Africa & Middle East
ခါမေနီအပေါ် မလေးစားသည့် ထရမ့်၏ပြောဆိုချက်ကို အီရန်နိုင်ငံခြားရေးဝန်ကြီး ပြစ်တင်ရှုတ်ချ၊ အီရန်အပေါ် လှုပ်ရှားမည့်အစီအစဉ် ရေးဆွဲနေသည်ဟု အစ္စရေး ဆို

တီဟီရန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်၏ ပြောဆိုချက်များက အီရန်ထိပ်တန်းခေါင်းဆောင် ခါမေနီအပေါ် “မလေးစားကြောင်းနှင့် လက်ခံနိုင်ဖွယ်မရှိကြောင်း” အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ဂ်ချီက ဇွန် ၂၈ ရက်တွင် ပြစ်တင်ရှုတ်ချခဲ့သည်။ ထိုမတိုင်မီ ထရမ့်က ၎င်းအနေဖြင့် ခါမေနီ သတ်ဖြတ်ခံရမည်ကို ကယ်တင်ခဲ့ဖူးသည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အကယ်၍ သမ္မတ ထရမ့်အနေနဲ့ သဘောတူညီချက် တကယ်ရရှိချင်တယ်ဆိုရင် အီရန်ထိပ်တန်းခေါင်းဆောင် ခါမေနီအပေါ် မလေးစားမှုနဲ့ လက်ခံနိုင်ဖွယ်မရှိတဲ့ လေသံကို စွန့်လွှတ်သင့်တယ်” ဟု အာဘတ်စ် အာရက်ဂ်ချီက ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် X လူမှုကွန်ရက်မီဒီယာတွင် ပို့စ်တင်၍ ပြောကြားခဲ့သည်။
အာဘတ်စ် အာရက်ဂ်ချီက ထရမ့်၏ ထိုမတိုင်မီ Truth Social မီဒီယာပလက်ဖောင်းတွင် တင်ထားသည့် ပို့စ်ကို ဦးတည်၍ အထက်ပါအတိုင်း သဘောထားဖော်ပြခဲ့ခြင်း ဖြစ်သည်။
ထရမ့်က ၎င်းသည် ခါမေနီ ခိုလှုံတိမ်းရှောင်နေသည့် နေရာကို အတိအကျ သိရှိကြောင်း၊ “ဒါပေမဲ့ အစ္စရေး ဒါမှမဟုတ် အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့ကို ၎င်းရဲ့အသက်အား အဆုံးသတ်စေမှာမဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။
အစ္စရေး-အီရန် အပစ်အခတ်ရပ်စဲမှု အသက်မဝင်မီအချိန်ကလည်း အစ္စရေးလေကြောင်းတိုက်လေယာဉ်များ ပြန်လည်ဆုတ်ခွာရန် ၎င်းအနေဖြင့် တောင်းဆိုခဲ့ရာ ခါမေနီအား “သေမင်းနှုတ်ခမ်းဝမှ ကယ်တင်ခဲ့တယ်” ဟု ထရမ့်က ဆိုသည်။ ထို့အပြင် ယခုရက်ပိုင်းများတွင်လည်း အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများကို ဖျက်သိမ်းရန် တောက်လျှောက် ကြိုးစားနေကြောင်း ၎င်းက ကြေညာခဲ့သည်။
