Connect with us

မြန်မာ-中文

အန်းဟွေးပြည်နယ် ဟဲဖေမြို့က အနာဂတ်စက်မှုလုပ်ငန်းများ စုစည်းရာ အဆင့်မြင့်နေရာတစ်ခုအဖြစ် တည်ဆောက်

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟဲဖေမြို့ရှိ လော့ကန်ဥယျာဉ်တွင် သရုပ်ပြ ပျံသန်းနေသော ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်သည့် လျှပ်စစ်ပျံသန်းယာဉ် (eVTOL) အား ဇူလိုင် ၂ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)

ဟဲဖေ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
လက်ရှိတွင် တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟဲဖေမြို့က နိုင်ငံတော်၏ အနာဂတ်စက်မှုလုပ်ငန်း ပျိုးထောင်ရေး မဟာဗျူဟာဖြန့်ကြက်မှုနှင့်အညီ ကွမ်တမ်အချက်အလက်၊ ဝေဟင်နိမ့် စီးပွားရေး၊ စီးပွားဖြစ်အာကာသလုပ်ငန်း၊ ဖျူးရှင်းစွမ်းအင်၊ ဉာဏ်ရည်တု AI ၊ လူပုံစံတူစမတ်စက်ရုပ်နှင့် ဇီဝထုတ်လုပ်ရေးစသည့် ထုတ်လုပ်ရေးလုပ်ငန်းလမ်းကြောင်းအသစ်များကို အမြော်အမြင်ရှိစွာ ခင်းကျင်းပုံဖော်ထားပြီး အနာဂတ်စက်မှုလုပ်ငန်းများ အရှိန်မြင့် စုစည်းရေးအား တွန်းအားပေးခဲ့သည်။
အထွေထွေသုံး ဉာဏ်ရည်တုကို အရှိန်မြှင့်တင်လုပ်ဆောင်ကာ “ကွမ်တမ်သိပ္ပံ” နှင့် “ကွမ်တမ်စက်မှုလုပ်ငန်း” နှစ်ခုလုံးတွင် အဆင့်မြင့်မားသည့် နေရာအဖြစ် တည်ဆောက်ပြီး ဆန်းသစ်တီထွင်ရေးသုတေသနဌာနများ၊ စမ်းသပ်ထုတ်လုပ်ရေးစခန်းများနှင့် စက်မှုဇုန်များ တည်ဆောက်ရေးစသည်တို့အား တစ်သားတည်းတွန်းအားပေးခဲ့သည်။ ဟဲဖေမြို့သည် အနာဂတ်စက်မှုလုပ်ငန်းလမ်းကြောင်း အများအပြားတွင် အောင်မြင်မှုသစ်များ ပေါ်ထွန်းလျက် ခိုင်မာအားကောင်းသော ဖွံ့ဖြိုးတိုးတက်မှုအလားအလာများ ပြသနေသည်။ (Xinhua)

iFLYTEK ၏ AI တွေ့ကြုံခံစားမှု ပြခန်းတွင် ဝန်ထမ်းတစ်ဦးက AI သင်ထောက်ကူစက်၏ အိမ်စာများကို စစ်ပေးနိုင်သည့် လုပ်ဆောင်ချက်အား မိတ်ဆက်နေသည်ကို ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………
(Chinese Version)
活力中国调研行丨安徽合肥:打造未来产业聚集高地
新华社照片,合肥,2025年7月3日
当前,安徽省合肥市正按照国家培育未来产业的战略部署,前瞻布局量子信息、低空经济、商业航天、聚变能源、人工智能、智能机器人、生物制造等产业新赛道,推动未来产业加速集聚。发力通用人工智能,打造“量子科学”“量子产业”双高地,一体推进创新研究院、中试基地和产业园建设等,合肥在多个未来产业赛道上涌现新成果,呈现强劲发展势头。
图说1:7月2日,一架电动垂直起降飞行器(eVTOL)在合肥骆岗公园演示飞行(无人机照片)。 新华社记者 周牧 摄
图说2:7月2日,一名工作人员在科大讯飞人工智能体验馆介绍AI学习机的批改作业功能。新华社记者 张铖 摄