International Organizations
မက်ဆီ၏ သွင်းဂိုးနှစ်ဂိုးနှင့်အတူ အင်တာမိုင်ယာမီက ရက်ဒ်ဘူးစ်ကို ဂိုးပြတ်အနိုင်ရရှိ

နယူးယောက်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
ဇူလိုင် ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မေဂျာလိဂ်ဘောလုံးပြိုင်ပွဲတွင် အင်တာမိုင်ယာမီအသင်းက နယူးယောက် ရက်ဒ်ဘူးစ်အသင်းအား တစ်ဂိုးရှုံးနေရာမှ နောက်မှလိုက်ကစားကာ ၅-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူခဲ့ပြီး အင်တာမိုင်ယာမီအသင်းအတွက် လီယွန်နယ် မက်ဆီက ကိုယ်တိုင် နှစ်ဂိုးသွင်းယူကာ တစ်ဂိုးဖန်တီးပေးခဲ့သည်။အီမီလ် ဖောစ်ဘာ့ဂ်၏ ထောင့်ကန်ဘော ကန်တင်ပေးမှုမှတစ်ဆင့် ဂျာမနီနောက်ခံလူ အလက်ဇန်းဒါး ဟက်ခ်က အနီးတိုင်ဆီသို့ အပြင်းကန်သွင်းကာ အိမ်ရှင်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ထို့နောက် မက်ဆီက ဘာစီလိုနာ အသင်းဖော်ဟောင်း ဂျော်ဒီ အယ်လ်ဘာ၏ ပြေးလမ်းကြောင်းထဲသို့ အနေတော်မျှောထိုးပေးခဲ့ရာ အယ်လ်ဘာက တစ်ချက်ထိန်း၍ အဝေးထောင့်ဆီသို့ အပြင်းကန်သွင်းကာ ချေပဂိုးသွင်းယူခဲ့သည်။
သုံးမိနစ်အကြာတွင် အယ်လ်ဘာက ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီး ၎င်း၏ ဂိုးဧရိယာထဲသို့ ပြန်ချိုးပေးမှုကို တယ်လက်စ်ကို ဆီဂိုဗီယာက ရှစ်ကိုက်အကွာမှ ဂိုးသွင်းယူခဲ့သည်။
အင်တာမိုင်ယာမီက ရုတ်ခြည်း တိုက်စစ်အရှိန် မြှင့်တင်ခဲ့ရာ ပထမပိုင်းမပြီးဆုံးမီတွင် ဗင်နီဇွဲလား ကွင်းလယ်လူ ဆီဂိုဗီယာက လျှံထွက်လာသည့် ဘောလုံးကို ဂိုးပေါက်နှင့် ခပ်လှမ်းလှမ်းအကွာမှ ပိတ်သွင်းနိုင်ခဲ့သဖြင့် အင်တာမိုင်ယာမီက ၃-၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဆာဂျီယို ဘူးစကွက်စ် အင်တာမိုင်ယာမီ ကွင်းဘက်ခြမ်းမှ ပြိုင်ဘက်ခံစစ်ကြောင်းကိုကျော်ကာ ခင်းပေးလိုက်သည့် ဘောလုံးကို မက်ဆီက အလိုက်သင့်ပြေးထွက်၍ ဂိုးသမား ကားလို့စ် ကိုရိုနယ်လ်ကို ကျော်ဖြတ်ကာ ဂိုးသမားမရှိတော့သည့် ဂိုးပေါက်ထဲသို့ အသာအယာ ကန်သွင်းယူခဲ့သည်။
ဖလော်ရီဒါ အခြေစိုက် အင်တာမိုင်ယာမီ ကလပ်အသင်းအနေဖြင့် ပွဲချိန် ၇၅ မိနစ်တွင် ပွဲသိမ်းအနိုင်ဂိုး သွင်းယူခဲ့ပြီး လူးဝစ်စ် ဆွာရက်ဇ်၏ ဖြတ်တင်ဘောပေးပို့မှုအား မက်ဆီက ရင်ဘတ်ဖြင့်ထိန်းကာ ဂိုးဘယ်ဘက် အပေါ်ထောင့်ထဲသို့ ကန်သွင်းခဲ့ခြင်းဖြစ်သည်။

ဘလွန်းဒီအော်ဆု ရှစ်ကြိမ်ရရှိထားသော မက်ဆီအနေဖြင့် နောက်ဆုံးကစားခဲ့သည့် ပွဲစဉ်ခုနစ်ပွဲအနက် ခြောက်ပွဲတွင် အနည်းဆုံး သွင်းဂိုးနှစ်ဂိုး ရယူနိုင်ခဲ့သလို ယခုနှစ် မေဂျာလိဂ်ပြိုင်ပွဲတွင် ၁၈ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၈ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်နိုင်ခဲ့သည်။
အင်တာမိုင်ယာမီနည်းပြ ဟာဗီးယား မာရှေရာနိုက အဆိုပါ ပွဲစဉ်အပြီးတွင် မက်ဆီအား ချီးကျူးခဲ့ပြီး မက်ဆီအနေဖြင့် သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမား တစ်ဦးဖြစ်ကြောင်း ထပ်မံသက်သေပြခဲ့သည်ဟု ပြောကြားခဲ့သည်။
ယခုပွဲရလဒ်ကြောင့် အင်တာမိုင်ယာမီအသင်းက ရမှတ် ၄၁ မှတ် ရရှိထားကာ Eastern Conference တွင် အဆင့်-၅ ၌ ရပ်တည်နေပြီး အမှတ်ပေးဇယားဦးဆောင်သူ စင်စင်နတီနှင့် ခုနစ်မှတ် ကွာဟနေသော်လည်း သုံးပွဲကစားရန် ကျန်ရှိနေသေးသည်။ နယူးယောက် ရက်ဒ်ဘူးစ်အသင်းကမူ အင်တာမိုင်ယာမီနှင့် ရှစ်မှတ်အကွာ အဆင့်-၉ ၌ ရပ်တည်နေကြောင်း သိရသည်။ (Xinhua)
………………………………………………
(English Version)
Messi brace powers Miami past Red Bulls
NEW YORK, July 19 (Xinhua) — Lionel Messi scored two goals and set up another as Inter Miami recovered from a goal down to crush New York Red Bulls 5-1 in the MLS on Saturday.
German defender Alexander Hack gave the hosts the lead by volleying home from Emil Forsberg’s corner at the near post.
Messi then sent a sublime through ball into the path of his former Barcelona teammate Jordi Alba, who took a touch before rifling a shot into the far corner.
Alba turned provider three minutes later as his cut-back allowed Telasco Segovia to fire in a first-time effort from eight yards.
Inter Miami was suddenly in overdrive and Venezuelan midfielder Segovia made it 3-1 just before halftime as he pounced on a loose ball to slot home from distance.
Messi extended his side’s lead by running onto Sergio Busquets’ defense-splitting pass from deep inside his own half and rounding goalkeeper Carlos Coronel before rolling the ball into an unguarded net.
The Florida outfit completed the rout in the 75th minute when Messi chested down Luis Suarez’s cross and smashed his shot into the top-left corner.
Messi has now scored at least twice in six of his past seven matches. The eight-time Ballon d’Or winner now has 18 goals and seven assists in 18 MLS outings this year.
Inter Miami manager Javier Mascherano heaped praise on Messi after the match, saying the Argentine proved yet again why he is one of the greatest players in history.
The result leaves Inter Miami fifth in the Eastern Conference with 41 points, seven points behind leaders Cincinnati but with three games in hand. New York Red Bulls are ninth, eight points further back. ■