီးပါး ရှိသွားမည်ဖြစ်သည်။ လက်ရှိတွင် ဘရာဇီးအသင်းမှာ တောင်အမေရိကဇုန် ခြေစစ်ပွဲ အဆင့်ရပ်တည်မှုတွင် စတုတ္ထနေရာ၌ ရှိနေပြီး ထိပ်ဆုံးခြောက်သင်းမှာ တိုက်ရိုက် ခြေစစ်ပွဲအောင်မည်ဖြစ်သည်။
“မျှော်လင့်ချက်တွေ၊ ဆန္ဒတွေနဲ့ ရည်မှန်းချက်တွေက အကောင်းဆုံး ဖြစ်နိုင်ခြေပါပဲ” ဟု ရီယိုဒီဂျနေးရိုးမြို့အနီး၊ ထရီဆိုပိုလစ်စ်မြို့ရှိ ဘရာဇီးအသင်း၏ လေ့ကျင့်ရေးကွင်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မာကွင်ဟိုစ်က ပြောကြားခဲ့သည်။
“မန်နေဂျာသစ်ဟာ သူ့ရဲ့အစွမ်းအစတွေ၊ ဘောလုံးနဲ့ပတ်သက်ပြီး သူလုပ်နိုင်တဲ့အရာတွေနဲ့ သူ့ရဲ့ဉာဏ်ရည်ဉာဏ်သွေးကို ပြသပြီးပါပြီ။ အဲဒီစွမ်းဆောင်ရည်တွေက အသင်းအတွက် လိုအပ်နေတဲ့ အရာတွေပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
…..
— ချဲလ်ဆီးအသင်းက စပို့တင်း ကွင်းလယ်ကစားသမား အက်ဆူဂိုအား ခေါ်ယူ
ယူအီးအက်ဖ်အေ ကွန်ဖရန့်စ်လိဂ် ဆုဖလားအား ပူပူနွေးနွေး ဆွတ်ခူးထားသည့် ချဲလ်ဆီးအသင်းက စပို့တင်းအသင်းမှ အသက် ၂၀ အရွယ် ပေါ်တူဂီကွင်းလယ်ကစားသမား ဒါရီယို အက်ဆူဂိုအား ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်း (အမေရိကန်ဒေါ်လာ ၂၄.၃) သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကာ ၂၀၃၃ ခုနှစ် ဇွန်လအထိ သက်တမ်းရှိသော စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ကြောင်း သိရသည်။
ခပ်ကြမ်းကြမ်း ဖျက်ထုတ်ကစားတတ်ခြင်းကြောင့် လူသိများသည့် အက်ဆူဂိုမှာ ပြီးခဲ့သည့်ရာသီ၌ စပိန်လာလီဂါကလပ် လက်စ်ပါမားစ်အသင်း၌ အငှားသွားရောက်ကစားခဲ့ရာ ၂၇ ပွဲ ပါဝင်ကစားခဲ့ပြီး လက်စ်ပါမားစ်အနေဖြင့် ခက်ခဲသော ရာသီနှင့် ကြုံခဲ့ရပြီး တန်းဆင်းခဲ့ရသော်လည်း ၎င်းမှာ ခြေစွမ်းပြနိုင်ခဲ့သည်။
အဆိုပါ ပေါ်တူဂီ ယူ-၂၁ ကစားသမားမှာ စပို့တင်း အသင်းကြီး၌ ပွဲထွက်ကစားခွင့်ရခဲ့သည့် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အသက် ၁၆ နှစ်နှင့် ၆ ရက်ဖြင့် ပွဲထွက်ကစားခွင့်ရခဲ့သည့် လူးဝစ္စ ဖီဂို၏ ယခင်စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။ အက်ဆူဂိုမှာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီက ချာဗက်စ်အသင်း၌ အငှားသွားရောက်ကစားခဲ့ပြီး ၁၄ ပွဲ ပါဝင်ကစားခဲ့သည်။
…..
— ပြင်သစ်အိုးပင်း ဆီမီးဖိုင်နယ်တွင် ဆာဘလန်ကာနှင့် ဆဝိုင်ယာတက်ခ် ထိပ်တိုက်တွေ့ဆုံ
ဇွန် ၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ကွာတားဖိုင်နယ်ပွဲစဉ်တွင် ကမ္ဘာ့အဆင့်-၁ တင်းနစ်မယ် အရီနာ ဆာဘလန်ကာနှင့် လက်ရှိချန်ပီယံ အီဂါ ဆဝိုင်ယာတက်ခ်တို့မှာ ပြိုင်ဘက်များကို အသီးသီး ပြတ်ပြတ်သားသား အနိုင်ရရှိပြီးနောက် ဆီမီးဖိုင်နယ်၌ ၎င်းတို့နှစ်ဦး ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။
ဆာဘလန်ကာမှာ ပြီးခဲ့သည့်လက ယှဉ်ပြိုင်ခဲ့သည့် အီတလီအိုးပင်းပြိုင်ပွဲ၌ ရှုံးနိမ့်ထားသည့် တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်အား အနိုင်ယူကာ ရှုံးကြွေးဆပ်နိုင်ခဲ့သည်။ အီတလီအိုးပင်း၌ ကျိန့်က ဂရင်းစလင်းချန်ပီယံဆု သုံးကြိမ်ဆွတ်ခူးထားသည့် ဆာဘလန်ကာအား ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့သည်။
ဆဝိုင်ယာတက်ခ် (ဆီဒင်-၅) ကလည်း အယ်လီနာ ဆဗစ်တိုလီနာကို ၆-၁၊ ၇-၅ ဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး ဆာဘလန်ကာနှင့် ရင်ဆိုင်ရမည့်ပွဲစဉ်မှာ စိန်ခေါ်မှုဖြစ်လာမည်ဟု ၎င်းက ပြောကြားခဲ့သည်။
…..
