China
လျင်နန်မှ လိုင်ချီးသီးများ ဒူဘိုင်းသို့ ၄၈ နာရီအတွင်း လတ်လတ်ဆတ်ဆတ် ရောက်ရှိ

ပေကျင်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
အလွယ်တကူပျက်စီးလွယ်သော သစ်သီးများအနက် တစ်ခုဖြစ်သော လိုင်ချီးသီးများသည် သယ်ယူပို့ဆောင်ရေးတွင် အလွန်မြင့်မားသော တောင်းဆိုမှုများရှိသည်။ လတ်ဆတ်မှုထိန်းသိမ်းနိုင်သည့် နည်းပညာနှင့် လေကြောင်းပို့ဆောင်ရေးတို့၏ အကူအညီဖြင့် လိုင်ချီးသီးများသည် ပြည်တွင်းဈေးကွက်တွင် ရောင်းအားကောင်းသည်သာမက နိုင်ငံတကာဈေးကွက်ကိုလည်း စဉ်ဆက်မပြတ် ချဲ့ထွင်လျက်ရှိသည်။
အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) တွင် ဒူဘိုင်းလေဆိပ်သို့ ရောက်ရှိလာသော တရုတ်နိုင်ငံ လျင်နန်မှလိုင်ချီးသီးများသည် လတ်ဆတ်သော မွှေးရနံ့များ သင်းပျံ့နေသေးကာ WENCHAO Group ကုန်တိုက်ရှိ သစ်သီးနှင့်ဟင်းသီးဟင်းရွက်စင်များပေါ်သို့ လျင်မြန်စွာ ရောက်ရှိသွားပြီး “ခူးဆွတ်ခြင်းမှ စင်ပေါ်သို့ ရောက်ရှိခြင်း” လုပ်ငန်းစဉ်တစ်ခုလုံးအား ၄၈ နာရီအတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ အပတ်စဉ် နှစ်သုတ်၊ တစ်သုတ်လျှင် နှစ်တန်ခန့်ရှိသော လတ်ဆတ်သည့် လိုင်ချီးသီးများကို တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်မှ လေကြောင်းဖြင့် ဒူဘိုင်းသို့ ပို့ဆောင်ခဲ့ပြီး ဈေးကွက်သို့ ရောက်ပြီး အချိန် သုံးရက်အတွင်း အားလုံးရောင်းကုန်ခဲ့သည်။ မိုင်ထောင်ချီ ဖြတ်သန်းလာသော လျင်နန်မှ လိုင်ချီးသီးများသည် ချက်ချင်းခူးဆွတ်၍ ချက်ချင်းပို့ဆောင်ခဲ့ရာ အရှေ့အလယ်ပိုင်း စားသုံးသူများ၏ နွေရာသီ စားပွဲပေါ်တွင် “လတ်ဆတ်ချိုမြိန်သော နာမည်ကတ်” ဖြစ်လာခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် မောက်မင်မြို့ ကောင်းကျိုးခရိုင်အဆင့်မြို့လေးရှိ သစ်သီးခြံတစ်ခြံတွင် လိုင်ချီးသီးများဆွတ်ခူးနေသော တောင်သူများအား ဇွန် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် မောက်မင်မြို့ ကောင်းကျိုးခရိုင်အဆင့်မြို့လေးရှိ GUANGDONG MINGJING AGRICULTURAL DEVELOPMENT CO.,LTD တွင် လိုင်ချီးသီးများအား ကြိုတင်အအေးပေးနေသည်ကို ဇွန် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………
(Chinese Version)
镜头连中外|48小时“鲜”达 岭南荔枝香飘迪拜
新华社照片,北京,2025年6月27日
荔枝作为最难保鲜的水果之一,对运输的要求极高。在锁鲜技术和航空运输的助力下,荔枝在热销国内市场的同时,海外市场也在不断扩大。在阿联酋,刚刚抵达迪拜机场的中国岭南荔枝,仍带着新鲜清香,便迅速登上了温超集团超市的果蔬货架,确保荔枝48小时内完成“采摘到上架”的全流程。每周两批、每批约两吨的鲜荔枝,从中国广东空运至迪拜,上市后往往仅用三天时间便售罄。跨越千里的岭南荔枝,即摘即达,成为中东消费者夏日餐桌上的“鲜甜名片”。
图说1:这是6月5日在广东茂名高州一处果园拍摄的挂满荔枝果的荔枝树。 新华社记者 毛思倩 摄
图说2:6月5日,在广东茂名高州的一处果园,果农采摘荔枝。新华社记者 毛思倩 摄
图说3:6月4日,在广东茂名高州市的广东铭景农业发展有限公司,荔枝进行预冷处理。新华社记者 毛思倩 摄