Connect with us

China

လီချန်နှင့် အီဂျစ်နိုင်ငံ ဝန်ကြီးချုပ် Mostafa Kamal Madbouly တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် အီဂျစ်နိုင်ငံ ဝန်ကြီးချုပ် Mostafa Kamal Madbouly တို့ ဒေသစံတော်ချိန် ဇူလိုင် ၁၀ ရက်တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဒေသစံတော်ချိန် ဇူလိုင် ၁၀ ရက်တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ အီဂျစ်နိုင်ငံ ဝန်ကြီးချုပ် Mostafa Kamal Madbouly နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် လီချန်က တရုတ်နိုင်ငံအနေဖြင့် အီဂျစ်နိုင်ငံနှင့် ဆက်ဆံရေး တိုးတက်မှုကို တရုတ်-အရှေ့အလယ်ပိုင်း သံတမန်ဆက်ဆံရေး၏ ဦးစားပေးနေရာ၌ အစဉ်အမြဲထားရှိထားကြောင်း ပြောကြားခဲ့သည်။ ယမန်နှစ်က တရုတ်-အီဂျစ်သည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း ၁၀ နှစ်ပြည့်ကို အတူတကွဂုဏ်ပြုခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ Abdel Fattah El-Sisi တို့ နှစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ရာ တရုတ်-အီဂျစ်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးတည်ချက်လားရာ ညွှန်ပြပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
လာမည့်နှစ်တွင် မိမိတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၇၀ ပြည့် အခါသမယ ကျရောက်တော့မည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ အစဉ်အလာကို ဆက်ခံ၍ အနာဂတ်သို့လှမ်းချီသည့် အရေးကြီးအခိုက်အတန့်တွင် တရုတ်နိုင်ငံအနေဖြင့် အီဂျစ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ နီးကပ်စွာသွားလာဆက်ဆံမှုအား ထိန်းသိမ်းထားပြီး မဟာဗျူဟာချိတ်ဆက်ဆွေးနွေးမှုကို မြှင့်တင်ကာ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုအား ခိုင်မြဲစွာ လုပ်ဆောင်သွားလိုကြောင်း၊ လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာလုပ်ဆောင်သွားပြီး ခေတ်မီအသွင်ပြောင်းမှု ဖော်ဆောင်သည့်လမ်းကြောင်းထက်တွင် အပြန်အလှန်အောင်မြင်မှုများ ဖြစ်ပေါ်လာအောင် ဖြည့်ဆည်းပေး၍ နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အီဂျစ်နိုင်ငံနှင့်အတူ မဟာဗျူဟာချိတ်ဆက်မှု တိုးမြှင့်၍ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွတည်ဆောက်ရေး မူဘောင်အောက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပမာဏတိုးချဲ့ပြီး ထိရောက်မှုမြှင့်တင်ရန် အားဖြည့်သွားလိုကြောင်း၊ နှစ်ဖက်ကုန်သွယ်ရေး ပိုမိုကောင်းမွန်စွာ တိုးတက်မှုကို တွန်းအားပေး၍ စွမ်းအင်သစ်၊ လျှပ်စစ်ကား၊ ဉာဏ်ရည်တု (AI)၊ ဒစ်ဂျစ်တယ်စီးပွားရေး စသည့် ထွန်းသစ်စကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်သွားလိုကြောင်း၊ ပြည်သူ့အကျိုးပြုစီမံကိန်းများအား ကောင်းမွန်စွာ အကောင်အထည်ဖော်၍ ပိုမိုများပြားသည့် ပူးပေါင်းဆောင်ရွက်မှု ထူးခြားချက်များနှင့် စီးပွားရေးတိုးတက်ချက်အသစ်များ ဖန်တီးသွားလိုကြောင်း၊ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ် အပြန်အလှန် လေ့လာသင်ယူမှုအား မြှင့်တင်ပြီး ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ မီဒီယာ၊ လူငယ်၊ ဒေသန္တရ စသည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သည့် ပြည်သူ့ဆန္ဒအခြေခံကို တစ်ဆင့်တိုးမြဲမြံအောင် လုပ်ဆောင်သွားလိုကြောင်း လီချန်က‌ ထောက်ပြပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အီဂျစ်နိုင်ငံက နိုင်ငံတကာနှင့် ဒေသတွင်းကိစ္စရပ်များတွင် ပိုမိုကြီးမားသည့်အခန်းကဏ္ဍမှ ပါဝင်မှုကို ထောက်ခံအားပေးကြောင်း၊ ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) စသည့် နိုင်ငံစုံမူဘောင်အတွင်း နီးကပ်စွာညှိနှိုင်းတွဲဖက်လုပ်ဆောင်ပြီး စစ်မှန်သော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒကို လက်တွေ့ဖော်ဆောင်သွားလိုကြောင်း၊ စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုနှင့် နိုင်ငံတကာ ကုန်သွယ်စီးပွားစည်းစနစ်ကို ကာကွယ်ထိန်းသိမ်းကာ များပြားလှသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ကာကွယ်၍ အရှေ့အလယ်ပိုင်းဒေသနှင့် ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်မှုအား မြှင့်တင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
Mostafa Kamal Madbouly က အီဂျစ်-တရုတ်ဆက်ဆံရေးသည် သမိုင်းကြောင်းကြာရှည်နက်ရှိုင်းပြီး အစဉ်အလာချစ်ကြည်ရင်းနှီးမှုသည် ပြည်သူများစိတ်နှလုံးတွင် စွဲမြဲနေကြောင်း ပြောကြားခဲ့သည်။
လတ်တလောနှစ်ပိုင်းတွင် နှစ်နိုင်ငံခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်၌ အီဂျစ်-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာ အားကောင်းလာပြီး သမိုင်းအရ အကောင်းဆုံးကာလ၌ ရောက်ရှိနေကြောင်း၊ အီဂျစ်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မြဲစွာ လိုက်နာစောင့်ထိန်း၍ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား လေးစားကြောင်း၊ ထိုင်ဝမ်၊ ရှီးဇန့်၊ ဟောင်ကောင်ဒေသ စသည်တို့နှင့် စပ်လျဉ်းသည့် အရေးကိစ္စများတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား ခိုင်မာစွာ ထောက်ခံအားပေးပြီး တရုတ်နိုင်ငံပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်ခြင်းကို ပြတ်သားစွာ ကန့်ကွက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက အီဂျစ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီပေးမှုများကို အီဂျစ်နိုင်ငံက ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစေပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ဘဏ္ဍာရေး၊ စက်မှုလုပ်ငန်း၊ အခြေခံအဆောက်အဦတည်ဆောက်ရေး စသည့် သမားရိုးကျကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ စွမ်းအင်သစ်၊ အစိမ်းရောင်စီးပွားရေး၊ အာကာသ စသည့် ထွန်းသစ်စကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်သွားလိုကြောင်း၊ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှုကို နီးကပ်စွာလုပ်ဆောင်၍ အာဖရိက-တရုတ်၊ အာရပ်-တရုတ် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုများပြားသည့် ရလဒ်များရရှိရန် တွန်းအားပေးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းအရေးကိစ္စများတွင် တရားမျှတ၍ သမာသမတ်ကျသည့် ရပ်တည်ချက်အား အရင်းခံထားမှုကို အီဂျစ်နိုင်ငံအနေဖြင့် များစွာတန်ဖိုးထားချီးကျူးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကုလသမဂ္ဂ၊ BRICS စသည့် နိုင်ငံစုံမူဘောင်အတွင်း၌ ညှိနှိုင်းတွဲဖက်လုပ်ဆောင်မှုကို မြှင့်တင်ကာ ဘုံအကျိုးစီးပွားများကို ကာကွယ်၍ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲပြီးနောက် နှစ်နိုင်ငံဝန်ကြီးချုပ် အတူတကွသက်သေထူမှုဖြင့် e-commerce၊ အစိမ်းရောင် ကာဗွန်လျော့နည်းမှု၊ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ၊ ဘဏ္ဍာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်များစွာအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

