China
တရုတ်-အမေရိကန် “ပင်ပေါင် သံတမန်ဆက်ဆံရေး” ၅၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအား အမေရိကန်နိုင်ငံ လာ့စ်ဗီးဂက်စ်မြို့၌ ကျင်းပ

လာ့စ်ဗီးဂက်စ် (အမေရိကန်)၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
တရုတ်-အမေရိကန် “ပင်ပေါင် သံတမန်ဆက်ဆံရေး (Ping-Pong Diplomacy)” ၅၄ နှစ်ပြည့် အထိမ်းအမှတ်နှင့် တရုတ်-အမေရိကန် စားပွဲတင်တင်းနစ် ချစ်ကြည်ရင်းနှီးစွာ ဖလှယ်မှု အခမ်းအနားကို ဇူလိုင် ၁၃ ရက်တွင် အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လာ့စ်ဗီးဂက်စ်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါကာလအတွင်း ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) US Smash အား ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် တရုတ်ကစားသမားများစွာက ဒေသတွင်းလူနေရပ်ကွက်များသို့ လာရောက်ကာ အမေရိကန် စားပွဲတင်တင်းနစ်အဖွဲ့ အားကစားသမားများ၊ ဒေသတွင်း စားပွဲတင်တင်းနစ် ချစ်မြတ်နိုးသူများနှင့် ချစ်ကြည်ရေး ကူးလူးဖလှယ်လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကာ “ပင်ပေါင် သံတမန်ဆက်ဆံရေး” ၏ သမိုင်းနှင့် လက်တွေ့အနှစ်သာရအကြောင်း အတူတကွ ပြောဆိုခဲ့ကြသည်။
အခမ်းအနားတွင် ဆန်ဖရန်စစ္စကိုမြို့ အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် ကျန်းကျန့်မင်က အမှာစကား ပြောကြားရာ၌ “ပင်ပေါင် သံတမန်ဆက်ဆံရေး” သည် ယခင်က တရုတ်-အမေရိကန်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာကြီးငြိမ်းချမ်းမှုအတွက် သမိုင်းအကျိုးဆောင်ခဲ့ရုံသာမက ၎င်းဖော်ပြနေသည့် စိတ်ဓာတ်သည်လည်း ယနေ့အချိန်အခါ၌ ကြီးမားသော အနက်အဓိပ္ပာယ် ရှိနေဆဲဖြစ်ပြီး လူများက “လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှု တိုးမြှင့်ရန်၊ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရန်၊ သာယာလှပသော အနာဂတ်မနက်ဖြန် အတူဖန်တီးရန်” အားပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
“လက်ရှိ တရုတ်-အမေရိကန်ဆက်ဆံရေးရဲ့ များပြားခက်ခဲလှသော စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ ကျွန်တော်တို့က ‘ပင်ပေါင် သံတမန်ဆက်ဆံရေး’ စိတ်ဓာတ်ကို တိုးတက်အောင် လုပ်ဆောင်ဖို့ ပိုလိုပါတယ်။ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်၍ ဘုံအကျိုးစီးပွား ဖော်ဆောင်မှုကို ကိုင်စွဲထားပြီး အားကစား၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကုန်သွယ်စီးပွားရေး စတဲ့ကဏ္ဍအသီးသီးမှာ ပိုမိုများပြားတဲ့ ကူးလူးဖလှယ်မှု ပလက်ဖောင်းတွေ တည်ဆောက်ရပါမယ်။ ခေတ်သစ် ‘ပင်ပေါင် သံတမန်ဆက်ဆံရေး’ ရဲ့ကောင်းမွန်တဲ့စာမျက်နှာသစ် အတူရေးသားပြီး တရုတ်-အမေရိကန်ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ စဉ်ဆက်မပြတ်တိုးတက်ရေးအတွက် အကျိုးထမ်းဆောင်မှုအသစ်တွေ လုပ်ဆောင်ပေးရပါမယ်” ဟု ၎င်းက အလေးထား ပြောကြားခဲ့သည်။
