Connect with us

Africa & Middle East

အမေရိကန်နှင့် နျူကလီးယားဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုပြန်လည်စတင်ရန် မဆုံးဖြတ်ရသေးဟု အီရန် နိုင်ငံခြားရေးဝန်ကြီးဆို

တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အမှာစကားပြောကြားနေသော အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ဂ်ချီအား ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
အီရန်ဘက်က အမေရိကန်နှင့် နျူကလီးယားဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုပြန်လည်စတင်ရန် မဆုံးဖြတ်ရသေးကြောင်း၊ ဤကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း သို့မဟုတ် သဘောတူညီချက်တစ်စုံတစ်ရာ ရရှိခဲ့ခြင်းလည်း မရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ဂ်ချီက ဇွန် ၂၆ ရက် နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်ဟု အီရန် Mehr သတင်းဌာနက အဆိုပါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အမေရိကန်နှင့် အီရန်တို့ လာမည့်ရက်သတ္တပတ်တွင် တွေ့ဆုံဆွေးနွေးပွဲကျင်းပမည်ဖြစ်ပြီး သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်း ထရမ့်က ဇွန် ၂၅ ရက်တွင် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့၌ နေတိုး ထိပ်သီးအစည်းအဝေး တက်ရောက်ပြီးနောက် ပြောကြားခဲ့သည်။
ဖြစ်နိုင်ခြေရှိသော မည်သည့်သဘောတူညီချက်တွင်မဆို အောက်ပါအခြေအနေများ ပါဝင်ရမည်ဖြစ်သည်ဟု အာဘတ်စ် အာရက်ဂ်ချီက ပြောကြားခဲ့သည်။
ပထမမှာ အီရန်သည် ယူရေနီယံသန့်စင်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဒုတိယမှာ အီရန် အကျိုးစီးပွားအပြည့်အဝရရှိရန် အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရမည်ဖြစ်ကြောင်း၊ တတိယမှာ အီရန်အနေဖြင့် နျူကလီးယားလက်နက် မထုတ်လုပ်ရန် ကတိကဝတ်ပြုနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အကယ်၍ ဤအချက် ၃ ချက်ပါဝင်ပါက သဘောတူညီချက်ရရှိနိုင်ဖွယ်ရှိကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။
စေ့စပ်ညှိနှိုင်းမှုအလားအလာနှင့် စပ်လျဉ်း၍ အာရက်ဂ်ချီက အပစ်ရပ်စဲခဲ့သည်မှာ လက်ရှိတွင် နှစ်ရက်သာရှိသေးကြောင်း၊ စေ့စပ်ညှိနှိုင်းမှု ပြန်လည်စတင်ခြင်း သို့မဟုတ် အောင်မြင်ခြင်း ရှိနိုင် မရှိ နိုင်ကို ယခု အကဲဖြတ်ရန်မှာ စောသေးကြောင်း ပြောကြားခဲ့သည်။

အီရန် အဏုမြူစွမ်းအင်အဖွဲ့အစည်းသည် နျူကလီးယားအဆောက်အအုံ ပျက်စီးမှုအခြေအနေကို အကဲဖြတ်သုံးသပ်လျက်ရှိသလို အီရန်အစိုးရကလည်း အခြေအနေနှင့် မူဝါဒများကို လေ့လာအကဲဖြတ်လျက်ရှိပြီး စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်စတင်မည်ဆိုပါက မည်သည့်အကြောင်းအရာအသစ်များ ထည့်သွင်းရန် လိုအပ်သည်ကို ခွဲခြမ်းစိတ်ဖြာလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုနှစ် ဧပြီလမှစ၍ အမေရိကန်နှင့် အီရန်သည် အီရန်နျူကလီးယားအရေး၊ အီရန်အပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေးနှင့် စပ်လျဉ်း၍ ကြားခံဆွေးနွေးမှု ၅ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ၆ ကြိမ်မြောက်ကို မူလက ဇွန် ၁၅ ရက်၌ အိုမန်နိုင်ငံတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း အစ္စရေးက ဇွန် ၁၃ ရက် နံနက်အစောပိုင်းတွင် အီရန်အား ရုတ်တရက်တိုက်ခိုက်ခဲ့မှုကြောင့် ဖျက်သိမ်းခဲ့သည်။

အီရန်-အစ္စရေး စစ်ရေးပဋိပက္ခကာလအတွင်း အမေရိကန်က အီရန်၏ နျူကလီးယားအဆောက်အအုံ ၃ နေရာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ အီရန်-အစ္စရေး အပစ်ရပ်စဲမှုသည် ပေကျင်းစံတော်ချိန် ဇွန် ၂၄ ရက် မွန်းလွဲပိုင်းတွင် တရားဝင် အသက်ဝင်ခဲ့ကြောင်း အမေရိကန် ထုတ်ပြန်သော အချိန်ဇယားအရ သိရသည်။ (Xinhua)
……………………………..
(Chinese Version)
伊朗外长:尚未决定是否与美国重启核谈判
新华社德黑兰6月26日电 伊朗迈赫尔通讯社26日报道,伊朗外交部长阿拉格齐当天接受国家电视台采访时表示,伊朗尚未决定是否与美国重启核谈判,双方也没有就此进行过讨论或达成任何协议和安排。
美国总统特朗普25日在荷兰海牙出席北约峰会后称,美国与伊朗下周将举行会谈,并可能签署一项协议。
阿拉格齐说,任何可能达成的协议必须包含以下条件:一是伊朗继续开展铀浓缩活动;二是解除对伊制裁,以便伊朗充分受益;第三点可以是伊朗承诺不发展核武器。他强调,若协议涵盖这三点,那么就有可能达成。
谈及谈判前景,阿拉格齐表示,眼下停火才两天,现在判断谈判能否恢复或成功为时尚早。他说,伊朗原子能组织正在评估核设施受损情况,伊朗政府也在研判形势和政策,分析若重启谈判需要加入哪些新内容。
自今年4月以来,美国与伊朗已举行五轮间接会谈,就伊朗核问题和美国解除对伊制裁进行谈判。第六轮会谈原定于6月15日在阿曼举行,但因以色列13日凌晨突袭伊朗而取消。
伊以军事冲突期间,美国空袭伊朗三处核设施。按照美国方面宣布的时间表,伊以停火于北京时间24日正午后正式生效。(完)
图说:6月22日,伊朗外交部长阿拉格齐在土耳其伊斯坦布尔举行的新闻发布会上发言。新华社记者 刘磊 摄