Connect with us

North America

ထရမ့်အစိုးရက အီလွန်မက်စ်ကုမ္ပဏီစာချုပ်များကို စစ်ဆေးဟု အမေရိကန်မီဒီယာ ဖော်ပြ

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့်က သတင်းထောက်များ၏ မေးမြန်းမှုအား ဖြေကြားနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်နှင့် ဘီလျံနာသူဌေးကြီး အီလွန်မက်စ် ဆက်ဆံရေး ခွာပြဲပြီးနောက် ထရမ့်အစိုးရက အီလွန်မက်စ်၏ အာကာသစူးစမ်းလေ့လာရေးနည်းပညာကုမ္ပဏီ (SpaceX) နှင့် ဖက်ဒရယ်အစိုးရဌာနများအကြား ချုပ်ဆိုထားသည့် စာချုပ်များကို စတင်စစ်ဆေးနေပြီဖြစ်ကြောင်း အမေရိကန် မီဒီယာက ဇူလိုင် ၂၀ ရက်တွင် ဖော်ပြထားသည်။

အမေရိကန် အထွေထွေရေးရာ စီမံခန့်ခွဲမှုဌာန (GSA) က ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန စသည့် အစိုးရဌာနများအား ဇယားဖြည့်စွက်ရေးသား၍ ၎င်းတို့နှင့် SpaceX ၏ ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို အစီရင်ခံတင်ပြရန်၊ တူညီသောလုပ်ငန်းကို လုပ်ငန်းတူပြိုင်ဖက်များက ပို၍ ထိရောက်မှုမြင့်မားစွာ ဆောင်ရွက်နိုင်မှုရှိ၊ မရှိကို လေ့လာရန် တောင်းဆိုခဲ့ကြောင်း အမေရိကန် The Wall Street Journal ၏ သတင်းတွင် ဖော်ပြထားသည်။

SpaceX သည် ဒုံးပျံလွှတ်တင်ခြင်းနှင့် ပတ်လမ်းနိမ့် ဂြိုဟ်တု ဝန်ဆောင်မှုကဏ္ဍတွင် ဦးဆောင်သည့် အနေအထား ရှိခြင်းကြောင့် အစိုးရစာချုပ်အများစုမှာ ဖျက်သိမ်းရန် ခဲယဉ်းသည်ဟု ကနဦးသုံးသပ်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။

ထိုမတိုင်မီ ထရမ့်က ဖက်ဒရယ်အသုံးစရိတ်အား လျှော့ချရန် အလွယ်ကူဆုံးနည်းလမ်းမှာ အီလွန်မက်စ် ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် အစိုးရစာချုပ်များကို “အဆုံးသတ်ခြင်း” ဖြစ်ကြောင်း လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြထားသည်။

အီလွန်မက်စ်သည် ၂၀၂၄ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ထရမ့်အား အစွမ်းကုန် ထောက်ခံအားပေးခဲ့သော်လည်း ယခုကာလများတွင် နှစ်ဖက်အနေဖြင့် “ကြီးမြတ်၍ တင့်တယ်လှပမှု” အခွန်စည်းကြပ်မှုနှင့် အသုံးစရိတ် ဥပဒေ စသည့် ကိစ္စရပ်များတွင် ဆိုးရွားသည့် ကွဲလွဲမှုများဖြစ်ပွားခဲ့ရာ “စကားများ အချင်းပွားမှု” အကြီးအကျယ် ဖြစ်ခဲ့သည်။ (Xinhua)
——————-
(Chinese Version)
美媒:特朗普政府审查马斯克公司合同
新华社华盛顿7月20日电(记者颜亮)据美媒20日报道,美国总统特朗普与亿万富翁马斯克关系破裂后,特朗普政府已开始审查马斯克的太空探索技术公司(SpaceX)与多个联邦政府机构之间的合同。
美国《华尔街日报》报道说,美国总务管理局要求国防部、国家航空航天局等多家政府机构填写表格,报告其与SpaceX的合作情况,并了解同业竞争对手能否更为高效地完成同样的工作。初步评估显示,由于SpaceX在火箭发射和低轨卫星服务方面处于主导地位,大多数政府合同难以取消。
此前,特朗普在社交媒体上表示,节省联邦开支最简单的方法就是“终止”与马斯克公司签署的政府合同。
马斯克曾在2024年美国总统选举中全力支持特朗普,但近期双方围绕“大而美”税收和支出法案等问题产生严重分歧,大打“口水仗”。(完)
1. 7月15日,美国总统特朗普在华盛顿白宫回答记者提问。新华社记者 胡友松 摄