အမေရိကန် စားပွဲတင်တင်းနစ်အသင်း (US Table Tennis) အမှုဆောင်အရာရှိချုပ် စိန်ဝေနီက အမှာစကားပြောကြားရာ၌ “အားကစားမှာ အားကောင်းတဲ့အင်အားတစ်မျိုးရှိပြီး လူတွေအကြားက ဝေးကွာမှုကို နီးစပ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ၎င်းက ဘာသာစကားနဲ့ ယဉ်ကျေးမှုကို ကျော်လွန်နိုင်ပြီး အသေးငယ်ဆုံး ဘောလုံးလေးကတောင် ချစ်ကြည်ရင်းနှီးမှုနဲ့ နားလည်မှုဆိုတဲ့ အလေးချိန်ကို သယ်ဆောင်နိုင်မှန်း ကျွန်မတို့ကို အသိပေးနေပါတယ်” ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ စားပွဲတင်တင်းနစ်အသင်း ဥက္ကဋ္ဌ ဝမ်လိချင်က ယခုအကြိမ်တွင် တရုတ်နိုင်ငံ စားပွဲတင်တင်းနစ်အသင်းက ပြိုင်ပွဲဝင်နေသည့် အားလပ်ချိန်အတွင်း အမေရိကန် ဒေသတွင်း စားပွဲတင်တင်းနစ် ချစ်မြတ်နိုးသူများ၊ လူငယ်များနှင့် အပြန်အလှန် ဖလှယ်မှုလုပ်ဆောင်ကာ စားပွဲတင်တင်းနစ် ကစားခြင်း၏ ပျော်ရွှင်မှုများကို အတူတကွ လက်တွေ့ခံစားမှုသည် ယှဉ်ပြိုင်မှုအားကစားနှင့် အရပ်ဘက် သွားလာဆက်ဆံမှုတို့ အပြန်အလှန်မြှင့်တင်သည့် သက်ဝင်လှုပ်ရှားသော လက်တွေ့ဖော်ဆောင်ချက် ဖြစ်သည့်အပြင် “ပင်ပေါင် သံတမန်ဆက်ဆံရေး” စိတ်ဓာတ်အား လက်ဆင့်ကမ်းဆက်ခံမှုလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက အမေရိကန်လူငယ်ကစားသမားများ တရုတ်နိုင်ငံသို့ ကူးလူးဖလှယ် လေ့လာရေးခရီးစဉ်လာရောက်ပြီး တရုတ်နိုင်ငံမှ ကစားသမားများနှင့် ယှဉ်ပြိုင်ကစားကာ သံယောဇဉ်မြှင့်တင်ရန်၊ “ငွေရောင်ဘောလုံးလေးကို ချည်နှောင်ကြိုးအဖြစ် ဆက်လက်ထားရှိပြီး ချစ်ကြည်ရေး လက်ဆင့်ကမ်းကာ တရုတ်-အမေရိကန် အရပ်ဘက် သွားလာဆက်ဆံမှု အကြောင်းအရာအသစ်တွေ ဆက်လက်ရေးသားသွားရန်” ဖိတ်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)

အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လာ့စ်ဗီးဂက်စ်မြို့တွင် ကျင်းပသော တရုတ်-အမေရိကန် “ပင်ပေါင် သံတမန်ဆက်ဆံရေး” ၅၄ နှစ်ပြည့် အထိမ်းအမှတ်နှင့် တရုတ်-အမေရိကန် စားပွဲတင်တင်းနစ် ချစ်ကြည်ရင်းနှီးစွာ ဖလှယ်မှု အခမ်းအနားအား ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
中美“乒乓外交”54周年纪念活动在拉斯维加斯举行
新华社美国拉斯维加斯7月13日电(记者黄恒)纪念中美“乒乓外交”54周年暨中美乒乓球友好交流活动13日在美国内华达州拉斯维加斯举行。正在此间参加世界乒乓球职业大联盟(WTT)美国大满贯赛的多名中国球员走入当地社区,与美国乒乓球队运动员和当地乒乓球爱好者开展友谊交流,共话“乒乓外交”的历史和现实意义。
中国驻旧金山总领事张建敏在活动现场发表讲话说,“乒乓外交”不仅在当年为中美关系发展和世界和平作出历史贡献,它所体现的精神在今天依然有重要意义,激励人们“加强人文交流,增进人民友好,共创美好明天”。
他强调说:“面对当前中美关系的诸多严峻挑战,我们更需要弘扬‘乒乓外交’精神,坚持相互尊重、和平共处、合作共赢,在体育、文化、教育、经贸等各领域搭建更多交流平台,共同书写新时代‘乒乓外交’的精彩篇章,为中美关系稳定健康可持续发展作出新贡献。”
美国乒协首席执行官沈伟妮在致辞中说,“体育拥有一种强大的力量,能够拉近人与人之间的距离。它跨越语言和文化,提醒我们即使是最小的球也能承载友谊和理解的重量。”
中国乒协主席王励勤表示,本次中国乒乓球队在参赛之余,与美国本地乒乓球爱好者和青少年互动交流,共同体验乒乓球的快乐,正是竞技体育与民间交往相互促进的生动实践,也是对“乒乓外交”精神的传承。他还邀请美国青少年球员到中国交流访问,与中国小球员切磋球技、增进情感,“继续以银球为纽带,传承友谊,续写中美民间交往的新故事”。(完)
图说1、2:这是7月13日在美国内华达州拉斯维加斯拍摄的纪念中美“乒乓外交”54周年暨中美乒乓球友好交流活动现场。新华社发(邱晨摄)