Connect with us

China

ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခနှင့် စပ်လျဉ်း၍ သတင်းထောက်မေးမြန်းမှုအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖြေကြား

ထိုင်းနိုင်ငံ Ubon ပြည်နယ်ရှိ ပဋိပက္ခအတွင်း ပျက်စီးခဲ့သော နေအိမ်ကို ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်သည် ဇူလိုင် ၂၇ ရက်တွင် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခနှင့် စပ်လျဉ်း၍ သတင်းထောက်မေးမြန်းမှုအား ဖြေကြားခဲ့သည်။

သတင်းထောက်က နိုင်ငံတကာအသိုင်းအဝိုင်းက အပစ်ရပ်ရန် ညှိနှိုင်းပေးသည့်အခြေအနေတွင် ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် မကြာသေးမီရက်ပိုင်းက အပစ်ရပ်၍ စစ်ပွဲရပ်တန့်ရန် အပြုသဘောဆောင်သောဆန္ဒများအား ဖော်ပြခဲ့ကြောင်း၊ သို့သော် လက်ရှိတွင် ပစ်ခတ်မှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ ရပ်တည်ချက်ထားရှိသနည်းဟု မေးမြန်းခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် ပြောင်းရွှေ့၍မရသော အိမ်နီးချင်းများဖြစ်သလို တရုတ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများလည်းဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် သင့်မြတ်၍ အပြန်အလှန်ယုံကြည်မှုအား လက်ကိုင်ထားခြင်း၊ သဘောထားကွဲလွဲမှုများကို လျော်ကန်စွာ စီမံထိန်းချုပ်ခြင်းသည် ကမ္ဘောဒီးယား-ထိုင်း နှစ်ဖက်၏ အခြေခံ၊ ရေရှည်အကျိုးစီးပွားနှင့် ကိုက်ညီသလို ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအတွက်လည်း အကျိုးပြုကြောင်း ပြောကြားခဲ့သည်။

ပဋိပက္ခကြောင့် ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံပြည်သူများ သေဆုံးဒဏ်ရာရမှုဖြစ်ပွားခြင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် များစွာဝမ်းနည်းကြေကွဲရကာ နှစ်သိမ့်အားပေးပါကြောင်း၊ နှစ်ဖက်က နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားရှုထောင့်မှ သဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းရေးကို တန်ဖိုးထားခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးခြင်း စိတ်ဓာတ်ကို အရင်းခံကာ တည်ငြိမ်စွာနှင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်၍ အမြန်ဆုံးအပစ်ရပ်ကာ စစ်ပွဲရပ်တန့်ရန်၊ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုဖြင့် သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်၊ နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်မှုအား ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ရန် မျှော်လင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် အာဆီယံ၏ အရေးကြီးအဖွဲ့ဝင်များဖြစ်ကြောင်း၊ အာဆီယံသည် ရက်ပေါင်းများစွာ ဆက်တိုက်ကမ္ဘောဒီးယား-ထိုင်း အပစ်ရပ်ရေးအား တက်ကြွစွာ တွန်းအားပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် တန်ဖိုးထားချီးကျူးပြီး အခြေအနေ အရှိန်လျော့ကျမှုအတွက် အကျိုးပြုသည့် ကြိုးပမ်းမှုအားလုံးအား ကြိုဆိုပါကြောင်း၊ တရုတ်နိုင်ငံက တရားမျှတသည့် ရပ်တည်ချက်အား လက်ကိုင်ထား၍ ကမ္ဘောဒီးယား၊ ထိုင်းဘက်တို့နှင့်‌ နီးကပ်စွာ ချိတ်ဆက်ညှိနှိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုအား တက်ကြွစွာတွန်းအားပေးခြင်းဖြင့် အပစ်ရပ်မှုနှင့် စစ်ပွဲရပ်တန့်မှုအား တွန်းအားပေးရန်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua)

ကမ္ဘောဒီးယားနိုင်ငံ Oddar Meanchey ပြည်နယ်ရှိ ယာယီနေရာချထားရေးစခန်းတွင် အနားယူနေသူများအား ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
外交部发言人就柬泰边境冲突答记者问
新华社北京7月27日电 外交部发言人27日就柬泰边境冲突答记者问。
有记者问:在国际社会调停下,柬埔寨和泰国近日均表达了停火止战的积极意愿,但现地交火目前仍在持续。中方对此有何立场?
发言人说,柬埔寨和泰国是搬不走的邻居,也都是中国的友好邻邦。坚持睦邻互信、妥善管控分歧,符合柬泰双方根本和长远利益,有利于地区和平与稳定。中方对冲突造成柬、泰两国民众伤亡深感痛心,并表示诚挚慰问。希望双方从两国人民的共同利益出发,秉持以和为贵、与邻为善的精神,保持冷静克制,尽快停火止战,通过对话协商和平解决分歧,早日恢复边境地区和平稳定。
发言人表示,柬、泰都是东盟重要成员。连日来,东盟方面积极推动柬泰停火,中方对此表示赞赏,欢迎一切有利于缓局降温的努力。中方将秉持公道公允立场,继续同柬、泰保持密切沟通,积极劝和促谈,为推动停火止战发挥建设性作用。(完)
1、这是7月25日在泰国乌汶府拍摄的在冲突中受损的民居。新华社发
2、7月25日,人们在柬埔寨奥多棉吉省的一处避难所休息。新华社发(尼多拉摄)