— မေဂျာလိဂ် (MLS) အနေဖြင့် တရုတ်နိုင်ငံတွင် ပိုမိုကျယ်ပြန့်စွာ အခြေချရန် ရည်မှန်းထားဟု ဆက်ဆံရေးအရာရှိချုပ် ပြော
တရုတ်နိုင်ငံအနေဖြင့် စိတ်ဝင်စားဖွယ် ဈေးကွက်တစ်ခုအဖြစ် ပေါ်ထွန်းလာသည်နှင့်အမျှ မေဂျာလိဂ် (MLS) ဘောလုံးပြိုင်ပွဲအနေဖြင့် တရုတ်နိုင်ငံ၌ ယင်း၏ ကမ္ဘာတစ်လွှား ထိုးဖောက်နေရာယူမှုကို ချဲ့ထွင်ရန် ရည်မှန်းလျက်ရှိသည်။
“ကျွန်တော်တို့အနေနဲ့ တရုတ်နိုင်ငံက ပရိသတ်တွေရဲ့ တုံ့ပြန်အားပေးမှုတွေကို ထပ်မံကြိုဆိုပါတယ်” ဟု မေဂျာလိဂ်ပြိုင်ပွဲ၏ ဆက်ဆံရေးအရာရှိချုပ် ဒန်ကို့တ်မန့်ချ်က နယူးယောက်မြို့ ပြည်ပမီဒီယာစင်တာတွင် ဇွန် ၃ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်အတွင်း ဆင်ဟွာသတင်းဌာန၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။ “တရုတ်နိုင်ငံမှာ ဘောလုံးအားကစားကို ရူးသွပ်တဲ့သူတွေ ကျိန်းသေပေါက် အများကြီးရှိနေတာမို့ အဲဒီမှာ အခွင့်အလမ်းတစ်ခုရှိမယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………………………………………………………………………
(English Version)
Brazil feeling Ancelotti effect
Defender Marquinhos has praised the early impact of Carlo Ancelotti on Brazil’s national team, expressing confidence that the newly appointed manager can inject a spark into the squad as it prepares for crucial World Cup qualifiers.
Ancelotti, who officially took charge last week after leaving Real Madrid, will lead Brazil for the first time on Thursday when the Selecao confronts Ecuador in Guayaquil. Five days later, Brazil will host Paraguay in Sao Paulo.
Wins in both matches will all but secure the five-time world champion a place at the 2026 FIFA World Cup in the United States, Mexico and Canada. Brazil currently sits fourth in South America’s qualifying standings, with the top six teams earning direct entry.
“The expectations, desire and ambition are the best possible,” Marquinhos told a news conference from Brazil’s training base in Teresopolis, near Rio de Janeiro, on Tuesday.
“The new manager has already shown the strength he has and what he can do in football, the intelligence he has. That’s what the national team needs.”
…..
Chelsea signs midfielder Essugo from Sporting CP
Chelsea has finalized the signing of Portuguese midfielder Dario Essugo from Sporting CP. The 20-year-old joins the newly crowned UEFA Conference League winners for a fee of 18 million pounds (24.3 million U.S. dollars) and has signed a contract through June 2033.
Essugo, known for his tough tackling, spent last season on loan at La Liga side Las Palmas, where he made 27 appearances and was a bright spot in an otherwise difficult campaign that ended in relegation.
The Portugal under-21 international made history as the youngest ever player to debut for Sporting’s first team, breaking the record previously held by Luis Figo when he took the field at 16 years and six days old. He also spent the 2023-24 season on loan with Chaves, appearing in 14 matches.
…..
Sabalenka, Swiatek set up semis encounter at French Open
World No.1 Aryna Sabalenka and reigning champion Iga Swiatek will meet in the women’s singles semifinals at the French Open after both won their respective quarterfinals in straight sets on Tuesday.
Sabalenka took revenge against China’s Zheng Qinwen, as Zheng had beaten the three-time Grand Slam winner Sabalenka for the first time at last month’s Italian Open.
Fifth seed Swiatek defeated Elina Svitolina 6-1, 7-5 to sail into the semifinals, and said the upcoming match against Sabalenka would be a challenge,
…..
MLS eyeing bigger presence in China, says communications chief
Major League Soccer (MLS) is looking to expand its global footprint, with China emerging as a market of interest.
“We welcome more engagement from Chinese fans,” said Dan Courtemanche, Chief Communications Officer of MLS, during a briefing on Tuesday at the New York Foreign Press Center in response to a question from Xinhua. “There are certainly a lot of passionate football fans in that country, and we think there’s an opportunity there.”