Connect with us

China

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ချွမ်ကျိုးမြို့တွင် ဒစ်ဂျစ်တယ်နည်းပညာက သမာရိုးကျစက်မှုလုပ်ငန်းများကို စွမ်းအားမြှင့်တင်ပေး၊ ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စွမ်းအားအသစ်များ လှုံ့ဆော်ပေး

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ချွမ်ကျိုးမြို့ရှိ Macrochip Technology Co., Ltd. ချိ(ပ်)ထုတ်လုပ်ရေး အလုပ်ရုံတွင် အလုပ်နေသော ဝန်ထမ်းအား ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချွမ်ကျိုး၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
မကြာသေးမီနှစ်များအတွင်း ပုဂ္ဂလိကစီးပွားရေး အဓိကအချက်အချာနေရာဖြစ်သည့် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ချွမ်ကျိုးမြို့သည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို အဓိကထားလျက် နည်းပညာဆန်းသစ်တီထွင်မှုဖြင့် စက်မှုလုပ်ငန်းများ၏ အရည်အသွေး၊ ထိရောက်မှု မြှင့်တင်တိုးတက်စေကာ သမာရိုးကျစက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ရေးအတွက် ရေရှည်တည်တံ့သော အထောက်အပံ့များကို ပံ့ပိုးပေးခဲ့ပြီး “ထုတ်လုပ်မှု” မှ “စမတ်ထုတ်လုပ်မှု” သို့ အသွင်ပြောင်းနိုင်ခဲ့သလို ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေး စွမ်းအားအသစ်များကို လှုံ့ဆော်ပေးခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ချွမ်ကျိုးမြို့၏ ဒစ်ဂျစ်တယ်စီးပွားရေး ယေဘုယျပမာဏသည် ယွမ် ၇၀၀ ဘီလီယံကျော်ရှိပြီး ၎င်း GDP ၏ ၅၆ ရာခိုင်နှုန်းကျော်ရှိကြောင်း စာရင်းအင်းများအရ သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ချွမ်ကျိုးမြို့ရှိ Lianxingfa Knitting Co., Ltd. ၏ ဓာတ်ခွဲခန်းတွင် ဝန်ထမ်းတစ်ဦးက Lycra ပိတ်စများ စမ်းသပ်နေသည်ကို ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………
(Chinese Version)
福建泉州:数字赋能传统产业 激活民企发展新动能
新华社照片,泉州,2025年7月25日
近年来,作为民营经济重镇的福建省泉州市,以数字化转型为抓手,通过技术创新推动产业提质增效,为传统产业升级提供可持续支撑,实现“制造”向“智造”转型,激活民企发展新动能。 据统计,2024年泉州市数字经济总体规模超7000亿元,占GDP比重超过56%。
图说1:7月24日,工人在宏芯科技(泉州)有限公司硅光芯片生产车间进行作业。 新华社记者 魏培全 摄
图说2:7月24日,工作人员在泉州联兴发针织织造有限公司的莱卡面料—联兴发检测中心和共享实验室检测面料。新华社记者 魏培全 摄