Connect with us

Environment, Disasters & Accidents

ဟားခါးမြို့ ဟားခါးထာရ်(၂) ရပ်ကွက်၌ မြေအက်ကွဲမှုဖြစ်ပွား

ဟားခါးမြို့ ဟားခါးထာရ်(၂) ရပ်ကွက်၌မြေအက်ကွဲမှုဖြစ်ပွားစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ချင်းပြည်နယ် ဟားခါးမြို့ ဟားခါးထာရ်(၂) ရပ်ကွက်၌ မိုးအဆက်မပြတ်ရွာသွန်း မှုကြောင့် မြေအက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ထိုသို့မြေအက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက် ဟားခါးမြို့၊ ဟားခါးထာရ်(၂)ရပ်ကွက်ရှိ ဦးချိမ်းခါရ် နေအိမ်(လူမနေသေး)၊ ဦးကြိုက်လိန်း နေအိမ်(လူမနေသေး)၊ ဒေါ်ဇိန်ပဲင်း တို့၏ လူမနေသေးသည့် နေအိမ်များနှင့် ဟားခါး – ဖလမ်းလမ်းရှိ ဦးလျန်ကျင်း၏ လူနေအိမ်တို့တွင် ဇွန် ၁၂ ရက်နေ့က မြေအက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဦးလျန်ကျင်း၏ လူနေအိမ်မှာ အန္တရာယ် ရှိနိုင်သည့်အတွက် အဆိုပါ နေအိမ်တွင် အိမ်ငှား နေထိုင်သူ ဦးဗန်အုပ်နှင့် မိသားစုဝင် (၆)ဦး တို့အား နီးစပ်ရာ ဆွေမျိုး နေအိမ်သို့ တာဝန်ရှိသူများက ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။

အလားတူ ဟားခါး- နှီာရ်လောန်းလမ်း (၁)မိုင်ခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းအထက်ပိုင်း ပေ(၁၀၀)ခန့် မှ မြေစာများ ပြိုကျ၍ လျှပ်စစ်မီးတိုင်(၂) တိုင် ပြိုလဲပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားရာ တာဝန်ရှိသူများက သွားရောက်၍ ဝိုင်းဝန်း ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.