Environment, Disasters & Accidents
ဂတ်စ်မီးဖိုပေါက်ကွဲပြီး နေအိမ် ၇လုံးမီးလောင်
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် (၈၈)ရပ်ကွက်တွင် ဂတ်စ်မီးဖိုဖြင့်ထမင်းချက်ရာမှ ဂတ်စ်မီးဖိုပေါက်ကွဲပြီး နေအိမ် ၇လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ယင်း ရပ်ကွက်အတွင်း ဇွန် ၁၁ရက်နေ့ ည ၈နာရီ ၁၅မိနစ်တွင် ဂတ်စ်မီးဖိုဖြင့်ထမင်းချက်ရာမှ ဂတ်စ်မီးဖိုပေါက်ကွဲပြီး မီးစတင်လောင်ကျွမ်းကာ သွပ်/ဓနိမိုး၊ ထရံကာ အိမ် ၇ လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး ၈နာရီ ၂၀မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်မှ သော်သော်နိုင်(ခ)အရှည်ကြီး(ဖမ်းမမိ)အား ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်း (ပ)၄၄၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးလောင်မှု)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။(Xinhua)