——————–
(Chinese Version)
李强同埃及总理马德布利会谈
新华社开罗7月10日电(记者邓玉山 姚兵)当地时间7月10日,国务院总理李强在开罗同埃及总理马德布利举行会谈。
李强表示,中方始终把发展对埃关系放在中国中东外交的优先位置。去年,中埃共同庆祝建立全面战略伙伴关系10周年,习近平主席同塞西总统两度会晤,为中埃关系发展指明了方向。明年,我们又将迎来两国建交70周年。在这承前启后的重要时间节点,中方愿同埃方保持高层密切交往,加强战略对话沟通,夯实政治互信,深化务实合作,在实现现代化的道路上努力相互成就,更好造福两国人民。
李强指出,中方愿同埃方加强发展战略对接,在高质量共建“一带一路”框架下促进投资合作扩容增效,推动双边贸易优化发展,拓展新能源、电动汽车、人工智能、数字经济等新兴领域合作,落实好改善民生项目,打造更多合作亮点和经济新增长点。加强人文交流互鉴,深化文化、旅游、媒体、青年、地方等领域合作,进一步筑牢两国友好合作的民意基础。中方支持埃及在国际和地区事务上发挥更大作用,愿同埃方在联合国、上海合作组织等多边框架内密切协调配合,践行真正的多边主义,维护经济全球化和国际经贸秩序,捍卫广大发展中国家的共同利益,促进中东地区和世界和平稳定。
马德布利表示,埃中关系悠久深厚,传统友好深入人心。近年来,在两国元首引领下,埃中全面战略伙伴关系发展势头强劲,处于历史最好时期。埃及坚定恪守一个中国原则,尊重中国主权和领土完整,在台湾、涉藏、涉港等问题上坚定支持中方立场,坚决反对干涉中国内政。埃方感谢中方为埃及经济社会发展提供的帮助,愿同中方深化政治互信,加强贸易、投资、金融、工业、基础设施建设等传统领域合作,拓展新能源、绿色经济、航天等新兴领域合作,密切人文交流,推动非中、阿中合作取得更多成果。埃方高度赞赏中方在中东问题上秉持公道正义立场,愿同中方加强在联合国、金砖国家等多边框架内的协调配合,捍卫共同利益,维护地区和平稳定。
会谈后,两国总理共同见证签署电子商务、绿色低碳、发展援助、金融、卫生等领域多项合作文件。(完)
图说:当地时间7月10日,国务院总理李强在开罗同埃及总理马德布利举行会谈。 新华社记者 丁海涛 摄