အစ္စရေးသည် ဇွန် ၁၃ ရက် နံနက်ပိုင်းက အီရန်ကို လေကြောင်းဖြင့် အကြီးအကျယ် တိုက်ခိုက်ပြီးနောက် အစ္စရေး-အီရန် နှစ်ဖက် အပြန်အလှန် ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ကြသည်။ အမေရိကန်နိုင်ငံက အမေရိကန်အရှေ့ပိုင်း စံတော်ချိန် ဇွန် ၂၁ ရက်တွင် အီရန်ရှိ နျူကလီးယားအဆောက်အဦနေရာ ၃ ခုအား တိုက်ခိုက်ခဲ့ရာ အီရန်က လက်တုံ့ပြန်သည့်အနေဖြင့် ဇွန် ၂၃ ရက်တွင် ကာတာအခြေစိုက် အမေရိကန် Al Udeid လေတပ်စခန်းကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။ ဇွန် ၂၄ ရက်တွင် အမေရိကန်ဘက်က ကြေညာသည့် အချိန်ဇယားအရ အစ္စရေး-အီရန် အပစ်ရပ်မှု အသက်ဝင်ခဲ့သည်။
အကယ်၍ ထောက်လှမ်းရေးသတင်းများတွင် အီရန်၏ ယူရေနီယံသန့်စင်မှုသည် စစ်ဘက်သုံးအဆင့်ထိရောက်ရှိနိုင်သည်ဟု ဖော်ပြထားပါက အမေရိကန်အနေဖြင့် “တုံ့ဆိုင်းခြင်း အလျဉ်းမရှိ ” အီရန်ကို နောက်ထပ်တစ်ကြိမ် ဗုံးကြဲမည် ဖြစ်ကြောင်း ထရမ့်က ဇွန် ၂၇ ရက် အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် အစ္စရေးကာကွယ်ရေးဝန်ကြီး Katz က အစ္စရေး၏ လေကြောင်းအားသာချက်ကို အာမခံချက်ရှိစေရန်၊ အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ဒုံးကျည်အစီအစဉ် တိုးတက်လာမှုကို တားဆီးရန်နှင့် အီရန်၏ မည်သည့် ရန်လိုသောလှုပ်ရှားမှုမျိုးကိုမဆို တုံ့ပြန်တိုက်ခိုက်ရန်အတွက် အစ္စရေးကာကွယ်ရေးတပ်အား အီရန်ကို ဦးတည်သည့်လှုပ်ရှားမှုအစီအစဉ်ရေးဆွဲရန် ၎င်းအနေဖြင့် ညွှန်ကြားခဲ့ပြီးဖြစ်ကြောင်း X လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ အမေရိကန်သမ္မတ ထရမ့်က လေယာဉ်ပေါ်သို့မတက်မီ အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်တွင် သတင်းထောက်များ၏ မေးမြန်းမှုအား ဖြေကြားနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
伊朗外长谴责特朗普言论对哈梅内伊“不敬” 以称正制定对伊行动计划
新华社德黑兰6月28日电 伊朗外交部长阿拉格齐28日谴责美国总统特朗普的言论对伊朗最高领袖哈梅内伊“不尊重和不可接受”。特朗普此前声称,他曾拯救哈梅内伊免遭杀害。
阿拉格齐28日凌晨在社交媒体X上发帖说:“如果特朗普总统真的想要达成协议,就应该放下对伊朗最高领袖哈梅内伊的不尊重和不可接受的语气。”
阿拉格齐上述表态是针对特朗普此前在社交媒体“真实社交”上的贴文。特朗普说,他确切知道哈梅内伊的藏身之处,“但不会让以色列或美国武装部队终结他的生命”。
特朗普还说,他曾在以伊停火生效前要求以色列撤回空袭战机,把哈梅内伊“从死亡中拯救出来”。他还宣称,最近几天一直在努力争取取消对伊朗的制裁。
以色列本月13日凌晨对伊朗实施大规模空袭后,以伊互相发动多轮袭击。美国于美国东部时间21日空袭伊朗三处核设施,伊朗出于报复23日向美国驻卡塔尔的乌代德空军基地发起导弹袭击。24日,根据美方宣布的时间表,以伊停火生效。
特朗普27日在白宫记者会上表示,如果情报显示伊朗能够将铀浓缩至军用级别,美国将“毫无疑问”再次轰炸伊朗。
同日,以色列国防部长卡茨在社交媒体X上说,他已指示以色列国防军制定针对伊朗的行动计划,以确保以色列的空中优势,阻止伊朗核计划和导弹计划发展,并反击伊朗的任何敌对行动。(完)
1, 这张6月26日的视频截图显示的是伊朗最高领袖哈梅内伊在伊以停火后首次发表电视讲话。新华社/美联
2, 6月24日,在美国华盛顿白宫,美国总统特朗普在南草坪登机前回答记者提问。新华社记者胡友松摄